ကိုယ်တော်သည်တပည့်တော်တို့နှင့်အတူ ထို အရပ်မှကြွတော်မူပြီးနောက် မိမိ၏နေရင်း မြို့သို့ရောက်ရှိလာ၏။- ဥပုသ်နေ့၌ကိုယ်တော်သည်တရားဇရပ်တွင် ဟောပြောသွန်သင်တော်မူ၏။ ကိုယ်တော်၏သွန် သင်ချက်ကိုကြားသောအခါ -လူအပေါင်းတို့ သည်အံ့သြကြ၏။ ``ဤသူသည်ဤပညာကို အဘယ်မှာရရှိသနည်း။ သူရရှိသည့်ပညာ ကားအဘယ်ပညာနည်း။ ဤနိမိတ်လက္ခဏာများ ကိုအဘယ်သို့ပြနိုင်သနည်း။- ဤသူသည်မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုလက်သမား ဆရာပင်မဟုတ်လော သူ၏နှမများသည်ငါတို့ အရပ်သူများမဟုတ်လော'' ဟုပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုလက်မခံ ကြ။ သခင်ယေရှုက ``ပရောဖက်မည်သည်မိမိနေရင်း မြို့ရွာ၊ ဆွေမျိုး၊ အိမ်ထောင်စုမှလွဲ၍အဘယ် အရပ်တွင်မဆိုဂုဏ်အသရေရှိသည်'' ဟု မိန့်တော်မူ၏။ ကိုယ်တော်သည်ထိုမြို့တွင်ဖျားနာသူအနည်းငယ် ကိုလက်တော်တင်၍ ကျန်းမာစေတော်မူသည်မှ အပ အဘယ်နိမိတ်လက္ခဏာကိုမျှပြတော် မမူနိုင်။- ကိုယ်တော်သည်ထိုသူတို့ယုံကြည်ခြင်းကင်းမဲ့ ကြသည်ကိုအံ့သြတော်မူ၏။
ရှင်မာကု 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 6:1-6
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