YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 12:38-40

ရှင်မာကု 12:38-40 Judson Bible (JBMLE)

ထို​သို့ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စဉ်​တွင် တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ကျမ်း​ပြု​ဆ​ရာ​တို့​ကို ရှောင်​ကြ​လော့။ သူ​တို့​သည် ရှည်​သော​အင်္ကျီ​ကို​ဝတ်​လျက် လည်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။ ဈေး၌ ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊- ပွဲ​သ​ဘင်၊ တ​ရား​ဇ​ရပ်​တို့၌ မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။- သူ​တို့​သည် မု​ဆိုး​မ​အိမ်​ကို လု​ယူ​သိမ်း​စား၍ အ​ပြစ်​မ​ပေါ်​စေ​ခြင်း​ငှာ ရှည်​စွာ​သော ပ​တ္ထ​နာ​စ​ကား​ကို ရွတ်​တတ်​ကြ၏။ သူ​တို့​သည် သာ၍​ကြီး​စွာ​သော​ဒဏ်​ကို ခံ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 12:38-40 Common Language Bible (BCL)

ဤ​သို့​ဟော​ပြော​သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ကိုယ်​တော်​က ``ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ နှင့်​ရှောင်​ကြ​လော့။ သူ​တို့​သည်​ဝတ်​လုံ​များ​ကို ဝတ်​၍​ပ​လွှား​သွား​လာ​လို​ကြ​၏။ စျေး​ရပ်​ကွက် တွင်​အ​လေး​ပြု​ခြင်း​ကို​ခံ​လို​ကြ​၏။- တ​ရား​ဇ​ရပ်​များ​တွင်​သီး​သန့်​ထား​သော​နေ​ရာ များ​ကို​လည်း​ကောင်း၊ ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း ဆုံး​သော​နေ​ရာ​ထိုင်​ခင်း​များ​ကို​လည်း​ကောင်း​နှစ် သက်​ကြ​၏။- မု​ဆိုး​မ​များ​၏​အိမ်​များ​ကို​မ​တ​ရား​သိမ်း​ယူ ပြီး​လျှင် လူ​ကြား​ကောင်း​စေ​ရန်​ရှည်​လျား​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ သူ​တို့​သည်​ပို​၍ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​လတ္တံ့'' ဟု မိန့်​တော်​မူ​၏။

ရှင်မာကု 12:38-40 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​သည် ဆက်၍​ဟောပြော​သွန်သင်​တော်မူ​ရာ​၌“ကျမ်းပြု​ဆရာ​တို့​ကို သတိထား​ကြ​လော့။ သူ​တို့​သည် ဝတ်လုံ​ကို​ဝတ်​၍ သွားလာ​ခြင်း​ကို​လည်းကောင်း၊ ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း၊ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​များ​ကို​လည်းကောင်း၊ စားသောက်ပွဲ​များ​၌ အထူး​နေရာ​များ​ကို​လည်းကောင်း နှစ်သက်​ကြ​၏။ သူ​တို့​သည် မုဆိုးမ​တို့​၏​အိမ်​ကို​မတရား​သိမ်းယူ​ပြီး ဟန်ပြ​၍ ရှည်လျား​စွာ​ဆုတောင်း​တတ်​ကြ​၏။ သူ​တို့​သည် ပို၍​ကြီးလေး​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။