YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:15-17

ဖိလိပ္ပိ 1:15-17 Common Language Bible (BCL)

အ​ချို့​သော​သူ​တို့​သည်​မ​နာ​လို​သော​စိတ်၊ ရန်​တွေ့ လို​သော​စိတ်​နှင့်​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော ပြော​ကြ​၏။ အ​ချို့​သော​သူ​တို့​မူ​ကား​စေတနာ စိတ်​နှင့်​ဟော​ပြော​ကြ​ပေ​သည်။- ဤ​သူ​တို့​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း ကောင်း​ကို​ကာ​ကွယ်​ဟော​ပြော​ရန်​ငါ့​အား​ဘု​ရား သ​ခင်​ခန့်​ထား​တော်​မူ​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​အ​လျောက်​ဟော​ပြော​ကြ​ခြင်း​ဖြစ်​၏။- အ​ခြား​သော​သူ​တို့​သည်​ကား​ခ​ရစ်​တော်​၏ အ​ကြောင်း​ကို​စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​မ​ဟုတ်​ဘဲ ကျော်​ကြား​လို​သော​ဆန္ဒ​ဖြင့်​ဟော​ပြော​ကြ​၏။ သူ​တို့​၏​အ​ကြံ​မှာ​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ့ အား​ပို​၍​စိတ်​ဒုက္ခ​ရောက်​စေ​ရန်​ပင်​ဖြစ်​၏။

ဖိလိပ္ပိ 1:15-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အချို့​တို့​သည် မလိုမုန်းထား​စိတ်​နှင့် ပဋိပက္ခ​ဖြစ်​စေ​လို​သော​စိတ်​တို့​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ အချို့​တို့​မူကား စေတနာ​စိတ်​ဖြင့် ဟောပြော​ကြ​၏။ စေတနာ​စိတ်​ဖြင့် ဟောပြော​သော​သူ​တို့​သည် ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​သော​သူ​အဖြစ် ငါ့​ကို​ခန့်အပ်​ထား​ကြောင်း​သိ​လျက် ချစ်​ခြင်း​မေတ္တာ​ဖြင့် ဟောပြော​ကြ​၏။ အခြား​သော​သူ​တို့​မူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​၌ ဆင်းရဲ​ဒုက္ခ​ကို ပိုမို​များပြား​စေ​လို​သော​အကြံ​နှင့် ရိုးသား​သော​စိတ်​အားဖြင့်​မ​ဟုတ်​ဘဲ တုပြိုင်​လို​သော​စိတ်​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။