YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 2

2
ယေ​ရု​ရှ​လင်​မြို့​သို့​နေ​ဟ​မိ​သွား​ခြင်း
1အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ နိ​သန်​လ​တွင် ရှေ့​တော်၌ တင်​သော​စ​ပျစ်​ရည်​ကို ငါ​ကိုင်၍ ဆက်​လေ၏။ 2အ​ထက်​က တစ်​ခါ​မျှ ရှေ့​တော်၌ ညှိုး​ငယ်​သော​မျက်​နှာ​ကို မ​ပြ​ဖူး​သည်​ဖြစ်၍၊ ရှင်​ဘု​ရင်​က၊ ကျန်း​မာ​လျက်​နှင့် အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​သ​နည်း။ ဝမ်း​နည်း​ဟန် ရှိ​ပါ​သည်​တ​ကား​ဟု မိန့်​တော်​မူ​လျှင်၊ 3ငါ​သည် အ​လွန်​ကြောက်၍၊ ရှင်​ဘု​ရင် အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​သည် ပျက်​စီး​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ ကုန်​ပြီ​ဖြစ်​သော​ကြောင့်၊ ကျွန်​တော်​သည် မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ အ​ဘယ်​သို့ နေ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​သော်၊#၄ ရာ၊ ၂၅:၈-၁၀၊ ၆ ရာ၊ ၃၆:၁၉၊ ယေ၊ ၅၂:၁၂-၁၄။ 4-5ရှင်​ဘု​ရင်​က၊ အ​ဘယ်​သို့ တောင်း​လျှောက်​ချင်​သ​နည်း​ဟု မေး​တော်​မူ၏။ ငါ​က​လည်း အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍ ကျွန်​တော်​ကို စိတ်​နှင့်​တွေ့​တော်​မူ​လျှင်၊ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​ကို ကျွန်​တော်​ပြု​စု​ရ​မည်​အ​ကြောင်း၊ ယု​ဒ​ပြည်​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပြီး​မှ လျှောက်​လေ၏။ 6ထို​အ​ခါ မြောက်​သား​တော်​နှင့် ယှဉ်​ပြိုင်၍ ထိုင်​နေ​စဉ်၊ ရှင်​ဘု​ရင်​က၊ သင်​သွား​လျှင် အ​ဘယ်​မျှ​ကာ​လ ကြာ​လိမ့်​မည်​နည်း။ အ​ဘယ်​ကာ​လ​မှ ပြန်​လာ​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ ကာ​လ​အ​ချိန်​ကို ငါ​လျှောက်​ထား​ပြီး​မှ၊ ရှင်​ဘု​ရင်​သည် အ​လို​တော်​ရှိ၍ ငါ့​ကို လွှတ်​လိုက်​တော်​မူ၏။ 7တစ်​ဖန်​တုံ၊ ရှင်​ဘု​ရင် အ​လို​တော်​ရှိ​လျှင်၊ မြစ်​အ​နောက်​ဘက်၌​ရှိ​သော မြို့​ဝန်​တို့​သည် ကျွန်​တော်​ကို​မ​ဆီး​မ​တား၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို သ​နား​တော်​မူ​ပါ။ 8ဥ​ယျာဉ်​တော်​မှူး အာ​သပ်​သည် ဗိ​မာန်​တော်​ရဲ​တိုက်​တံ​ခါး​တိုင်​နှင့် တံ​ခါး​ထုပ်​ဖို့​လည်း​ကောင်း၊ မြို့​ရိုး​နှင့် ကျွန်​တော်​နေ​ရာ အိမ်​ဖို့​လည်း​ကောင်း၊ သစ်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို​လည်း သ​နား​တော်​မူ​ပါ​ဟု တောင်း​လျှောက်​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့် ရှင်​ဘု​ရင်​သည် ပေး​သ​နား​တော်​မူ၏။
9ထို​အ​ခါ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တို့​ထံ​သို့ ငါ​ရောက်၍ ရှင်​ဘု​ရင်၏ အ​မိန့်​တော်​စာ​ကို ပြ၏။ ရှင်​ဘု​ရင်​သည်​လည်း တပ်​မှူး​နှင့် မြင်း​စီး​သူ​ရဲ​တို့​ကို ငါ​နှင့်​အ​တူ စေ​လွှတ်​တော်​မူ​သ​တည်း။ 10ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ကျိုး​ကို ပြု​စု​ခြင်း​ငှာ၊ လူ​တစ်​ယောက်​လာ​ကြောင်း​ကို၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​နှင့် ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား တော​ဘိ​တို့​သည် ကြား​သော်၊ အ​လွန်​နှ​လုံး​မ​သာ ရှိ​ကြ၏။
