YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 2:1-8

ဖိလိပ္ပိ 2:1-8 Judson Bible (JBMLE)

ထို​ကြောင့် ခ​ရစ်​တော်၌​သက်​သာ​ခြင်း၊ မေ​တ္တာ​နှင့်​စပ်​ဆိုင်​သော ချမ်း​သာ​ခြင်း၊ ဝိ​ညာဉ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သ​နား​စုံ​မက်​ခြင်း​တည်း​ဟူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊- သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ၍၊ စိတ်​မ​ကွဲ​ပြား​ဘဲ တစ်​လုံး​တစ်​ဝ​တည်း ကြံ​စည်​ခြင်း​နှင့်​တ​ကွ၊ သ​ဘော​တ​ညီ​တ​ညွတ်​တည်း ရှိ​သော​အား​ဖြင့်၊ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ကို စုံ​လင်​စေ​ကြ​လော့။- ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကိုမျှ မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။- ကိုယ်​အ​မှု​အ​ရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အ​မှု​အ​ရာ​ကို အ​ချင်း​ချင်း​ရှု​မှတ်​ကြ​လော့။- ယေ​ရှု​ခ​ရစ်၌​ရှိ​သော ထို​စိတ်​သ​ဘော​ကို သင်​တို့၌​လည်း ရှိ​စေ​ကြ​လော့။- ထို​သ​ခင်​သည် ဘု​ရား​သ​ခင်၏ သ​ဏ္ဌာန်​တော်​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​နှင့် ပြိုင်​သော​အ​မှု​ကို လု​ယူ​ခြင်း​အ​မှု​ဟူ၍ မ​ထင်​မ​မှတ်​လျက်​ပင်၊- မိ​မိ​အ​သ​ရေ​ကို​စွန့်၍ အ​စေ​ခံ​ကျွန်၏​သ​ဏ္ဌာန်​ကို ယူ​ဆောင်​လျက်၊ လူ​ကဲ့​သို့​သော​အ​ဖြစ်၌ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ၏။- ထို​သို့ လူ၏ ဂုဏ်​အင်္ဂါ​လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​လျက်၊ အ​သေ​ခံ​ခြင်း​သာ​မ​ဟုတ်၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ခြင်း​တိုင်​အောင် အ​စေ​ကျွန်​ခံ၍ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​တော်​မူ၏။

ဖိလိပ္ပိ 2:1-8 Common Language Bible (BCL)

သင်​တို့​သည်​ခ​ရစ်​တော်​၌​အ​သက်​ရှင်​ခြင်း အား​ဖြင့်​ခွန်​အား​ရ​ရှိ​ကြ​၏။ ကိုယ်​တော်​၏ မေတ္တာ​တော်​သည်​သင်​တို့​အား​နှစ်​သိမ့်​ခြင်း​ကို ပေး​၏။ သင်​တို့​သည်​ဝိညာဉ်​တော်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​ခွင့်​ကို​ရ​ရှိ​ကြ​၏။ သင်​တို့​တွင်​အ​ချင်း​ချင်း သ​နား​ကြင်​နာ​စိတ်​ရှိ​ကြ​၏။- သို့​ဖြစ်​၍​သင်​တို့​သည်​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ ခြင်း၊ အ​ချင်း​ချင်း​ချစ်​ခြင်း၊ စိတ်​သဘော​တ​ညီ တ​ညွတ်​တည်း​ရှိ​ခြင်း​အား​ဖြင့်​ငါ့​အား​အ​ကြွင်း မဲ့​ဝမ်း​မြောက်​စေ​ကြ​လော့။- ကြွား​ဝါ​လို​သော​စိတ်၊ ကျော်​စော​ကိတ္တိ​ကို​တပ်​မက် သော​စိတ်​တို့​ဖြင့်​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ကြ နှင့်။ သူ​တစ်​ပါး​သည်​မိ​မိ​ထက်​သာ​သည်​ဟု အ​စဉ်​ယူ​ဆ​လျက်​စိတ်​နှိမ့်​ချ​ကြ​လော့။- မိ​မိ​၏​အ​ကျိုး​ကို​သာ​မ​ရှာ​ဘဲ​အ​ချင်း​ချင်း ၏​အ​ကျိုး​ကို​ရှာ​ကြ​လော့။- ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော​စိတ်​သ​ဘော​မျိုး ကို​သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။ ကိုယ်​တော်​သည်​ဘု​ရား​ဇာ​တိ​တော်​နှင့် ထာ​ဝ​စဉ်​ပြည့်​စုံ​တော်​မူ​၏။ သို့​ရာ​တွင်​အ​ဋ္ဌမ္မ​နည်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့် ဂုဏ်​ရည်​တူ​ရန်​ကြိုး​စား​သင့်​သည်​ဟု ထင်​မှတ်​တော်​မ​မူ။ ယင်း​သို့​ပြု​မည့်​အ​စား​မိ​မိ​အ​လို​အ​လျောက် ဘုန်း​အ​သ​ရေ​တော်​ရှိ​သ​မျှ​ကို​စွန့်​၍ အ​စေ​ခံ​၏​ဇာ​တိ​ကို​ခံ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ့​အ​သွင်​ကို​ယူ​ဆောင်​၍ လူ​ကဲ့​သို့​သော​အ​ဖြစ်​ကို​ခံ​ယူ​တော်​မူ​ပေ​သည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​လက်​ဝါး​ကပ် တိုင်​ပေါ်​တွင် အ​သေ​ခံ​သည့်​တိုင်​အောင်၊နာ​ခံ​ခြင်း​လမ်း​စဉ်​ကို လိုက်​လျှောက်​တော်​မူ​၏။

