YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 15:33-47

ရှင်မာကု 15:33-47 Judson Bible (JBMLE)

မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။- သုံး​ချက်​တီး​အ​ချိန်၌ ယေ​ရှု​က၊ ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ၏။ အ​နက်​ကား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း​ဟု ဆို​လို​သ​တည်း။- အ​နား၌​ရပ်​နေ​သော သူ​အ​ချို့​တို့​သည် ကြား​လျှင်၊ သူ​သည်​ဧ​လိ​ယ​ကို ခေါ်​သည်​ဟု ဆို​ကြ၏။- လူ​တစ်​ယောက်​သည် ပြေး၍ ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ကျူ​လုံး​ဖျား၌​တပ်၍ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျက်၊ ရှိ​စေ​တော့။ ဧ​လိ​ယ​သည် သူ့​ကို​ချ​ယူ​ခြင်း​ငှာ လာ​မည်​မ​လာ​မည်​ကို ကြည့်​ကြ​ကုန်​အံ့​ဟု ဆို၏။- ယေ​ရှု​သည် ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်၍ အ​သက်​ချုပ်​တော်​မူ၏။ ထို​အ​ခါ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင် စုတ်​ကွဲ​လေ၏။- ထို​သို့ ကြွေး​ကြော်၍ အ​သက်​ချုပ်​တော်​မူ​ကြောင်း​ကို ရှေ့​တော်၌​ရပ်​နေ​သော တပ်​မှူး​သည် မြင်​လျှင်၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပေ၏​ဟု ဆို၏။- မိန်း​မ​အ​ချို့​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။- ထို​မိန်း​မ​တို့​တွင် ကိုယ်​တော်​သည် ဂါ​လိ​လဲ​ပြည်​မှာ ရှိ​တော်​မူ​စဉ်၊ နောက်​တော်​သို့ အ​လုပ်​အ​ကျွေး​လိုက်​သော မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် ရှာ​လုံ​တို့​မှ​စ၍ နောက်​တော်၌ ယေ​ရု​ရှ​လင်​မြို့​သို့ လိုက်​လာ​သော အ​ခြား​မိန်း​မ​များ​လည်း ပါ​ကြ​သ​တည်း။ ထို​နေ့​ကား အ​ဖိတ်​နေ့​တည်း​ဟူ​သော ပ​ရ​က္ကု​နေ့ ဖြစ်​သော​ကြောင့် ည​အ​ချိန်​ရောက်​မှ၊- အ​သ​ရေ​ရှိ​သော လွှတ်​အ​ရာ​ရှိ၊ အ​ရိ​မဿဲ​မြို့​သား ယော​သပ်​သည်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မျှော်​လင့်​သော​သူ ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့ ရဲ​ရင့်​စွာ​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။- ယေ​ရှု​သည် ယ​ခု​ပင်​သေ​သည်​ကို ပိ​လတ်​မင်း​သည် အံ့​ဩ​ခြင်း​ရှိ​သ​ဖြင့် တပ်​မှူး​ကို​ခေါ်၍၊ သေ​သည်​ကား ကြာ​ပြီ​လော​ဟု မေး၏။- သေ​ကြောင်း​ကို တပ်​မှူး​စ​ကား​ဖြင့်​သိ​လျှင်၊ အ​လောင်း​တော်​ကို ယော​သပ်​အား အပ်​ပေး၏။- ယော​သပ်​သည် ကိုယ်​တော်​ကို​ချ၍၊ မိ​မိ​ဝယ်​ခဲ့​သော ပိတ်​ချော​နှင့်​ပတ်​ရစ်​ပြီး​လျှင်၊ ကျောက်၌​ထွင်း​သော သင်္ချိုင်း​တွင်း​ထဲ​မှာ​ထား၍ တွင်း၌ ကျောက်​ကို လှိမ့်​ထား​လေ၏။- မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​တို့​သည် အ​လောင်း​တော်​ထား​ရာ​အ​ရပ်​သို့ ကြည့်​ရှု​ကြ၏။

ရှင်မာကု 15:33-47 Common Language Bible (BCL)