11ငါ​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍ သုံး​ရက်​နေ​ပြီး​မှ၊ 12ကိုယ်၌​ပါ​သော သူ​အ​ချို့​တို့​နှင့် တ​ကွ၊ ည​အ​ခါ​ထ၍ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ပြု​ခြင်း​ငှာ၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား အ​ဘယ်​သို့​သော အ​ကြံ​ပေး​တော်​မူ​သည်​ကို၊ အ​ခြား​သော သူ​တစ်​ယောက်​အား​မျှ မ​ပြော၊ ကိုယ်​စီး​သော မြင်း​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ၊ 13ည​အ​ခါ ချိုင့်​တံ​ခါး​ဖြင့်​ထွက်၍၊ န​ဂါး​ရေ​တွင်း​တစ်​ဖက်​တစ်​ချက်၊ နောက်​ချေး​တံ​ခါး​တိုင်​အောင် သွား​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊ 14စမ်း​ရေ​တွင်း​တံ​ခါး​နှင့် ရှင်​ဘု​ရင်​ရေ​ကန်​တိုင်​အောင် လွန်​ပြန်၍၊ မြင်း​လမ်း​မ​ရှိ​သော​ကြောင့်၊ 15တစ်​ဖန် ထို​ည၌ ချောင်း​နား​တွင်​လျှောက်​သွား၍၊ မြို့​ရိုး​ကို ကြည့်​ရှု​ပြီး​မှ၊ ချိုင့်​တံ​ခါး​ဖြင့်​လှည့်၍ ဝင်​ပြန်​လေ၏။ 16အ​ဘယ်​အ​ရပ်​သို့​သွား​သည်၊ အ​ဘယ်​သို့​ပြု​သည်​ကို မင်း​တို့​သည် မ​သိ​ကြ။ ယု​ဒ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ လုပ်​ဆောင်​သော​သူ တစ်​စုံ​တစ်​ယောက်​အား​မျှ ငါ​သည် ကိုယ်​အ​မှု​ကို​မ​ပြော​သေး။
17နောက်​တစ်​ဖန်၊ ငါ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း၊ ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ခြင်း၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ခြင်း​ကို သင်​တို့​သိ​မြင်​ကြ၏။ လာ​ကြ။ ကဲ့​ရဲ့​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို တည်​ကြ​ကုန်​အံ့​ဟု သူ​တို့​အား​ဆို​လျက်၊ 18ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​မိန့်​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း ကြား​ပြော​လေ​သော်၊ သူ​တို့​က၊ ငါ​တို့​သည် ထ၍​တည်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊ ထို​ကောင်း​မှု​ကို ပြီး​စေ​ခြင်း​ငှာ၊ တစ်​ယောက်​ကို​တစ်​ယောက် နှိုး​ဆော်​ကြ၏။ 19ထို​သ​တင်း​ကို ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်၊ ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား​တော​ဘိ၊ အာ​ရပ်​အ​မျိုး​သား ဂေ​ရှင်​တို့​သည် ကြား​လျှင်၊ ပြက်​ရယ်​ပြု၍ သင်​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​မည်​နည်း။ ရှင်​ဘု​ရင်​ကို ပုန်​ကန်​ကြ​မည်​လော​ဟု ကဲ့​ရဲ့​လျက်​ဆို​ကြ၏။ 20ငါ​က​လည်း၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ခွင့်​ပေး​တော်​မူ​မည်။ ထို​ကြောင့် ဘု​ရား​သ​ခင်၏​ကျွန်​ဖြစ်​သော ငါ​တို့​သည် ထ၍​တည်​မည်။ သင်​တို့​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့​တွင် ဘာ​မျှ​မ​ဆိုင်​မ​ပိုင်၊ မှတ်​စ​ရာ​သက်​သေ​မ​ရှိ​ဟု ပြန်​ပြော၏။

လက်ရှိရွေးချယ်ထားမှု

နေဟမိ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