YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1

1
1ယေ​ရှု​ခ​ရစ်၏ ကျွန်​ဖြစ်​သော​ပေါ​လု​နှင့် တိ​မော​သေ​သည်၊ ဖိ​လိ​ပ္ပိ​မြို့၌​ရှိ​သော သင်း​အုပ်​တို့​နှင့် သင်း​ထောက်​တို့​မှ​စ၍ ယေ​ရှု​ခ​ရစ်၏ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။- 2သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။
ချီး​မွမ်း​ခြင်း​နှင့်​ဆု​တောင်း​ခြင်း
3-5ငါ​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော အ​ခါ​ခါ၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ရှိ​သ​မျှ​အ​ဖို့​ကို အ​စဉ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်၊ သင်​တို့​ကို အောက်​မေ့​သော​အ​ခါ​ခါ၊ သင်​တို့​သည် ရှေ့​ဦး​စွာ​သော​နေ့​ရက်​မှ​စ၍ ယ​ခု​တိုင်​အောင် ဧ​ဝံ​ဂ​လိ​တ​ရား​ကို ဆက်​ဆံ၍ ခံ​စား​ကြောင်း​ကို ငါ​ထောက်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ၏။- 6သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။- 7ရှိ​သ​မျှ​သော​သင်​တို့၏ အ​မှု​အ​ရာ၌ ဤ​သို့ ငါ​ယူ​အပ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါင်း​သည် ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ကျဉ်း​ခံ​ရ​သော်​လည်း​ကောင်း၊ ဧ​ဝံ​ဂ​လိ​တ​ရား​ဘက်၌ သက်​သေ​ခံ၍ ထို​တ​ရား​ကို တည်​စေ​သော်​လည်း​ကောင်း၊ သင်​တို့​ကို အောက်​မေ့၏။- 8ငါ​သည် သင်​တို့​အ​ပေါင်း​ကို ယေ​ရှု​ခ​ရစ်၏ မေ​တ္တာ​က​ရု​ဏာ​နှင့် အ​ဘယ်​မျှ​လောက် လွမ်း​သည်​ဟု ဘု​ရား​သ​ခင်​သည် ငါ့​သက်​သေ​ဖြစ်​တော်​မူ၏။- 9ငါ​သည် အ​ဘယ်​သို့ ဆု​တောင်း​သ​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် ခြား​နား​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ ဉာဏ်​ပ​ညာ​အ​မျိုး​မျိုး​ရှိ​လျက်၊- 10မေ​တ္တာ​ပါ​ရ​မီ​တိုး​ပွား၍ ပြည့်​စုံ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊- 11ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​တတ်​သော ဖြောင့်​မတ်​ခြင်း အ​ကျင့်​နှင့် သင်​တို့​သည် ပြည့်​စုံ၍ ခ​ရစ်​တော်၏ နေ့​ရက်​တိုင်​အောင် စိတ်​ကြည်​ဖြူ​လျက်၊ တိမ်း​လဲ​ခြင်း​အ​မှု​နှင့် ကင်း​လွတ်​လျက် ရှိ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။
အ​သက်​ရှင်​ခြင်း​ကား​ခ​ရစ်​တော်
