YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 14:21-23

တောလည်ရာ 14:21-23 Common Language Bible (BCL)

ငါ​သည်​အ​သက်​ရှင်​၍​ငါ​၏​ဘုန်း​အ​သ​ရေ တော်​သည် တစ်​ကမ္ဘာ​လုံး​တွင်​ပျံ့​နှံ့​လျက်​ရှိ သည်​အ​တိုင်း၊- ဤ​သူ​တို့​အ​နက်​မည်​သူ​မျှ​ထို​ပြည်​သို့​မ​ဝင် ရ။ သူ​တို့​သည်​ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​နှင့်​တော ကန္တာ​ရ​တွင်​ငါ​ပြု​ခဲ့​သော​အံ့​သြ​ဖွယ်​အ​မှု များ​ကို​လည်း​ကောင်း​တွေ့​မြင်​ခဲ့​ရ​သော်​လည်း သူ​တို့​သည်​ငါ့​ကို​အ​ကြိမ်​ကြိမ်​မ​ထီ​လေး​စား ပြု​၍​ငါ့​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ။- သူ​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​သို့​သူ​တို့​မ​ဝင်​ရ။ ငါ့​ကို​ပစ်​ပယ် သူ​မှန်​သ​မျှ​ထို​ပြည်​သို့​မ​ဝင်​ရ။

တောလည်ရာ 14:21-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် အမှန်ပင်​အသက်ရှင်​သည်​ဖြစ်၍ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​နှင့်​ပြည့်​လိမ့်မည်​။ အီဂျစ်​ပြည်​၌​လည်းကောင်း​၊ တောကန္တာရ​၌​လည်းကောင်း ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​များ​နှင့် ငါ​၏​ဘုန်းအသရေ​ကို လူ​အပေါင်း​တို့​သည် တွေ့မြင်​လျက်​နှင့် ငါ့​ကို​ဆယ်​ကြိမ်​တိုင်အောင်​အကဲစမ်း​၍ ငါ့​စကား​ကို နား​မ​ထောင်​ကြ​သောကြောင့် ထို​ပြည်​ကို သူ​တို့​၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း ထို​ပြည်​ကို သူ​တို့​တွေ့မြင်​ရ​ကြ​မည်​မ​ဟုတ်​။ ငါ့​ကို​မထီလေးစား​ပြု​သော​သူ​တစ်စုံတစ်ဦး​မျှ ထို​ပြည်​ကို​တွေ့မြင်​ရ​မည်​မ​ဟုတ်​။