YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:9-14

ဖိလိပ္ပိ 1:9-14 Judson Bible (JBMLE)

ငါ​သည် အ​ဘယ်​သို့ ဆု​တောင်း​သ​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် ခြား​နား​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ ဉာဏ်​ပ​ညာ​အ​မျိုး​မျိုး​ရှိ​လျက်၊- မေ​တ္တာ​ပါ​ရ​မီ​တိုး​ပွား၍ ပြည့်​စုံ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​တတ်​သော ဖြောင့်​မတ်​ခြင်း အ​ကျင့်​နှင့် သင်​တို့​သည် ပြည့်​စုံ၍ ခ​ရစ်​တော်၏ နေ့​ရက်​တိုင်​အောင် စိတ်​ကြည်​ဖြူ​လျက်၊ တိမ်း​လဲ​ခြင်း​အ​မှု​နှင့် ကင်း​လွတ်​လျက် ရှိ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။ ညီ​အစ်​ကို​တို့၊ ငါ၌​ရောက်​သော အ​မှု​အ​ရာ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မ​မြစ်​တား​သည်​သာ​မ​က၊ ပြု​စု​ရာ​ဖြစ်​သည်​ဟု သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- ထို​သို့​သော​အား​ဖြင့် ခ​ရစ်​တော်​ကြောင့် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​အ​မှု​အ​ရာ​သည်၊ နန်း​တော်၌ အ​နှံ့​အ​ပြား​ထင်​ရှား​သည်​သာ​မ​က၊ ခပ်​သိမ်း​သော​အ​ရပ်၌ ထင်​ရှား၏။- သ​ခင်​ဘု​ရား၌ ညီ​အစ်​ကို​အ​များ​တို့​သည် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကြောင့် ယုံ​မှား​သော​စိတ်​နှင့် ကင်း​လွတ်၍ ကြောက်​ရွံ့​ခြင်း မ​ရှိ​ဘဲ၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို သာ၍ ဟော​ပြော​ဝံ့​ကြ၏။

ဖိလိပ္ပိ 1:9-14 Common Language Bible (BCL)

သင်​တို့​သည်​အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရွေး​ယူ နိုင်​အံ့​သော​ငှာ​အ​သိ​ပ​ညာ၊ ပိုင်း​ခြား​ဝေ​ဖန်​တတ် သော​စွမ်း​ရည်​တို့​နှင့်​ပြည့်​စုံ​၍​မေတ္တာ​ပါ​ရ​မီ​တိုး သည်​ထက်​တိုး​လာ​ကြ​စေ​ရန်​သင်​တို့​အ​တွက် ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​သည်။ သို့​မှ​သာ​လျှင် သင်​တို့​သည်​ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​ရက်​၌​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​အ​ညစ် အ​ကြေး​နှင့်​ကင်း​စင်​လိမ့်​မည်။- ထို့​အြုပင်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​နှင့်​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​စေ​ရန် ယေ​ရှု​ခ​ရစ်​အား​ဖြင့်​သာ​လျှင်​ရ နိုင်​သော​စစ်​မှန်​သည့်​အ​ရည်​အ​သွေး​ကောင်း များ​နှင့်​ပြည့်​စုံ​လိမ့်​မည်။ ညီ​အစ်​ကို​တို့၊ ငါ​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက် များ​သည်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် အ​ကယ်​ပင်​အ​ထောက်​အ​ကူ​ပေး​ကြောင်း​သင် တို့​အား​သိ​စေ​လို​၏။- ငါ​သည်​ခ​ရစ်​တော်​၏​အ​စေ​ခံ​ဖြစ်​သည့်​အ​တွက် ကြောင့်​ငါ​အ​ကျဉ်း​ခံ​ရ​လျက်​နေ​ရ​ကြောင်း​ကို နန်း​တော်​အ​စောင့်​တပ်​တစ်​တပ်​လုံး​နှင့်​အ​ခြား သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပေ​သည်။- ဤ​သို့​ငါ​အ​ကျဉ်း​ခံ​ရ​ခြင်း​ကြောင့်​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​များ​ပင်​သ​ခင်​ဘု​ရား​အ​ပေါ်​တွင် ပို​၍​ယုံ​ကြည်​စိတ်​ချ​လာ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​မ​ကြောက်​မ​ရွံ့​ဘဲ​နှုတ်​က​ပတ်​တ​ရား​တော် ကို​ပို​မို​၍​ဟော​ပြော​ဝံ့​ကြ​ပေ​သည်။

ဖိလိပ္ပိ 1:9-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​သည် စစ်မှန်​သော​အသိပညာ​နှင့် ထိုးထွင်းဉာဏ်​အမျိုးမျိုး​တို့​၌ ပို၍​ပို၍​ပြည့်စုံ​လာ​သဖြင့် မြင့်မြတ်​သည့်​အရာ​များ​ကို သင်​တို့​ပိုင်းခြား​သိရှိ​နိုင်​မည့်အကြောင်း​နှင့် သင်​တို့​သည် ခရစ်တော်​၏​နေ့ရက်​ကာလ​၌ ဖြူစင်​လျက် အပြစ်တင်​စရာ​ကင်း​သော​သူ​ဖြစ်​ကာ ယေရှု​ခရစ်တော်​အားဖြင့် ဖြောင့်မတ်​ခြင်း​အသီးအပွင့်​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ထင်ရှား​ခြင်း​နှင့် ဂုဏ်​တော်​ချီးမွမ်း​ခြင်း​အဖြစ်​သို့​ရောက်​မည့်​အကြောင်း ငါ​ဆုတောင်း​၏။ ညီအစ်ကို​တို့၊ ငါ​၌​ဖြစ်ပျက်​သော​အမှုအရာ​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ပို၍​ပြန့်ပွား​စေ​ခဲ့​ကြောင်း သင်​တို့​အား သိ​စေ​လို​ပါ​၏။ အကြောင်းမူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​သည် ခရစ်တော်​အတွက်​ဖြစ်​ကြောင်း ဘုရင်ခံ​ရုံးတော်​တစ်ခုလုံး​နှင့် အခြား​သော​သူ​အားလုံး​တို့​ရှေ့၌ ထင်ရှား​လာ​၍ များစွာ​သော​ညီအစ်ကို​တို့​သည် ငါ​အချုပ်အနှောင်​ခံရ​ခြင်း​ကြောင့် သခင်​ဘုရား​၌ ယုံကြည်​စိတ်ချ​လျက် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ နှုတ်ကပတ်​တရား​ကို​ဟောပြော​ရန် ပိုမို​ရဲရင့်​လာ​ကြ​၏။