YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 6:1-6

ရှင်မာကု 6:1-6 Judson Bible (JBMLE)

ထို​အ​ရပ်​မှ​ကြွ၍ တ​ပည့်​တော်​တို့​သည် လိုက်​ကြ​သ​ဖြင့် မိ​မိ​မြို့​သို့ ရောက်​တော်​မူ၏။- ဥ​ပုသ်​နေ့​ရောက်​လျှင် တ​ရား​ဇ​ရပ်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ လူ​များ​တို့​သည် ကြား​နာ​ရ​လျှင် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်၍၊ ဤ​သူ​သည် ဤ​အ​ရာ​တို့​ကို အ​ဘယ်​မှာ​ရ​သ​နည်း။ သူ​ရ​သော ပ​ညာ​ကား အ​ဘယ်​ပ​ညာ​နည်း။ ဤ​မျှ​လောက်​သော တန်​ခိုး​များ​ကို အ​ဘယ်​သို့ ပြ​နိုင်​သ​နည်း။- သူ​သည် လက်​သ​မား​မ​ဟုတ်​လော။ မာ​ရိ၏​သား မ​ဟုတ်​လော။ ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ၊ ရှိ​မုန်​တို့၏ အစ်​ကို​မ​ဟုတ်​လော။ သူ့​နှ​မ​များ​သည်​လည်း ငါ​တို့​နှင့် အ​နီး​အ​ပါး​နေ​ကြ​သည်​မ​ဟုတ်​လော​ဟု ပြော​ဆို​လျက် စေ​တ​နာ​စိတ် ပျက်​ကြ၏။- ယေ​ရှု​က​လည်း၊ ပ​ရော​ဖက်​သည် မိ​မိ​မြို့၊ မိ​မိ​အ​ဆွေ​နေ​ရာ၊ မိ​မိ​အိမ်​မှ​တစ်​ပါး အ​ခြား​သော​အ​ရပ်၌ အ​သ​ရေ​ရှိ​သည်​ဟု ထို​သူ​တို့​အား မိန့်​တော်​မူ၏။- မ​ကျန်း​မ​မာ​သော​သူ​အ​ချို့​တို့ အ​ပေါ်​မှာ လက်​တော်​ကို​တင်၍ အ​နာ​ကို​ငြိမ်း​စေ​ခြင်း​မှ​တစ်​ပါး အ​ဘယ်​တန်​ခိုး​တော်​ကို​မျှ ထို​အ​ရပ်၌ ပြ​တော်​မ​မူ​နိုင်။- ထို​သူ​တို့​သည် မ​ယုံ​ကြည်​ကြ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​တော်​မူ၏။ ပတ်​လည်၌​ရှိ​သော မြို့​ရွာ​များ​သို့ ဒေ​သ​စာ​ရီ လှည့်​လည်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။

ရှင်မာကု 6:1-6 Common Language Bible (BCL)

ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ ထို အ​ရပ်​မှ​ကြွ​တော်​မူ​ပြီး​နောက် မိ​မိ​၏​နေ​ရင်း မြို့​သို့​ရောက်​ရှိ​လာ​၏။- ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​တွင် ဟော​ပြော​သွန်​သင်​တော်​မူ​၏။ ကိုယ်​တော်​၏​သွန် သင်​ချက်​ကို​ကြား​သော​အ​ခါ -လူ​အ​ပေါင်း​တို့ သည်​အံ့​သြ​ကြ​၏။ ``ဤ​သူ​သည်​ဤ​ပညာ​ကို အ​ဘယ်​မှာ​ရ​ရှိ​သ​နည်း။ သူ​ရ​ရှိ​သည့်​ပညာ ကား​အ​ဘယ်​ပညာ​နည်း။ ဤ​နိ​မိတ်​လက္ခ​ဏာ​များ ကို​အ​ဘယ်​သို့​ပြ​နိုင်​သ​နည်း။- ဤ​သူ​သည်​မာ​ရိ​၏​သား​မ​ဟုတ်​လော။ ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ​နှင့်​ရှိ​မုန်​တို့​၏​အစ်​ကို​လက်​သ​မား ဆ​ရာ​ပင်​မ​ဟုတ်​လော သူ​၏​နှ​မ​များ​သည်​ငါ​တို့ အ​ရပ်​သူ​များ​မ​ဟုတ်​လော'' ဟု​ပြော​ဆို​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​မ​ခံ ကြ။ သ​ခင်​ယေ​ရှု​က ``ပ​ရော​ဖက်​မည်​သည်​မိ​မိ​နေ​ရင်း မြို့​ရွာ၊ ဆွေ​မျိုး၊ အိမ်​ထောင်​စု​မှ​လွဲ​၍​အ​ဘယ် အ​ရပ်​တွင်​မ​ဆို​ဂုဏ်​အ​သ​ရေ​ရှိ​သည်'' ဟု မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​ထို​မြို့​တွင်​ဖျား​နာ​သူ​အ​နည်း​ငယ် ကို​လက်​တော်​တင်​၍ ကျန်း​မာ​စေ​တော်​မူ​သည်​မှ အ​ပ အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ​ပြ​တော် မ​မူ​နိုင်။- ကိုယ်​တော်​သည်​ထို​သူ​တို့​ယုံ​ကြည်​ခြင်း​ကင်း​မဲ့ ကြ​သည်​ကို​အံ့​သြ​တော်​မူ​၏။

ရှင်မာကု 6:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယေရှု​သည် ထို​နေရာ​မှ​ထွက်ခွာ​၍ မိမိ​၏​နေရင်း​မြို့​သို့​ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။ ဥပုသ်နေ့​ရောက်​သောအခါ ဝတ်ပြု​စည်းဝေး​ကျောင်း​၌ သွန်သင်​တော်မူ​ရာ ကြားနာ​သူ​များစွာ​တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် ဤ​အရာ​များ​ကို အဘယ်က​ရ​သနည်း။ ဤ​သူ​ရ​သည့်​ဉာဏ်ပညာ​နှင့် သူ့​လက်​ဖြင့်​ပြု​သော တန်ခိုး​လက္ခဏာ​များ​ကား မည်သို့​နည်း။ သူ​သည် လက်သမား​မ​ဟုတ်​လော။ မာရိ​၏​သား​ဖြစ်ပြီး ယာကုပ်၊ ယောသေ၊ ယုဒ​နှင့်​ရှိမုန်​တို့​၏​အစ်ကို​မ​ဟုတ်​လော။ သူ​၏​နှမ​များ​သည်​လည်း ငါ​တို့​နှင့်အတူ ဤ​အရပ်​၌​ရှိ​ကြ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကာ ကိုယ်တော်​အပေါ်​ဘဝင်မကျ​ဖြစ်​ကြ​၏။ ယေရှု​က​လည်း“ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့၊ မိမိ​၏​ဆွေမျိုး​များ​ကြား​နှင့် မိမိ​၏​အိမ်​တို့​မှတစ်ပါး မည်သည့်​အရပ်​၌​မျှ ဂုဏ်သရေ​မဲ့​သည်​ဟူ၍​မ​ရှိ”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် မ​ကျန်းမာ​သော​သူ​အနည်းငယ်​တို့​အပေါ် လက်​တော်​တင်​လျက် ကျန်းမာ​စေ​ခဲ့​ခြင်း​မှတစ်ပါး ထို​နေရာ​၌ မည်သည့်​တန်ခိုး​လက္ခဏာ​ကို​မျှ​မ​ပြု​နိုင်​ခဲ့​ပေ။ ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​အတွက် အံ့သြ​တော်မူ​၏​။ ဤသို့ဖြင့် ဝန်းကျင်​ရှိ​ကျေးရွာ​များ​သို့ လှည့်လည်​၍​သွန်သင်​တော်မူ​၏။