တောလည်ရာ 13:27-28
တောလည်ရာ 13:27-28 Judson Bible (JBMLE)
မောရှေအားလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌သီးသောအသီး ဖြစ်ပါ၏။ သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီးပါ၏။ ခိုင်ခံ့သောမြို့ကြီးနှင့် နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။
တောလည်ရာ 13:27-28 Common Language Bible (BCL)
သူတို့ကမောရှေအား``အကျွန်ုပ်တို့သည်ထို ပြည်သို့သွားရောက်စုံစမ်းထောက်လှမ်း၍ ထို ပြည်သည်အစာရေစာပေါကြွယ်ဝ၍ မြေ သြဇာထက်သန်ကြောင်းသိရှိရပါ၏။ ဤ သစ်သီးများသည်ထိုပြည်မှထွက်သော သစ်သီးဖြစ်ပါသည်။- သို့ရာတွင်ထိုပြည်၌နေထိုင်သူတို့သည် အင်အားကြီး၍ တံတိုင်းအကာအရံရှိ သောမြို့ကြီးများတွင်နေထိုင်ကြပါသည်။ ထိုမျှမကအလွန်ထွားကြိုင်းသောလူမျိုး ၏အဆက်အနွယ်များကိုလည်းတွေ့မြင် ခဲ့ရပါသည်။
တောလည်ရာ 13:27-28 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူတို့က “အကျွန်ုပ်တို့အား ကိုယ်တော်စေလွှတ်သောပြည်သို့ အကျွန်ုပ်တို့ရောက်ခဲ့ပါ၏။ အမှန်ပင် နို့နှင့်ပျားရည်စီးသောပြည်ဖြစ်ပါ၏။ ဤအသီးကား ထိုပြည်မှထွက်သောအသီးဖြစ်ပါ၏။ သို့သော်လည်း ထိုပြည်၌နေထိုင်သောလူမျိုးတို့သည် ခွန်အားကြီးသောသူများဖြစ်ကြပြီး မြို့များသည် အလွန်ခိုင်ခံ့ကြီးမားပါ၏။ ထိုမျှမက အာနကအနွယ်ဝင်တို့ကိုလည်း ထိုအရပ်၌ အကျွန်ုပ်တို့တွေ့မြင်ခဲ့ပါ၏။