ဖိလိပ္ပိ 2:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် သင်​တို့​တွင် ခရစ်တော်​၌​တိုက်တွန်း​အားပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်သိမ့်​ခြင်း၊ ဝိညာဉ်​တော်​အားဖြင့်​မိတ်သဟာယ​ဖွဲ့​ခြင်း၊ ကြင်နာ​ခြင်း​နှင့် သက်ညှာ​ခြင်း​တို့ တစ်စုံတစ်ရာ​ရှိ​လျှင် တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ စိတ်ဝမ်း​မ​ကွဲ​ဘဲ တူညီ​သော​မေတ္တာ​ရှိ​လျက် စိတ်​တစ်လုံးတစ်ဝတည်း​ဖြစ်​ခြင်း​အားဖြင့် ငါ​၏​ဝမ်းမြောက်​ခြင်း​ကို ပြည့်စုံ​စေ​ကြ​လော့။ မည်သည့်​အမှု​ကို​မျှ တုပြိုင်​လို​သော​စိတ်​နှင့်​လည်းကောင်း၊ အချည်းနှီး​ကျော်စော​လို​သော​စိတ်​နှင့်​လည်းကောင်း မ​ပြု​ဘဲ နှိမ့်ချ​သော​စိတ်​ရှိ​လျက် သူတစ်ပါး​တို့​သည် မိမိ​တို့​ထက် ထူးမြတ်​သည်​ဟု မှတ်ယူ​ကြ​လော့။ သင်​တို့​တစ်ဦးစီ​သည် မိမိ​အကျိုး​ကို​သာ​မ​ကြည့်ရှု​ဘဲ သူတစ်ပါး​၏​အကျိုး​ကို​လည်း ကြည့်ရှု​ကြ​လော့။ ခရစ်တော်​ယေရှု​၌​ရှိ​သော ထို​စိတ်သဘော​မျိုး​ကို သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။ ခရစ်တော်​သည် ဘုရားသခင်​၏​အသွင်​သဏ္ဌာန်​ရှိ​သော်လည်း ဘုရားသခင်​နှင့်​တန်းတူ​ဖြစ်​ခြင်း​ကို ဆုပ်ကိုင်​ထား​ရ​မည့်​အရာ​ဟု မ​မှတ်ယူ​ဘဲ မိမိ​အသရေ​ကို​စွန့်​၍ အစေအပါး​၏​အသွင်​သဏ္ဌာန်​ကို​ဆောင်​ကာ လူ​တို့​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​၏။ ကိုယ်တော်​သည် လူ​ကဲ့သို့သော​ပုံပန်း​သဏ္ဌာန်​၌ ပေါ်ထွန်း​တော်မူ​၍ မိမိကိုယ်ကို​နှိမ့်ချ​ကာ လက်ဝါးကပ်တိုင်​ပေါ်၌​အသေခံ​ခြင်း​ဟူသည့် အသေခံ​ခြင်း​တိုင်အောင် နာခံ​တော်မူ​၏။