YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 4:30-34

ရှင်မာကု 4:30-34 Judson Bible (JBMLE)

ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​ဥ​ပ​မာ​နှင့် ခိုင်း​နှိုင်း​ရ​အံ့​နည်း​ဟူ​မူ​ကား၊- မုန်​ညင်း​စေ့​နှင့် တူ၏။ မုန်​ညင်း​စေ့​သည် မြေ၌​စိုက်​သော​အ​ခါ မြေ၌​ရှိ​သော အ​စေ့​တ​ကာ​တို့​ထက် ငယ်​သော်​လည်း၊ စိုက်​ပြီး​မှ အ​ပင်​ပေါက်၍၊- မြက်​ပင်​တ​ကာ​တို့​ထက် ကြီး​ပွား​သ​ဖြင့်၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် အ​ရိပ်​ခို၍ နား​နေ​လောက်​သော အ​ကိုင်း​အ​ခက်​ကြီး​တို့​ကို ဖြစ်​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​သို့​သော ဥ​ပ​မာ​စ​ကား​များ​အား​ဖြင့် ကိုယ်​တော်​သည် ပ​ရိ​သတ်​များ နား​ထောင်​နိုင်​သည်​အ​တိုင်း တ​ရား​ဟော​တော်​မူ၏။- ဥ​ပ​မာ​ကင်း၍ ဟော​ပြော​တော်​မ​မူ။ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဆိတ်​ကွယ်​ရာ​အ​ရပ်၌ တ​ပည့်​တော်​တို့​အား ဖွင့်​ပြ​တော်​မူ၏။

ရှင်မာကု 4:30-34 Common Language Bible (BCL)

တစ်​ဖန်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် ကို​မည်​သို့​ဥ​ပ​မာ​နှိုင်း​ရ​အံ့​နည်း။ မည်​သည့်​ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​ဖော်​ပြ​ရ​မည်​နည်း။- ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​မုန်​ညင်း​စေ့​နှင့် တူ​၏။ မုန်​ညင်း​စေ့​သည်​မြေ​၌​စိုက်​စဉ်​အ​ခါ ကမ္ဘာ ပေါ်​ရှိ​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ်​၏။- စိုက်​ပြီး​နောက်​ကြီး​ပွား​လာ​သော​အ​ခါ အ​ခြား အ​ပင်​ငယ်​များ​အား​လုံး​ထက်​ပို​၍​ကြီး​မား​၏။ အ​ကိုင်း​အ​ခက်​ကြီး​များ​လည်း​ပေါ်​ထွက်​လာ​၏။ ကောင်း​ကင်​ငှက်​များ​ပင်​ထို​အ​ပင်​အ​ရိပ်​ဝယ် နား​နေ​နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ ယင်း​သို့​လျှင်​ကိုယ်​တော်​သည်​ထို​သူ​တို့​နား​လည် နိုင်​သည့်​ပုံ​ဥ​ပ​မာ​များ​အား​ဖြင့် တ​ရား​တော် ကို​ဟော​ပြော​တော်​မူ​၏။- ပုံ​ဥ​ပ​မာ​နှင့်​ကင်း​၍​ဟော​တော်​မ​မူ။ တ​ပည့်​တော် တို့​အား​လူ​ပ​ရိ​သတ်​ကင်း​ရှင်း​ချိန်​၌ ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။

ရှင်မာကု 4:30-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း၊ သို့မဟုတ် မည်သည့်​ပုံ​ဥပမာ​ဖြင့် ဖော်ပြ​ရ​မည်နည်း။ ၎င်း​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ ထို​အစေ့​သည် မြေ​၌​စိုက်​သောအခါ မြေကြီး​ပေါ်​ရှိ အစေ့​တကာ​တို့​ထက် သေးငယ်​၏။ စိုက်​ပြီး ကြီးထွား​လာ​သောအခါ​တွင်​မူ ဟင်းသီးဟင်းရွက်​ပင်​အားလုံး​ထက်​ကြီး​၍ ၎င်း​၏​အရိပ်​အောက်​တွင် မိုး​ကောင်းကင်​ငှက်​တို့​သည် အသိုက်ဖွဲ့​နေ​နိုင်​လောက်​သော ကြီးမား​သည့်​အကိုင်း​များ​ထွက်လာ​၏”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ထိုသို့သော​ပုံ​ဥပမာ​များစွာ​တို့​ဖြင့် လူတို့​ကြားနာ​နိုင်​သည့်​အတိုင်း တရား​စကား​ကို သူ​တို့​အား ဟောပြော​တော်မူ​၏။ ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား ဟောပြော​တော်​မ​မူ။ သို့သော် မိမိ​တပည့်​တော်​တို့​ကို​မူကား အကြောင်းအရာ​အားလုံး​ကို သီးသန့်​ရှင်းပြ​တော်မူ​၏။