ရှင်မာကု 4:35-41
ရှင်မာကု 4:35-41 Judson Bible (JBMLE)
ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတစ်ဖက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊- တပည့်တော်တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။- ထိုအခါ ပြင်းစွာသော မိုးသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့်လေ၏။- ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍ နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ် ရှိတော်မူ သလောဟု လျှောက်ကြသော်၊- ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍ အလွန်သာယာလေ၏။- ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက် ကြောက်တတ်သနည်း။ အဘယ်ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင်၊- သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
ရှင်မာကု 4:35-41 Common Language Bible (BCL)
ထိုနေ့၌ပင်ညနေချမ်းအချိန်ကျရောက်လာ သောအခါ ကိုယ်တော်ကတပည့်တော်တို့အား ``အိုင် တစ်ဖက်ကမ်းသို့ကူးကြကုန်အံ့'' ဟုမိန့်တော်မူ၏။- တပည့်တော်တို့သည်လည်းလူပရိသတ်ထံမှ ထွက်ခွာပြီးလျှင် ကိုယ်တော်ရောက်ရှိနေနှင့် ပြီးသည့်လှေပေါ်သို့တက်၍ရွက်လွှင့်ကြ၏။ အခြားလှေများလည်းပါ၏။- ထိုအချိန်၌ရုတ်တရက်လေမုန်တိုင်းကျရောက် လာကာလှိုင်းရိုက်သွင်းသဖြင့်လှေသည်ရေနှင့် ပြည့်လုမတတ်ရှိလေ၏။- ကိုယ်တော်ကားလှေပဲ့ပိုင်းတွင် မှီအုံးတစ်ခုပေါ် မှာအိပ်စက်လျက်နေတော်မူ၏။ တပည့်တော်တို့ သည်ကိုယ်တော်ကိုနှိုးကြ၏။ ``အရှင်ဘုရား၊ အကျွန်ုပ်တို့ရေနစ်သေဆုံးမည်ကိုဂရုပြု တော်မမူပါသလော'' ဟုမေးလျှောက်ကြ၏။ ကိုယ်တော်သည်အိပ်ရာမှနိုးတော်မူ၍ လေနှင့်လှိုင်း များအား ``ဆိတ်ဆိတ်နေလော့၊ ငြိမ်သက်လော့'' ဟု အမိန့်ပေးတော်မူ၏။ လေသည်ငြိမ်သွား၏။ လှိုင်း လည်းမထတော့ပေ။- ထိုနောက်ကိုယ်တော်ကတပည့်တော်တို့အား ``အဘယ်ကြောင့်ဤမျှကြောက်လန့်ကြသနည်း။ ယခုတိုင်အောင်ပင်သင်တို့သည် ငါ့အပေါ်၌ ယုံကြည်ကိုးစားမှုကင်းလျက်ရှိနေကြသေး သနည်း'' ဟုမေးတော်မူ၏။ ထိုအခါသူတို့သည်လွန်စွာထိတ်လန့်ကြ၏။ ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြသည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။
ရှင်မာကု 4:35-41 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုနေ့ ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်က“တစ်ဖက်ကမ်းသို့ကူးကြစို့”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ထို့ကြောင့် သူတို့သည် လူထုပရိသတ်ကိုချန်ထားခဲ့၍ လှေပေါ်၌ရှိနေသောကိုယ်တော်ကို ခေါ်ဆောင်သွားကြ၏။ အခြားသောလှေများသည်လည်း ကိုယ်တော်နှင့်အတူလိုက်ပါကြ၏။ ထိုအခါ ပြင်းထန်သောလေမုန်တိုင်းကျရောက်လာ၍ လှိုင်းများသည် လှေကိုရိုက်ခတ်သဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်လေ၏။ သို့သော် ကိုယ်တော်သည် လှေပဲ့ပိုင်းတွင် ခေါင်းအုံးအုံးလျက် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကိုနှိုးလျက် “ဆရာ၊ အကျွန်ုပ်တို့သေရတော့မည်ကို ကိုယ်တော်ဂရုမစိုက်ဘဲနေတော်မူသလော”ဟု လျှောက်ကြ၏။ ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုဆုံးမကာ ပင်လယ်အား“တိတ်ဆိတ်ငြိမ်သက်လော့”ဟု မိန့်တော်မူရာ လေသည်ငြိမ်သဖြင့် အလွန်ငြိမ်သက်သာယာသွားလေ၏။ ထို့နောက် ကိုယ်တော်က“အဘယ်ကြောင့် ကြောက်တတ်သနည်း။ ယခုထိ ယုံကြည်ခြင်းမရှိကြသေးသလော”ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်လျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။