မွန်းတည့်ချိန်မှစ၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျ လေ၏။- မွန်းလွဲသုံးနာရီချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်စွာကြွေး ကြော်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူသနည်း'' ဟူ၏။ အနီးတွင်ရပ်နေသူလူအချို့တို့သည်ထို စကားကိုကြားလျှင် ``ကြည့်လော့။ သူသည် ဧလိယကိုခေါ်လျက်နေ၏'' ဟုဆိုကြ၏။- လူတစ်ယောက်သည်ပြေး၍ပုံးရေကိုပင်လယ် ရေမြှုပ်ဖြင့်စုပ်ယူ၏။ ထိုနောက်ရေမြှုပ်ကိုကူ ရိုးအဖျားတွင်တပ်၍ ကိုယ်တော်အားသောက်ရန် ဆက်ကပ်လျက် ``သူ့ကိုကယ်ရန်ဧလိယလာ မလာငါတို့ကြည့်ကြကုန်အံ့'' ဟုဆို၏။ သခင်ယေရှုသည်ကျယ်စွာကြွေးကြော်တော် မူပြီးနောက်အသက်ချုပ်တော်မူ၏။- ထိုအခါဗိမာန်တော်ကန့်လန့်ကာသည် အထက် စွန်းမှအောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။- ကိုယ်တော်၏ရှေ့တွင်ရပ်နေသူတပ်မှူးသည် ကိုယ် တော်အသက်ချုပ်တော်မူပုံကိုမြင်သဖြင့် ``ဤသူကားအကယ်ပင်ဘုရားသခင်၏ သားတော်ဖြစ်၏'' ဟုဆို၏။ အမျိုးသမီးအချို့တို့သည်အဝေးကရပ် လျက်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလရွာသူမာရိ၊ ယာကုပ်ငယ်နှင့် ယောသေတို့၏အမိဖြစ်သူမာရိနှင့်ရှာလုံ တို့ပါ၏။- သူတို့သည်ကိုယ်တော်ဂါလိလဲပြည်တွင်ရှိ တော်မူခဲ့စဉ် နောက်တော်သို့လိုက်၍လုပ်ကျွေး သမှုပြုကြသူများဖြစ်၏။ သူတို့အပြင် ကိုယ်တော်နှင့်ယေရုရှလင်မြို့သို့လိုက်လာ သောအခြားအမျိုးသမီးများလည်းထို အရပ်တွင်ရှိနေကြ၏။ ထိုနေ့ကား (ဥပုသ်နေ့အကြို) ပြင်ဆင်ရာအဖိတ် နေ့ဖြစ်၏။ ညနေချမ်းအချိန်ကျသောအခါ အရိမဿဲမြို့သားယောသပ်ရောက်ရှိလာ၏။ သူ သည်ဂုဏ်အသရေကြီးမြင့်သူ၊ တရားလွှတ်တော် အဖွဲ့ဝင်ဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်တည် မည့်အချိန်ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည် အရဲတင်းစွာပိလတ်မင်းထံသို့ဝင်ပြီးလျှင် သခင်ယေရှု၏အလောင်းတော်ကိုတောင်းလေ၏။- ပိလတ်မင်းသည်ကိုယ်တော်အသက်ချုပ်တော်မူ ပြီဖြစ်ကြောင်းကိုကြားသော် အံ့အားသင့်သွား သဖြင့်တပ်မှူးကိုခေါ်၍ ကိုယ်တော်အသက်ချုပ် တော်မူသည်မှာမည်မျှကြာပြီဖြစ်ကြောင်း ကိုစုံစမ်းမေးမြန်း၏။- သူသည်တပ်မှူး၏အစီရင်ခံချက်ကိုကြား ရပြီးနောက် ယောသပ်အားအလောင်းတော်ကို ယူခွင့်ပြု၏။- ယောသပ်သည်ပိတ်ချောကိုဝယ်ပြီးလျှင် အလောင်း တော်ကိုလက်ဝါးကပ်တိုင်မှချ၍ထိုပိတ်ဖြင့် ပတ်၏။ ထိုနောက်ကျောက်ဆောင်ကိုထွင်းထားသည့် သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကာဂူဝကိုကျောက်တုံး ကြီးလှိမ့်၍ပိတ်ထားလိုက်၏။- အလောင်းတော်ကိုသင်္ဂြိုဟ်သည့်နေရာကို မာဂဒလရွာသူမာရိနှင့်ယောသေ၏ အမိမာရိတို့တွေ့မြင်ရကြ၏။
ရှင်မာကု 15 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 15:33-47
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