YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:20-26

ဖိလိပ္ပိ 1:19-26 Judson Bible (JBMLE)

အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​သည် အ​လျှင်း​ရှက်​ကြောက်​ခြင်း​မ​ရှိ၊ ရဲ​ရင့်​ခြင်း​နှင့်​ပြည့်​စုံ၍ အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​ကိုယ်​ခ​န္ဓာ၌ ခ​ရစ်​တော်​သည် အ​စဉ်​မ​ပြတ် ဂုဏ်​အ​သ​ရေ​ထင်​ရှား တော်​မူ​သ​ကဲ့​သို့၊ ယ​ခု​ပင် ထင်​ရှား​တော်​မူ​မည်​ဟု ငါ​မျှော်​လ​င့်​အား​ကြီး၍ တောင့်​တ​သည်​နှင့်​အ​ညီ သင်​တို့ ဆု​တောင်း​သ​ဖြင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ဝိ​ညာဉ်​တော် မ​စ​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ကြောင်း​အ​ရာ​သည် ငါ့​ကို​ကယ်​တင်​သော အ​ကြောင်း​အ​ရာ ဖြစ်​မည်​ဟု ငါ​သိ၏။- ငါ​အ​သက်​ရှင်​သည်​အ​ရာ​မှာ ခ​ရစ်​တော်​ဖြစ်၏။ သေ​လျှင်​မူ​ကား၊ သာ၍​အ​ကျိုး​ရှိ၏။- ဤ​ကိုယ်​ခ​န္ဓာ၌ ငါ​သည်​အ​သက်​ရှင်​လျှင်၊ ငါ​ပြု​သော​အ​မှု၏ အ​ကျိုး​ကား ထို​သို့​သော​အ​ကျိုး ဖြစ်၏။ သို့​သော်​လည်း အ​ဘယ်​အ​ကျိုး​ကို ရွေး​ယူ​ရ​မည်​ဟု ငါ​မ​သိ။- ထို​အ​ကျိုး​နှစ်​ပါး၏​အ​ကြား၌ ငါ​သည်​ယ​ခု ကျဉ်း​မြောင်း​စွာ နေ​ရ၏။ စု​တေ၍ ခ​ရစ်​တော်​နှင့်​အ​တူ နေ​ခြင်း​ငှာ တောင့်​တ​လို​ချင်​သော​စိတ် ရှိ၏။ သာ၍ အ​လွန် ထူး​မြတ်​သော​အ​ကျိုး​ဖြစ်၏။- သို့​သော်​လည်း ကိုယ်​ခ​န္ဓာ၌ နေ​ရ​လျှင် သင်​တို့၌ သာ၍ အ​ကျိုး​ရှိ​လိမ့်​မည်။- ထို​သို့​ရှိ​လိမ့်​မည်​ဟု ယုံ​မှား​ခြင်း​နှင့် ကင်း​လွတ်​သည်​ဖြစ်၍၊ သင်​တို့​ရှိ​ရာ​သို့ ငါ​တစ်​ဖန် ရောက်​လာ​သော​အား​ဖြင့်၊ သင်​တို့​သည် ယေ​ရှု​ခ​ရစ်​ကို​အ​မှီ​ပြု၍ ငါ့​အ​တွက်​ကြောင့် သာ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ တိုး​ပွား​ဝမ်း​မြောက်​မည်​အ​ကြောင်း၊ ငါ​သည် ကိုယ်​ခ​န္ဓာ၌​နေ၍ သင်​တို့​ရှိ​သ​မျှ​နှင့် ပေါင်း​ဖော်​ရ​မည်​ဟု ငါ​သိ၏။

ဖိလိပ္ပိ 1:20-26 Common Language Bible (BCL)

ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​၏​တာ​ဝန် မ​ပျက်​မ​ကွက်​ဘဲ​အ​ခါ​ခပ်​သိမ်း​၌​လည်း ကောင်း၊ အ​ထူး​သ​ဖြင့်​ယခု​အ​ခါ​၌​လည်း​ကောင်း ရဲ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​လျက်​ငါ​သည်​အ​သက်​ရှင် သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​အ​စွမ်း​ရှိ​သ​မျှ နှင့်​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား လာ​နိုင်​စေ​ရန်​မျှော်​လင့်​တောင့်​တ​၏။- အ​သက်​ရှင်​ခြင်း​ဟူ​သည်​မှာ​အ​ဘယ်​နည်း။ ငါ ၏​အ​ဖို့​မှာ​အ​သက်​ရှင်​ခြင်း​သည်​ခ​ရစ်​တော်​ပင် ဖြစ်​၏။ သေ​လျှင်​မူ​ကား​ပို​၍​အ​ကျိုး​ရှိ​၏။- သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​ဆက်​လက်​အ​သက် ရှင်​ခြင်း​အား​ဖြင့်​ပို​မို​အ​ကျိုး​ပြု​နိုင်​မည်​ဆို ပါ​က အ​သက်​ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​အ​နက် အ​ဘယ်​အ​ရာ​ကို​ရွေး​ချယ်​ရ​ပါ​မည်​နည်း။- ငါ့​မှာ​စိတ်​နှစ်​ခွ​ဖြစ်​လျက်​နေ​တော့​၏။ ငါ​သည်​ဤ ဘ​ဝ​ကို​စွန့်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​နေ​လို​လှ​ပါ သည်။ သို့​ပြု​ရ​လျှင်​ငါ့​အ​ဖို့​ပို​၍​အ​ကျိုး​ရှိ​၏။- သို့​သော်​သင်​တို့​၏​အ​ကျိုး​ကို​ထောက်​၍​ငါ​သည် အ​သက်​ရှင်​လျက်​နေ​ရန်​ပို​၍​အ​ရေး​ကြီး​၏။- ဤ​သို့​ယုံ​ကြည်​စိတ်​ချ​သ​ဖြင့်​ငါ​သည်​သင်​တို့ နှင့်​အ​တူ​နေ​မည်။ သင်​တို့​အား​တိုး​တက်​ကြီး ပွား​စေ​ရန်​နှင့်​ယုံ​ကြည်​ခြင်း​၌​ဝမ်း​မြောက် စေ​ရန်​ငါ​သည်​သင်​တို့​နှင့်​အ​တူ​နေ​မည်။- သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​တစ်​ဖန်​နေ​ခွင့် ရ​သော​အ​ခါ​၌​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​သင်​တို့​သည်​ငါ့​အ​တွက် ကြောင့်​ပို​၍​ပင်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​လိမ့်​မည်။

ဖိလိပ္ပိ 1:20-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် မည်သည့်​အရာ​၌​မျှ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ခါတိုင်း​ကဲ့သို့ ယခု​အခါ​တွင်​လည်း ရဲရင့်​ခြင်း​အပြည့်အဝ​ရှိ​လျက် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ ငါ​၏​ကိုယ်ခန္ဓာ​အားဖြင့် ခရစ်တော်​သည် ချီးမွမ်း​ခြင်း​ခံရ​မည့်​အကြောင်း မျှော်လင့်​တောင့်တ​၏။ အကြောင်းမူကား ငါ့​အနေဖြင့် အသက်ရှင်​ခြင်း​သည် ခရစ်တော်​ဖြစ်​၏။ သေ​ခြင်း​သည်​လည်း အကျိုးကျေးဇူး​ဖြစ်​၏။ သို့သော် ဤ​ကိုယ်ခန္ဓာ​၌ ဆက်၍​အသက်ရှင်​လျှင် ငါ​သည် အကျိုး​ရှိ​သော​အမှု​ကို​လုပ်ဆောင်​နိုင်​၏။ ထိုအခါ မည်သည့်​အရာ​ရွေးချယ်​ရ​မည်​ကို ငါ​မ​သိ။ သို့ဖြစ်၍ ငါ​သည် ဤ​နှစ်​ခု​ကြား​၌ အကျပ်ရိုက်​နေ​၏။ ငါ​သည် ဤ​ဘဝ​ကို​စွန့်ခွာ​၍ ခရစ်တော်​နှင့်အတူ​ရှိ​ရန် ဆန္ဒ​ရှိ​၏။ ထိုသို့​ဖြစ်​လျှင် များစွာ​သာလွန်​ကောင်းမွန်​၏။ သို့သော် ဤ​ကိုယ်ခန္ဓာ​၌ ငါ​ဆက်၍​ရှိ​နေ​ခြင်း​သည် သင်​တို့​အတွက် ပိုမို​လိုအပ်​၏။ ဤသို့ ယုံကြည်​စိတ်ချ​လျက် သင်​တို့​၏​ယုံကြည်​ခြင်း​ကြီးထွား​မှု​နှင့် ဝမ်းမြောက်​မှု​အတွက် ငါ​သည် ကိုယ်ခန္ဓာ​၌​တည်​၍ သင်​တို့​အားလုံး​နှင့်အတူ ဆက်၍​ရှိ​နေ​မည်​ဖြစ်​ကြောင်း ငါ​သိ​၏။ ထိုအခါ ငါ​သည် သင်​တို့​ထံသို့ တစ်ဖန်​ရောက်လာ​သဖြင့် သင်​တို့​၏​ဂုဏ်ယူ​ဝင့်ကြွား​စရာ​အကြောင်း​သည် ငါ့​ကြောင့် ခရစ်တော်​ယေရှု​၌ တိုးပွား​လိမ့်မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။