YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 12:38-40

ရှင်မာကုခရစ်ဝင် 12:38-40 MSBU

ကိုယ်တော်​သည် ဆက်၍​ဟောပြော​သွန်သင်​တော်မူ​ရာ​၌“ကျမ်းပြု​ဆရာ​တို့​ကို သတိထား​ကြ​လော့။ သူ​တို့​သည် ဝတ်လုံ​ကို​ဝတ်​၍ သွားလာ​ခြင်း​ကို​လည်းကောင်း၊ ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း၊ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​များ​ကို​လည်းကောင်း၊ စားသောက်ပွဲ​များ​၌ အထူး​နေရာ​များ​ကို​လည်းကောင်း နှစ်သက်​ကြ​၏။ သူ​တို့​သည် မုဆိုးမ​တို့​၏​အိမ်​ကို​မတရား​သိမ်းယူ​ပြီး ဟန်ပြ​၍ ရှည်လျား​စွာ​ဆုတောင်း​တတ်​ကြ​၏။ သူ​တို့​သည် ပို၍​ကြီးလေး​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။