12ညီ​အစ်​ကို​တို့၊ ငါ၌​ရောက်​သော အ​မှု​အ​ရာ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မ​မြစ်​တား​သည်​သာ​မ​က၊ ပြု​စု​ရာ​ဖြစ်​သည်​ဟု သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- 13ထို​သို့​သော​အား​ဖြင့် ခ​ရစ်​တော်​ကြောင့် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​အ​မှု​အ​ရာ​သည်၊ နန်း​တော်၌ အ​နှံ့​အ​ပြား​ထင်​ရှား​သည်​သာ​မ​က၊ ခပ်​သိမ်း​သော​အ​ရပ်၌ ထင်​ရှား၏။- 14သ​ခင်​ဘု​ရား၌ ညီ​အစ်​ကို​အ​များ​တို့​သည် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကြောင့် ယုံ​မှား​သော​စိတ်​နှင့် ကင်း​လွတ်၍ ကြောက်​ရွံ့​ခြင်း မ​ရှိ​ဘဲ၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို သာ၍ ဟော​ပြော​ဝံ့​ကြ၏။- 15လူ​အ​ချို့​တို့​သည် ငြူ​စူ​ရန်​တွေ့​ချင်​သော​သ​ဘော​နှင့် ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။ အ​ချို့​တို့​သည် စေ​တ​နာ​စိတ်​နှင့် ဟော​ပြော​ကြ၏။- 16ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထောက်​မ​ဖို့​ရာ ခန့်​ထား​သော​သူ​ဖြစ်​ကြောင်း​ကို ဤ​သူ​တို့​သည်​သိ၍ ခ​ရစ်​တော်၏​တ​ရား​ကို မေ​တ္တာ​စိတ်​နှင့် ဟော​ပြော​ကြ၏။- 17ထို​သူ​တို့​သည် ကြည်​ဖြူ​သော​စိတ်​မ​ရှိ၊ ချည်​နှောင်​ခြင်း​ကို ငါ​ခံ​ရ​သည်​တွင် သာ၍ ဆင်း​ရဲ​စေ​မည်​ဟု အ​ကြံ​ရှိ၍၊ ရန်​တွေ့​ချင်​သော​စိတ်​နှင့် ဟော​ပြော​ကြ၏။
18သို့​ဖြစ်၍ အ​ဘယ်​သို့​နည်း၊ လျှို့​ဝှက်၍ ဟော​ပြော​သည်​ဖြစ်​စေ၊ သ​စ္စာ​ရှိ၍ ဟော​ပြော​သည်​ဖြစ်​စေ၊ အ​ဘယ်​သို့​သော​အား​ဖြင့် ဟော​ပြော​သည်​ဖြစ်​စေ၊ ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ၏။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဝမ်း​မြောက်၏။ နောင်၌​လည်း ဝမ်း​မြောက်​လိမ့်​မည်။- 19-20အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​သည် အ​လျှင်း​ရှက်​ကြောက်​ခြင်း​မ​ရှိ၊ ရဲ​ရင့်​ခြင်း​နှင့်​ပြည့်​စုံ၍ အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​ကိုယ်​ခ​န္ဓာ၌ ခ​ရစ်​တော်​သည် အ​စဉ်​မ​ပြတ် ဂုဏ်​အ​သ​ရေ​ထင်​ရှား တော်​မူ​သ​ကဲ့​သို့၊ ယ​ခု​ပင် ထင်​ရှား​တော်​မူ​မည်​ဟု ငါ​မျှော်​လ​င့်​အား​ကြီး၍ တောင့်​တ​သည်​နှင့်​အ​ညီ သင်​တို့ ဆု​တောင်း​သ​ဖြင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ဝိ​ညာဉ်​တော် မ​စ​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ကြောင်း​အ​ရာ​သည် ငါ့​ကို​ကယ်​တင်​သော အ​ကြောင်း​အ​ရာ ဖြစ်​မည်​ဟု ငါ​သိ၏။- 21ငါ​အ​သက်​ရှင်​သည်​အ​ရာ​မှာ ခ​ရစ်​တော်​ဖြစ်၏။ သေ​လျှင်​မူ​ကား၊ သာ၍​အ​ကျိုး​ရှိ၏။- 22ဤ​ကိုယ်​ခ​န္ဓာ၌ ငါ​သည်​အ​သက်​ရှင်​လျှင်၊ ငါ​ပြု​သော​အ​မှု၏ အ​ကျိုး​ကား ထို​သို့​သော​အ​ကျိုး ဖြစ်၏။ သို့​သော်​လည်း