မွန်း​တည့်​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ လေ​၏။- မွန်း​လွဲ​သုံး​နာ​ရီ​ချိန်​၌​သ​ခင်​ယေ​ရှု​သည် ``ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ'' ဟု​ကျယ်​စွာ​ကြွေး ကြော်​တော်​မူ​၏။ ဆို​လို​သည့်​အ​နက်​ကား ``အ​ကျွန်ုပ် ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် ကို​စွန့်​ပစ်​တော်​မူ​သ​နည်း'' ဟူ​၏။ အ​နီး​တွင်​ရပ်​နေ​သူ​လူ​အ​ချို့​တို့​သည်​ထို စ​ကား​ကို​ကြား​လျှင် ``ကြည့်​လော့။ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​လျက်​နေ​၏'' ဟု​ဆို​ကြ​၏။- လူ​တစ်​ယောက်​သည်​ပြေး​၍​ပုံး​ရေ​ကို​ပင်​လယ် ရေ​မြှုပ်​ဖြင့်​စုပ်​ယူ​၏။ ထို​နောက်​ရေ​မြှုပ်​ကို​ကူ ရိုး​အ​ဖျား​တွင်​တပ်​၍ ကိုယ်​တော်​အား​သောက်​ရန် ဆက်​ကပ်​လျက် ``သူ့​ကို​ကယ်​ရန်​ဧ​လိ​ယ​လာ မ​လာ​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။ သ​ခင်​ယေ​ရှု​သည်​ကျယ်​စွာ​ကြွေး​ကြော်​တော် မူ​ပြီး​နောက်​အ​သက်​ချုပ်​တော်​မူ​၏။- ထို​အ​ခါ​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည် အ​ထက် စွန်း​မှ​အောက်​စွန်း​တိုင်​အောင်​နှစ်​ခြမ်း​ကွဲ​လေ​၏။- ကိုယ်​တော်​၏​ရှေ့​တွင်​ရပ်​နေ​သူ​တပ်​မှူး​သည် ကိုယ် တော်​အ​သက်​ချုပ်​တော်​မူ​ပုံ​ကို​မြင်​သ​ဖြင့် ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဖြစ်​၏'' ဟု​ဆို​၏။ အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​အ​ဝေး​က​ရပ် လျက်​ကြည့်​နေ​ကြ​၏။ ထို​သူ​တို့​အ​ထဲ​တွင် မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ​နှင့်​ရှာ​လုံ တို့​ပါ​၏။- သူ​တို့​သည်​ကိုယ်​တော်​ဂါ​လိ​လဲ​ပြည်​တွင်​ရှိ တော်​မူ​ခဲ့​စဉ် နောက်​တော်​သို့​လိုက်​၍​လုပ်​ကျွေး သ​မှု​ပြု​ကြ​သူ​များ​ဖြစ်​၏။ သူ​တို့​အ​ပြင် ကိုယ်​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ သော​အ​ခြား​အ​မျိုး​သ​မီး​များ​လည်း​ထို အ​ရပ်​တွင်​ရှိ​နေ​ကြ​၏။ ထို​နေ့​ကား (ဥ​ပုသ်​နေ့​အ​ကြို) ပြင်​ဆင်​ရာ​အ​ဖိတ် နေ့​ဖြစ်​၏။ ည​နေ​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​ရောက်​ရှိ​လာ​၏။ သူ သည်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​သူ၊ တ​ရား​လွှတ်​တော် အ​ဖွဲ့​ဝင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် မည့်​အ​ချိန်​ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည် အ​ရဲ​တင်း​စွာ​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင် သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​လေ​၏။- ပိ​လတ်​မင်း​သည်​ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ ပြီ​ဖြစ်​ကြောင်း​ကို​ကြား​သော် အံ့​အား​သင့်​သွား သ​ဖြင့်​တပ်​မှူး​ကို​ခေါ်​၍ ကိုယ်​တော်​အ​သက်​ချုပ် တော်​မူ​သည်​မှာ​မည်​မျှ​ကြာ​ပြီ​ဖြစ်​ကြောင်း ကို​စုံ​စမ်း​မေး​မြန်း​၏။- သူ​သည်​တပ်​မှူး​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား ရ​ပြီး​နောက် ယော​သပ်​အား​အ​လောင်း​တော်​ကို ယူ​ခွင့်​ပြု​၏။- ယော​သပ်​သည်​ပိတ်​ချော​ကို​ဝယ်​ပြီး​လျှင် အ​လောင်း တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​၍​ထို​ပိတ်​ဖြင့် ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို​ထွင်း​ထား​သည့် သင်္ချိုင်း​ဂူ​တွင် သင်္ဂြိုဟ်​ကာ​ဂူ​ဝ​ကို​ကျောက်​တုံး ကြီး​လှိမ့်​၍​ပိတ်​ထား​လိုက်​၏။- အ​လောင်း​တော်​ကို​သင်္ဂြိုဟ်​သည့်​နေ​ရာ​ကို မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ​နှင့်​ယော​သေ​၏ အ​မိ​မာ​ရိ​တို့​တွေ့​မြင်​ရ​ကြ​၏။

