YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိသြဝါဒစာ 2:1-8

ဖိလိပ္ပိသြဝါဒစာ 2:1-8 MSBU

ထို့ကြောင့် သင်​တို့​တွင် ခရစ်တော်​၌​တိုက်တွန်း​အားပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်သိမ့်​ခြင်း၊ ဝိညာဉ်​တော်​အားဖြင့်​မိတ်သဟာယ​ဖွဲ့​ခြင်း၊ ကြင်နာ​ခြင်း​နှင့် သက်ညှာ​ခြင်း​တို့ တစ်စုံတစ်ရာ​ရှိ​လျှင် တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ စိတ်ဝမ်း​မ​ကွဲ​ဘဲ တူညီ​သော​မေတ္တာ​ရှိ​လျက် စိတ်​တစ်လုံးတစ်ဝတည်း​ဖြစ်​ခြင်း​အားဖြင့် ငါ​၏​ဝမ်းမြောက်​ခြင်း​ကို ပြည့်စုံ​စေ​ကြ​လော့။ မည်သည့်​အမှု​ကို​မျှ တုပြိုင်​လို​သော​စိတ်​နှင့်​လည်းကောင်း၊ အချည်းနှီး​ကျော်စော​လို​သော​စိတ်​နှင့်​လည်းကောင်း မ​ပြု​ဘဲ နှိမ့်ချ​သော​စိတ်​ရှိ​လျက် သူတစ်ပါး​တို့​သည် မိမိ​တို့​ထက် ထူးမြတ်​သည်​ဟု မှတ်ယူ​ကြ​လော့။ သင်​တို့​တစ်ဦးစီ​သည် မိမိ​အကျိုး​ကို​သာ​မ​ကြည့်ရှု​ဘဲ သူတစ်ပါး​၏​အကျိုး​ကို​လည်း ကြည့်ရှု​ကြ​လော့။ ခရစ်တော်​ယေရှု​၌​ရှိ​သော ထို​စိတ်သဘော​မျိုး​ကို သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။ ခရစ်တော်​သည် ဘုရားသခင်​၏​အသွင်​သဏ္ဌာန်​ရှိ​သော်လည်း ဘုရားသခင်​နှင့်​တန်းတူ​ဖြစ်​ခြင်း​ကို ဆုပ်ကိုင်​ထား​ရ​မည့်​အရာ​ဟု မ​မှတ်ယူ​ဘဲ မိမိ​အသရေ​ကို​စွန့်​၍ အစေအပါး​၏​အသွင်​သဏ္ဌာန်​ကို​ဆောင်​ကာ လူ​တို့​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​၏။ ကိုယ်တော်​သည် လူ​ကဲ့သို့သော​ပုံပန်း​သဏ္ဌာန်​၌ ပေါ်ထွန်း​တော်မူ​၍ မိမိကိုယ်ကို​နှိမ့်ချ​ကာ လက်ဝါးကပ်တိုင်​ပေါ်၌​အသေခံ​ခြင်း​ဟူသည့် အသေခံ​ခြင်း​တိုင်အောင် နာခံ​တော်မူ​၏။