အ​ဘယ်​အ​ကျိုး​ကို ရွေး​ယူ​ရ​မည်​ဟု ငါ​မ​သိ။- 23ထို​အ​ကျိုး​နှစ်​ပါး၏​အ​ကြား၌ ငါ​သည်​ယ​ခု ကျဉ်း​မြောင်း​စွာ နေ​ရ၏။ စု​တေ၍ ခ​ရစ်​တော်​နှင့်​အ​တူ နေ​ခြင်း​ငှာ တောင့်​တ​လို​ချင်​သော​စိတ် ရှိ၏။ သာ၍ အ​လွန် ထူး​မြတ်​သော​အ​ကျိုး​ဖြစ်၏။- 24သို့​သော်​လည်း ကိုယ်​ခ​န္ဓာ၌ နေ​ရ​လျှင် သင်​တို့၌ သာ၍ အ​ကျိုး​ရှိ​လိမ့်​မည်။- 25-26ထို​သို့​ရှိ​လိမ့်​မည်​ဟု ယုံ​မှား​ခြင်း​နှင့် ကင်း​လွတ်​သည်​ဖြစ်၍၊ သင်​တို့​ရှိ​ရာ​သို့ ငါ​တစ်​ဖန် ရောက်​လာ​သော​အား​ဖြင့်၊ သင်​တို့​သည် ယေ​ရှု​ခ​ရစ်​ကို​အ​မှီ​ပြု၍ ငါ့​အ​တွက်​ကြောင့် သာ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ တိုး​ပွား​ဝမ်း​မြောက်​မည်​အ​ကြောင်း၊ ငါ​သည် ကိုယ်​ခ​န္ဓာ၌​နေ၍ သင်​တို့​ရှိ​သ​မျှ​နှင့် ပေါင်း​ဖော်​ရ​မည်​ဟု ငါ​သိ၏။-
27သင်​တို့​သည် ရန်​သူ​များ​ကြောင့် အ​လျှင်း မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​ဘဲ၊ တစ်​ပါး​တည်း​သော စိတ်​ဝိ​ညာဉ်၌ တည်၍၊ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​ဆိုင်​သော ယုံ​ကြည်​ခြင်း​အ​ဖို့ အ​လို​ငှာ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား​အား ထုတ်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို၊ ငါ​ရောက်​လျှင် သင်​တို့​နှင့် မျက်​မှောက်​တွေ့​သည်​ဖြစ်​စေ၊ ကွာ​လျက်​နေ​သည်​ဖြစ်​စေ၊ ငါ​ကြား​သိ​ရ​ပါ​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် အ​ထိုက်​အ​လျောက် ဝတ်​ကြီး​ဝတ်​ငယ်​များ​ကို ပြု၍​သာ​နေ​ကြ​လော့။- 28ထို​သို့​ရန်​သူ​များ​ကြောင့် အ​လျှင်း​မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​သော အ​ကြောင်း​အ​ရာ​သည်၊ သူ​တို့၌ ပျက်​စီး​ခြင်း၏ နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်၏။ ဘုရားသခင်စီရင်တော်မူသောအားဖြင့် သင်တို့၌ကား၊ ကယ်တင်ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။- 29အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​ထက်​က​မြင်​သည်​အ​တိုင်း၊ ယ​ခု​လည်း ကြား​သည်​အ​တိုင်း ငါ​ခံ​ရ​သော တိုက်​လှန်​ခြင်း​ကို ခံ​ရ​သည်​နည်း​တူ၊ သင်​တို့​သည် ခံ​ရ​ကြ​သည်​ဖြစ်၍၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အ​ခွင့်​မှ​တစ်​ပါး၊ ခ​ရစ်​တော်​အ​တွက်​ကြောင့် ဆင်း​ရဲ​ခံ​ရ​ခြင်း​အ​ခွင့်​ကို ကျေး​ဇူး​တော်​အား​ဖြင့် ရ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဖိလိပ္ပိ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။