တစ်ဖန် ကိုယ်တော်က“ဘုရားသခင်၏နိုင်ငံတော်ကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း၊ သို့မဟုတ် မည်သည့်ပုံဥပမာဖြင့် ဖော်ပြရမည်နည်း။ ၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ ထိုအစေ့သည် မြေ၌စိုက်သောအခါ မြေကြီးပေါ်ရှိ အစေ့တကာတို့ထက် သေးငယ်၏။ စိုက်ပြီး ကြီးထွားလာသောအခါတွင်မူ ဟင်းသီးဟင်းရွက်ပင်အားလုံးထက်ကြီး၍ ၎င်း၏အရိပ်အောက်တွင် မိုးကောင်းကင်ငှက်တို့သည် အသိုက်ဖွဲ့နေနိုင်လောက်သော ကြီးမားသည့်အကိုင်းများထွက်လာ၏”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် ထိုသို့သောပုံဥပမာများစွာတို့ဖြင့် လူတို့ကြားနာနိုင်သည့်အတိုင်း တရားစကားကို သူတို့အား ဟောပြောတော်မူ၏။ ပုံဥပမာမပါဘဲ သူတို့အား ဟောပြောတော်မမူ။ သို့သော် မိမိတပည့်တော်တို့ကိုမူကား အကြောင်းအရာအားလုံးကို သီးသန့်ရှင်းပြတော်မူ၏။
ရှင်မာကုခရစ်ဝင် 4 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကုခရစ်ဝင် 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 4:30-34
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