ရှင်မာကု 15:33-47 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မွန်းတည့်​ချိန်​ရောက်​သောအခါ မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လာ​၍ မွန်းလွဲ​သုံး​နာရီ​တိုင်အောင် ထိုသို့​ဖြစ်​လေ​၏။ မွန်းလွဲ​သုံး​နာရီ​အချိန်​တွင် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”​ဟု အော်ဟစ်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ“အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​ကို အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း”​ဟူ၍​ဖြစ်​၏။ အနီး​၌​ရပ်​နေ​သော​သူ​အချို့​တို့​သည်​ကြား​လျှင် “ကြည့်​ပါ။ သူ​သည် ဧလိယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။ ထိုအခါ လူ​တစ်​ဦး​သည်​ပြေးသွား​၍ ရေမြှုပ်​ကို ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​ကာ “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို အောက်သို့​ချ​ရန် လာ​မည်​၊ မ​လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​စို့”​ဟု ဆို​လေ​၏။ ထို့နောက် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ချုပ်ငြိမ်း​တော်မူ​၏။ ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည် အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ ကိုယ်တော်​ဘက်​သို့​မျက်နှာမူ​လျက် ရပ်​နေ​သော​တပ်မှူး​သည် ကိုယ်တော်​အသက်​ချုပ်ငြိမ်း​တော်မူ​ပုံ​ကို တွေ့မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။ ထို​အရပ်​၌ အဝေး​မှ​ကြည့်​နေ​သော​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။ သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​အငယ်​နှင့်​ယောသေ​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဆလိုမေ​တို့​လည်း​ပါ​၏။ သူ​တို့​သည် ဂါလိလဲ​နယ်​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​စဉ်က နောက်​တော်​သို့​လိုက်​၍ ကိုယ်တော်​ကို​လုပ်ကျွေး​ပြုစု​ခဲ့​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အပြင် ကိုယ်တော်​နှင့်အတူ ဂျေရုဆလင်​မြို့​သို့​လိုက်ပါ​လာ​သည့် များစွာ​သော​အခြား​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။ ထို​နေ့​သည် ပြင်ဆင်​ရာ​နေ့​တည်းဟူသော အဖိတ်နေ့​ဖြစ်​သဖြင့် ညနေချမ်း​အချိန်​ရောက်​သောအခါ ဂုဏ်သရေ​ကြီးမြင့်​သော လွှတ်တော်​အဖွဲ့ဝင်​တစ်​ဦး​ဖြစ်ပြီး ဘုရားသခင်​၏​နိုင်ငံ​တော်​ကို စောင့်မျှော်​နေ​သူ​လည်း​ဖြစ်​သော အရိမသဲ​မြို့သား​ယောသပ်​သည်​ရောက်လာ​၍ ပိလတ်​မင်း​ထံသို့ ရဲရင့်​စွာ​ဝင်​ကာ ယေရှု​၏​အလောင်း​တော်​ကို တောင်း​လေ​၏။ ပိလတ်​မင်း​သည် ယေရှု​သေဆုံး​ပြီ​လော​ဟု​အံ့ဩ​၍ တပ်မှူး​ကို​ခေါ်​လျက် ယေရှု​သေဆုံး​ပြီ​ဖြစ်​ကြောင်း ဟုတ်​၊ မ​ဟုတ်​မေး​လေ​၏။ တပ်မှူး​ထံမှ ဟုတ်မှန်​ကြောင်း​သိ​ရ​လျှင် အလောင်း​တော်​ကို ယောသပ်​အား​ပေး​လေ​၏။ ထိုအခါ ယောသပ်​သည် ပိတ်ချော​ကို​ဝယ်​ပြီးလျှင် အလောင်း​တော်​ကို လက်ဝါးကပ်တိုင်​ပေါ်မှ​ချ​၍ ပိတ်ချော​ဖြင့်​ပတ်ရစ်​ကာ ကျောက်ဆောင်​၌​ထွင်း​ထား​သော သင်္ချိုင်း​ဂူ​ထဲတွင်​သွင်းထား​၏။ ထို့နောက် ကျောက်တုံး​ကို​လှိမ့်​၍ သင်္ချိုင်း​ဂူ​ဝ​ကို ပိတ်​ထား​လေ​၏။ မာဂဒလ​မြို့သူ​မာရိ​နှင့် ယောသေ​၏​မိခင်​ဖြစ်​သော​မာရိ​တို့​သည်​လည်း မည်သည့်​နေရာ​၌ အလောင်း​တော်​ထား​ကြ​သည်​ကို ကြည့်ရှု​ကြ​၏။