YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 13:26-33

တောလည်ရာ 13:26-33 Judson Bible (JBMLE)

မော​ရှေ​နှင့်​အာ​ရုန်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​နေ​ရာ ပါ​ရန်​တော၊ ကာ​ဒေ​ရှ​အ​ရပ်​သို့ ရောက်​သော​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား သ​တင်း​ကြား​ပြော၍ ထို​ပြည်၌​သီး​သော​အ​သီး​ကို ပြ​ကြ၏။ မော​ရှေ​အား​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​စေ​လွှတ်​သော ပြည်​သို့​ရောက်​ခဲ့​ပါ​ပြီ။ အ​ကယ်​စင်​စစ် ထို​ပြည်​သည် နို့​နှင့်​ပျား​ရည်​စီး​သော ပြည်​ဖြစ်​ပါ၏။ ဤ​အ​သီး​တို့​ကား ထို​ပြည်၌​သီး​သော​အ​သီး ဖြစ်​ပါ၏။ သို့​ရာ​တွင် ပြည်​သူ​ပြည်​သား​တို့​သည် အား​ကြီး​ပါ၏။ ခိုင်​ခံ့​သော​မြို့​ကြီး​နှင့် နေ​ကြ​ပါ၏။ ထို​မျှ​မ​က အာ​န​က​အ​မျိုး​သား​တို့​ကို​လည်း မြင်​ရ​ပါ၏။ အာ​မ​လက်​အ​မျိုး​သား​တို့​သည် တောင်​ဘက်၌​လည်း​ကောင်း၊ ဟိ​တ္တိ​လူ၊ ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ​တို့​သည် တောင်​ရိုး​ပေါ်၌​လည်း​ကောင်း၊ ခါ​နာ​နိ​လူ​တို့​သည် ပင်​လယ်​နား ယော်​ဒန်​မြစ်​နား၌​လည်း​ကောင်း၊ နေ​ကြ​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။ ကာ​လက်​က​လည်း ချက်​ချင်း​ချီ​သွား၍ ထို​ပြည်​ကို​သိမ်း​ယူ​ကြ​စို့။ အောင်​နိုင်​ကောင်း​သည်​ဟု​ဆို၍ မော​ရှေ​ရှေ့​မှာ လူ​များ​တို့​ကို​ငြိမ်း​စေ၏။ သူ​နှင့်​အ​တူ​လိုက်​သွား​သော​သူ​တို့​က ထို​ပြည်​သား​တို့​ကို ငါ​တို့​မ​တိုက်​နိုင်။ သူ​တို့​သည် ငါ​တို့​ထက်​သာ၍ အား​ကြီး​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​သွား၍​စူး​စမ်း​သော​ပြည်​သည် မိ​မိ​သား​တို့​ကို ဖျက်​ဆီး​တတ်၏။ ငါ​တို့​တွေ့​မြင်​သော ပြည်​သား​အ​ပေါင်း​တို့​သည် အ​လွန်​အ​ရပ်​မြင့်​ကြ၏။ ကိုယ်​ကြီး​သော​လူ​အ​မျိုး​အ​နွယ်၊ အာ​န​က​အ​မျိုး​အ​နွယ်​ဖြစ်၍ အ​လွန်​ကြီး​မား​သော​သူ​တို့​ကို​လည်း မြင်​ခဲ့​ကြ​ပြီ။ သူ​တို့​ရှေ့​မှာ ငါ​တို့​သည် ကိုယ်​အ​ထင်​အ​တိုင်း နှံ​ကောင်​ကဲ့​သို့​ဖြစ်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ သူ​တို့​အ​ထင်​အ​တိုင်း​လည်း ထို​သို့​ဖြစ်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ မိ​မိ​တို့​စူး​စမ်း​သော​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မ​ကောင်း​သော​သ​တင်း​ကို ကြား​ပြော​ကြ​လေ၏။

တောလည်ရာ 13:26-33 Common Language Bible (BCL)

မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​စ​ခန်း​ချ​ရာ​ပါ​ရန် တော​ကန္တာ​ရ ရှိ​ကာ​ဒေ​ရှ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ​သည်။ သူ​တို့​သည်​ထို​ပြည်​၌​တွေ့​မြင်​ခဲ့​သ​မျှ​ကို ပြန်​ကြား​၍ သူ​တို့​ယူ​ဆောင်​ခဲ့​သော​သစ်​သီး များ​ကို​ပြ​ကြ​၏။- သူ​တို့​က​မော​ရှေ​အား``အ​ကျွန်ုပ်​တို့​သည်​ထို ပြည်​သို့​သွား​ရောက်​စုံ​စမ်း​ထောက်​လှမ်း​၍ ထို ပြည်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ သြ​ဇာ​ထက်​သန်​ကြောင်း​သိ​ရှိ​ရ​ပါ​၏။ ဤ သစ်​သီး​များ​သည်​ထို​ပြည်​မှ​ထွက်​သော သစ်​သီး​ဖြစ်​ပါ​သည်။- သို့​ရာ​တွင်​ထို​ပြည်​၌​နေ​ထိုင်​သူ​တို့​သည် အင်​အား​ကြီး​၍ တံ​တိုင်း​အ​ကာ​အ​ရံ​ရှိ သော​မြို့​ကြီး​များ​တွင်​နေ​ထိုင်​ကြ​ပါ​သည်။ ထို​မျှ​မ​က​အ​လွန်​ထွား​ကြိုင်း​သော​လူ​မျိုး ၏​အ​ဆက်​အ​နွယ်​များ​ကို​လည်း​တွေ့​မြင် ခဲ့​ရ​ပါ​သည်။- အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ထို​ပြည်​၏ တောင်​ပိုင်း​တွင်​နေ​ထိုင်​၍ ဟိတ္တိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ ခါ​နာန်​အ​မျိုး​သား​တို့​သည်​မြေ​ထဲ​ပင် လယ်​ကမ်း​ခြေ​နှင့်​ယော်​ဒန်​မြစ်​ဝှမ်း​တစ် လျှောက်​၌​လည်း​နေ​ထိုင်​ကြ​ပါ​သည်'' ဟု ဆို​ကြ​၏။ သို့​ရာ​တွင်​ကာ​လက်​သည်​မော​ရှေ​၏​ရှေ့​တွင် ညည်း​ညူ​သူ​တို့​အား``ငါ​တို့​သည်​ယ​ခု​ပင်​ထို ပြည်​သို့​ဝင်​ရောက်​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​ပါ စို့။ ငါ​တို့​သည်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင် မြင်​နိုင်​စွမ်း​ရှိ​ပါ​သည်'' ဟု​ဆို​၍​လူ​တို့​ကို ငြိမ်​ဝပ်​သွား​စေ​၏။ သို့​သော်​လည်း​ကာ​လက်​နှင့်​အ​တူ​လိုက်​ပါ သွား​သူ​တို့​က``ငါ​တို့​သည်​ထို​ပြည်​ကို​တိုက် ခိုက်​အောင်​မြင်​နိုင်​စွမ်း​မ​ရှိ​ပါ။ ထို​ပြည်​သား တို့​သည်​ငါ​တို့​ထက်​အင်​အား​ကြီး​ပါ​သည်'' ဟု​ဆို​ကြ​၏။- သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​စုံ​စမ်း​ထောက် လှမ်း​ခဲ့​သော​ပြည်​အ​ကြောင်း မ​ဟုတ်​မ​မှန် သ​တင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ တွင်​ဖြန့်​ကြ​သည်။ သူ​တို့​က``ထို​ပြည်​၌​ထို ပြည်​သား​တို့​အ​တွက်​ပင်​လျှင်​သီး​နှံ​လောက် အောင်​မ​ထွက်​ပါ။ ငါ​တို့​တွေ့​မြင်​ခဲ့​သော​သူ အ​ပေါင်း​တို့​သည်​အ​လွန်​အ​ရပ်​မြင့်​ကြ​၏။- အ​လွန်​ထွား​ကျိုင်း​သော​အာ​န​က​လူ​မျိုး​၏ အ​ဆက်​အ​နွယ်​များ​ကို​လည်း ငါ​တို့​တွေ့​မြင် ခဲ့​ရ​သည်။ ငါ​တို့​အ​မြင်​အား​ဖြင့်​ငါ​တို့​သည် သူ​တို့​ရှေ့​တွင်​နှံ​ကောင်​များ​သ​ဖွယ်​သေး​ငယ် ပါ​၏။ သူ​တို့​သည်​ငါ​တို့​ကို​နှံ​ကောင်​များ သ​ဖွယ်​မြင်​ပါ​မည်'' ဟု​ဆို​ကြ​လေ​သည်။

