YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:5-8

ဖိလိပ္ပိ 1:3-8 Judson Bible (JBMLE)

ငါ​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော အ​ခါ​ခါ၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ရှိ​သ​မျှ​အ​ဖို့​ကို အ​စဉ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်၊ သင်​တို့​ကို အောက်​မေ့​သော​အ​ခါ​ခါ၊ သင်​တို့​သည် ရှေ့​ဦး​စွာ​သော​နေ့​ရက်​မှ​စ၍ ယ​ခု​တိုင်​အောင် ဧ​ဝံ​ဂ​လိ​တ​ရား​ကို ဆက်​ဆံ၍ ခံ​စား​ကြောင်း​ကို ငါ​ထောက်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ၏။- သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။- ရှိ​သ​မျှ​သော​သင်​တို့၏ အ​မှု​အ​ရာ၌ ဤ​သို့ ငါ​ယူ​အပ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါင်း​သည် ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ကျဉ်း​ခံ​ရ​သော်​လည်း​ကောင်း၊ ဧ​ဝံ​ဂ​လိ​တ​ရား​ဘက်၌ သက်​သေ​ခံ၍ ထို​တ​ရား​ကို တည်​စေ​သော်​လည်း​ကောင်း၊ သင်​တို့​ကို အောက်​မေ့၏။- ငါ​သည် သင်​တို့​အ​ပေါင်း​ကို ယေ​ရှု​ခ​ရစ်၏ မေ​တ္တာ​က​ရု​ဏာ​နှင့် အ​ဘယ်​မျှ​လောက် လွမ်း​သည်​ဟု ဘု​ရား​သ​ခင်​သည် ငါ့​သက်​သေ​ဖြစ်​တော်​မူ၏။

ဖိလိပ္ပိ 1:4-8 Common Language Bible (BCL)

အ​မှု​တော်​ကို​ငါ​စ​တင်​ဆောင်​ရွက်​ချိန်​မှ​ယ​နေ့ တိုင်​အောင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် ငါ နှင့်​အ​တူ​သင်​တို့​ဆောင်​ရွက်​ခဲ့​ကြ​သ​ဖြင့်​ငါ သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​စွာ​ဆု​တောင်း ပါ​၏။- သို့​ဖြစ်​၍​သင်​တို့​တွင်​ဤ​ကောင်း​မြတ်​သည့်​အ​မှု ကို​စ​တင်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ယေ​ရှု​၏​နေ့​ရက်​မ​တိုင်​မီ​ထို​အ​မှု ကို​ပြီး​စီး​သည့်​တိုင်​အောင်​ပြု​တော်​မူ​လိမ့်​မည် ဟု​ငါ​ယုံ​ကြည်​စိတ်​ချ​၏။- သင်​တို့​ကို​ငါ​အ​စဉ်​အောက်​မေ့​၏။ သို့​ဖြစ်​၍ ငါ​သည်​သင်​တို့​နှင့်​ပတ်​သက်​၍​ယင်း​သို့​သ​ဘော ထား​အပ်​၏။ ယ​ခု​ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ် အ​ခါ​နှင့်​သ​တင်း​ကောင်း​ကို​လွတ်​လပ်​စွာ​သက် သေ​ခံ​တည်​တံ့​ခိုင်​မြဲ​စေ​ခွင့်​ရ​စဉ်​အ​ခါ​က သင်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​အ​ခွင့်​ထူး​တွင်​ပါ​ဝင်​လုပ်​ဆောင်​ကြ ပေ​သည်။- ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​မေတ္တာ​ဖြင့်​သင်​တို့ အား​လွန်​စွာ​လွမ်း​ဆွတ်​ကြောင်း​ဘု​ရား​သ​ခင် သည်​ငါ့​သက်​သေ​ဖြစ်​တော်​မူ​၏။

ဖိလိပ္ပိ 1:5-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ပထမ​ဦးဆုံး​နေ့​မှစ၍ ယခု​တိုင်အောင် ကောင်းမြတ်​သော​သတင်း​အတွက် ပူးပေါင်း​ပါဝင်​ခဲ့​ကြ​သောကြောင့်​ဖြစ်​၏။ သင်​တို့​၌ ကောင်း​သော​အမှု​ကို​အစပြု​ခဲ့​သော​အရှင်​သည် ခရစ်တော်​ယေရှု​၏​နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်​စေ​တော်မူ​လိမ့်မည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။ သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ဤကဲ့သို့ ငါ​သဘောထား​သည်​မှာ သင့်မြတ်​ပေ​၏။ အကြောင်းမူကား သင်​တို့​အားလုံး​သည် ငါ​အချုပ်အနှောင်​ခံရ​သော​အရာ​၌​လည်းကောင်း၊ ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​၍ အတည်ပြု​ပြောဆို​ရာ​၌​လည်းကောင်း ငါ​နှင့်အတူ ကျေးဇူး​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်​ကြ​သဖြင့် သင်​တို့​သည် ငါ​၏​စိတ်နှလုံး​၌​ရှိ​ကြ​၏။ ငါ​သည် ခရစ်တော်​ယေရှု​၏​ကြင်နာ​ခြင်း​ဖြင့် သင်​တို့​အားလုံး​ကို မည်မျှ​လွမ်းဆွတ်​ကြောင်း ငါ့​အတွက်​သက်သေခံ​ပေး​သော​အရှင်​မှာ ဘုရားသခင်​ဖြစ်​တော်မူ​၏။