YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 4:35-41

ရှင်မာကု 4:35-41 JBMLE

ထို​နေ့​ည​အ​ချိန်၌ ကိုယ်​တော်​က၊ ကမ်း​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​လျှင်၊- တ​ပည့်​တော်​တို့​သည် လူ​စု​ဝေး​ရာ​မှ​ထွက်၍ လှေ​ပေါ်၌​ရှိ​နှင့်​သော ကိုယ်​တော်​ပါ​လျက် သွား​ကြ၏။ အ​ခြား​လှေ​တို့​လည်း ပါ​သေး၏။- ထို​အ​ခါ ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​ဖြစ်၍ လှိုင်း​တံ​ပိုး​ခတ်​သော​ကြောင့် လှေ​သည် ရေ​နှင့် ပြည့်​လေ၏။- ကိုယ်​တော်​သည် ပဲ့၌ ခေါင်း​အုံး​ပေါ်​မှာ ကျိန်း​စက်၍ နေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို နှိုး​ပြီး​မှ၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ သ​လော​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​သည် ထ၍ တိတ်​ဆိတ်​ငြိမ်​ဝပ်​စွာ​နေ​ဟု လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် လေ​သည်​ငြိမ်၍ အ​လွန်​သာ​ယာ​လေ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​မျှ​လောက် ကြောက်​တတ်​သ​နည်း။ အ​ဘယ်​ကြောင့် ယုံ​ကြည်​ခြင်း​စိတ်​နှင့် ကင်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

Video for ရှင်မာကု 4:35-41