တောလည်ရာ 13:26-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​ပြန်လာ​ကြ​၍ ကာဒေရှ​အရပ်​၊ ပါရန်​တောကန္တာရ​ရှိ မောရှေ​၊ အာရုန်​နှင့် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထံသို့ ရောက်​ကြ​သောအခါ မောရှေ​၊ အာရုန်​နှင့် လူထု​အပေါင်း​တို့​ထံ အစီရင်ခံ​၍ ထို​ပြည်​မှ​ယူလာ​သော​အသီး​ကို​ပြ​ကြ​၏​။ သူ​တို့​က “​အကျွန်ုပ်​တို့​အား ကိုယ်တော်​စေလွှတ်​သော​ပြည်​သို့ အကျွန်ုပ်​တို့​ရောက်​ခဲ့​ပါ​၏​။ အမှန်ပင် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ဖြစ်​ပါ​၏​။ ဤ​အသီး​ကား ထို​ပြည်​မှ​ထွက်​သော​အသီး​ဖြစ်​ပါ​၏​။ သို့သော်လည်း ထို​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​သည် ခွန်အားကြီး​သော​သူ​များ​ဖြစ်​ကြ​ပြီး မြို့​များ​သည် အလွန်​ခိုင်ခံ့​ကြီးမား​ပါ​၏​။ ထိုမျှမက အာနက​အနွယ်ဝင်​တို့​ကို​လည်း ထို​အရပ်​၌ အကျွန်ုပ်​တို့​တွေ့မြင်​ခဲ့​ပါ​၏​။ အာမလက်​လူမျိုး​တို့​သည် နေဂေ့​အရပ်​၌ နေထိုင်​ကြ​၏​။ ဟိတ္တိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​နှင့် အာမောရိ​လူမျိုး​တို့​သည် တောင်ပေါ်ဒေသ​၌ နေထိုင်​ကြ​၏​။ ခါနာန်​လူမျိုး​တို့​သည် ပင်လယ်​ကမ်းနားဒေသ​နှင့်​ဂျော်ဒန်​မြစ်​ကမ်းနား​တစ်လျှောက်​တွင် နေထိုင်​ကြ​၏​”​ဟု ဆို​ကြ​၏​။ ထိုအခါ ကာလက်​သည် မောရှေ​ရှေ့​၌​ရှိ​သော လူ​တို့​ကို​တိတ်ဆိတ်​စေ​ပြီး “​ငါ​တို့​သည် ထို​ပြည်​ကို အနိုင်ရ​မည်​မှာ​သေချာ​၏​။ ယခုပင် တက်သွား​၍ ထို​ပြည်​ကို​သိမ်းပိုက်​ကြ​စို့​”​ဟု ဆို​လေ​၏​။ သို့သော် သူ​နှင့်အတူ​သွား​ခဲ့​သော​သူ​တို့​က “​ထို​သူ​တို့​သည် ငါ​တို့​ထက်​အားကြီး​သောကြောင့် သူ​တို့​ကို တိုက်ခိုက်​ရန်​မ​ဖြစ်နိုင်​ပါ”​ဟု ဆို​ကြ​၏​။ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​အလယ်​၌ မိမိ​တို့​စူးစမ်း​ခဲ့​သော​ပြည်​၏​မကောင်းသတင်း​ကို ဖြန့်​ကြ​၏​။ သူ​တို့​က “​ငါ​တို့​သွား​၍​စူးစမ်း​ခဲ့​သော​ပြည်​သည် မိမိ​ပြည်သား​တို့​ကို​ဝါးမျို​သော​ပြည်​ဖြစ်ပြီး ထို​ပြည်​၌ ငါ​တို့​တွေ့​ခဲ့​သော​လူ​အားလုံး​တို့​သည် ထွားကျိုင်း​ကြ​၏​။ ထို​အရပ်​၌ ဧရာမလူ​တို့​ကို​လည်း တွေ့​ခဲ့​ပါ​၏​။ ထို​ဧရာမလူ​တို့​မှ အာနက​အမျိုး​ဆင်းသက်​လာ​၏​။ သူ​တို့​နှင့်​ယှဉ်​လျှင် ငါ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​နှံကောင်​ကဲ့သို့​မြင်​၍ သူ​တို့​သည်​လည်း ငါ​တို့​ကို နှံကောင်​ကဲ့သို့​မြင်​မည်​”​ဟု ဆို​ကြ​၏​။