YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 6:1-6

ရှင်မာကုခရစ်ဝင် 6:1-6 MSBU

ထို့နောက် ယေရှု​သည် ထို​နေရာ​မှ​ထွက်ခွာ​၍ မိမိ​၏​နေရင်း​မြို့​သို့​ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။ ဥပုသ်နေ့​ရောက်​သောအခါ ဝတ်ပြု​စည်းဝေး​ကျောင်း​၌ သွန်သင်​တော်မူ​ရာ ကြားနာ​သူ​များစွာ​တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် ဤ​အရာ​များ​ကို အဘယ်က​ရ​သနည်း။ ဤ​သူ​ရ​သည့်​ဉာဏ်ပညာ​နှင့် သူ့​လက်​ဖြင့်​ပြု​သော တန်ခိုး​လက္ခဏာ​များ​ကား မည်သို့​နည်း။ သူ​သည် လက်သမား​မ​ဟုတ်​လော။ မာရိ​၏​သား​ဖြစ်ပြီး ယာကုပ်၊ ယောသေ၊ ယုဒ​နှင့်​ရှိမုန်​တို့​၏​အစ်ကို​မ​ဟုတ်​လော။ သူ​၏​နှမ​များ​သည်​လည်း ငါ​တို့​နှင့်အတူ ဤ​အရပ်​၌​ရှိ​ကြ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကာ ကိုယ်တော်​အပေါ်​ဘဝင်မကျ​ဖြစ်​ကြ​၏။ ယေရှု​က​လည်း“ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့၊ မိမိ​၏​ဆွေမျိုး​များ​ကြား​နှင့် မိမိ​၏​အိမ်​တို့​မှတစ်ပါး မည်သည့်​အရပ်​၌​မျှ ဂုဏ်သရေ​မဲ့​သည်​ဟူ၍​မ​ရှိ”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် မ​ကျန်းမာ​သော​သူ​အနည်းငယ်​တို့​အပေါ် လက်​တော်​တင်​လျက် ကျန်းမာ​စေ​ခဲ့​ခြင်း​မှတစ်ပါး ထို​နေရာ​၌ မည်သည့်​တန်ခိုး​လက္ခဏာ​ကို​မျှ​မ​ပြု​နိုင်​ခဲ့​ပေ။ ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​အတွက် အံ့သြ​တော်မူ​၏​။ ဤသို့ဖြင့် ဝန်းကျင်​ရှိ​ကျေးရွာ​များ​သို့ လှည့်လည်​၍​သွန်သင်​တော်မူ​၏။