YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 2:17-20

နေဟမိ 2:17-20 Judson Bible (JBMLE)

နောက်​တစ်​ဖန်၊ ငါ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း၊ ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ခြင်း၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ခြင်း​ကို သင်​တို့​သိ​မြင်​ကြ၏။ လာ​ကြ။ ကဲ့​ရဲ့​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို တည်​ကြ​ကုန်​အံ့​ဟု သူ​တို့​အား​ဆို​လျက်၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​မိန့်​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း ကြား​ပြော​လေ​သော်၊ သူ​တို့​က၊ ငါ​တို့​သည် ထ၍​တည်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊ ထို​ကောင်း​မှု​ကို ပြီး​စေ​ခြင်း​ငှာ၊ တစ်​ယောက်​ကို​တစ်​ယောက် နှိုး​ဆော်​ကြ၏။ ထို​သ​တင်း​ကို ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်၊ ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား​တော​ဘိ၊ အာ​ရပ်​အ​မျိုး​သား ဂေ​ရှင်​တို့​သည် ကြား​လျှင်၊ ပြက်​ရယ်​ပြု၍ သင်​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​မည်​နည်း။ ရှင်​ဘု​ရင်​ကို ပုန်​ကန်​ကြ​မည်​လော​ဟု ကဲ့​ရဲ့​လျက်​ဆို​ကြ၏။ ငါ​က​လည်း၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ခွင့်​ပေး​တော်​မူ​မည်။ ထို​ကြောင့် ဘု​ရား​သ​ခင်၏​ကျွန်​ဖြစ်​သော ငါ​တို့​သည် ထ၍​တည်​မည်။ သင်​တို့​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့​တွင် ဘာ​မျှ​မ​ဆိုင်​မ​ပိုင်၊ မှတ်​စ​ရာ​သက်​သေ​မ​ရှိ​ဟု ပြန်​ပြော၏။

နေဟမိ 2:17-20 Common Language Bible (BCL)

သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သူ​တို့​အား``ယေ​ရု ရှ​လင်​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက်​မြို့​ရိုး များ​သည်​လည်း​ပြို​ကျ​လျက်​နေ​သ​ဖြင့် ငါ တို့​အ​ဘယ်​သို့​ဒုက္ခ​ရောက်​နေ​သည်​ကို​သင် တို့​သိ​ကြ​၏။ ငါ​တို့​ဆက်​လက်​၍​အ​ရှက်​ကွဲ ခြင်း​မ​ခံ​ရ​စေ​ရန်​မြို့​ရိုး​တို့​ကို​ပြန်​လည် ပြု​ပြင်​ကြ​ကုန်​အံ့'' ဟု​ပြော​ဆို​ပြီး​လျှင်၊- ထာ​ဝ​ရ​ဘုရား​သည်​ငါ​နှင့်​အ​ဘယ်​သို့​အ​တူ ရှိ​တော်​မူ​ခဲ့​၍ ငါ့​အား​ကူ​မ​တော်​မူ​ခဲ့​ကြောင်း ကို​လည်း​ကောင်း၊ ငါ့​အား​ဧ​က​ရာဇ်​မင်း​ကြီး အ​ဘယ်​သို့​အ​မိန့်​ရှိ​တော်​မူ​ခဲ့​ကြောင်း​ကို လည်း​ကောင်း​ဖော်​ပြ​၏။ ထို​သူ​တို့​က``ပြန်​လည်​တည်​ဆောက်​မှု​ကို​ငါ တို့​အ​စ​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ကာ​အ​လုပ် စ​ရန်​အ​သင့်​ပြင်​ဆင်​ကြ​လေ​သည်။ ထို​သ​တင်း​ကို​သမ္ဘာ​လတ်၊ တော​ဘိ​နှင့်​အာ​ရပ် အ​မျိုး​သား​ဂေ​ရှင်​တို့​ကြား​ကြ​သော​အ​ခါ ငါ​တို့​အား​လှောင်​ပြောင်​ကြ​၏။ သူ​တို့​က``သင် တို့​၏​အ​ကြံ​အ​စည်​ကား​အ​ဘယ်​သို့​နည်း။ ဧ​က​ရာဇ်​ဘု​ရင်​အား​သင်​တို့​ပုန်​ကန်​ကြ မည်​လော'' ဟု​ဆို​ကြ​၏။ ထို​အ​ခါ​ငါ​က``ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။ ငါ​တို့​သည်​ကိုယ်​တော်​၏ အ​စေ​ခံ​များ​ဖြစ်​၍​ဗိ​မာန်​တော်​တည်​ဆောက် မှု​ကို​အ​စ​ပြု​ကြ​မည်။ သင်​တို့​မူ​ကား​ယေ​ရု ရှ​လင်​မြို့​တွင်​ဘာ​မျှ​မ​ပိုင်။ ဤ​မြို့​တွင်​သင် တို့​နှင့်​ဆိုင်​သော​မှတ်​သား​ဖွယ်​ရာ​ဘာ​မျှ မ​ရှိ'' ဟု​ပြန်​ပြော​၏။

နေဟမိ 2:17-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက်မှ ငါ​က “​ငါ​တို့​ခံရ​သော​ဒုက္ခ​ကို သင်​တို့​တွေ့​ပြီ​လော​။ ဂျေရုဆလင်​မြို့​လည်း ပျက်စီး​ပြီ​။ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​ပြီ​။ လာ​ကြ​။ နောက်ထပ် ကဲ့ရဲ့ရှုတ်ချ​မ​ခံရ​အောင် ဂျေရုဆလင်​မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ကြ​စို့​”​ဟု သူ​တို့​အား ဆို​၏​။ ထို့ပြင် ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​ကြောင်း​နှင့် ငါ့​အား ရှင်ဘုရင် ပြော​ခဲ့​သော​စကား​များ​ကို သူ​တို့​အား​ပြောပြ​သောအခါ သူ​တို့​က “​ငါ​တို့ ထ​၍​တည်ဆောက်​ကြ​စို့​”​ဟု ဆို​လျက် ထို​ကောင်းသောအမှု​ကို အားတက်သရော စတင်​လုပ်ဆောင်​ကြ​၏​။ ထို​အကြောင်း​ကို ဟောရနိ​လူမျိုး​သမ္ဘာလတ်​၊ အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​နှင့် အာရပ်​လူမျိုး​ဂေရှင်​တို့ ကြား​သောအခါ သူ​တို့​သည် ငါ​တို့​ကို ပြက်ရယ်ပြု​လှောင်ပြောင်​ကာ “​သင်​တို့ မည်သည့်​အမှု​ကို​ပြု​ကြ​သနည်း​။ ရှင်ဘုရင်​ကို ပုန်ကန်​ကြ​ပြီ​လော​”​ဟု ဆို​ကြ​၏​။ ငါ​က​လည်း သူ​တို့​အား “​ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် ငါ​တို့​အား အောင်မြင်​ခွင့်​ကို ပေး​တော်မူ​မည်​။ ကိုယ်တော်​၏​အစေအပါး​များ​ဖြစ်​သော​ငါ​တို့​သည် ထ​၍ ပြန်လည်​တည်ဆောက်​ခြင်း​အမှု​ကို ပြု​မည်​။ သင်​တို့​မူကား ဂျေရုဆလင်​မြို့​တွင် သင်​တို့​အဖို့ မည်သည့်​ဝေစု​၊ မည်သည့်​အခွင့်အရေး​၊ မည်သည့်​အမှတ်ရစရာ​မျှ မ​ရှိ​”​ဟု ဆို​လေ​၏​။