YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 11:22-33

ရှင်မာကု 11:22-33 Judson Bible (JBMLE)

ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ခြင်း ရှိ​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ မိ​မိ​ဆို​သည်​အ​တိုင်း ဖြစ်​မည်​ဟု ယုံ​ကြည်​လျက်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌ ကျ​လော့​ဟု​ဆို​လျှင်၊ ထို​သူ​ဆို​သည်​အ​တိုင်း၊ ဖြစ်​လိမ့်​မည်။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ဆု​ကျေး​ဇူး​ကို​ရ​မည်​ဟု ယုံ​ကြည်​သော​စိတ်​နှင့် ဆု​တောင်း​သ​မျှ​တို့​ကို ရ​ကြ​လိမ့်​မည်။- သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သူ​တစ်​ပါး၌ အ​ပြစ်​တင်​ခွင့်​ရှိ​လျှင်၊ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။- သင်​တို့​သည် သူ့​အ​ပြစ်​ကို မ​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မ​မူ​ဟု မိန့်​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သို့ တစ်​ဖန်​ရောက်​ကြ​ပြီး​မှ ဗိ​မာန်​တော်​တွင် စင်္ကြံ​သွား​တော်​မူ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊- ကိုယ်​တော်​သည် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့်​ပြု​သ​နည်း။ ဤ​သို့​ပြုရ​သော​အ​ခွင့်​ကို အ​ဘယ်​သူ​ပေး​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- ယေ​ရှု​က၊ ငါ​သည် တစ်​စုံ​တစ်​ခု​ကို မေး​ဦး​မည်။ သင်​တို့ ဖြေ​ကြ​လော့။ ဖြေ​လျှင် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​ပြော​မည်။- ယော​ဟန်၏ ဗ​တ္တိ​ဇံ​တ​ရား​သည် ဘု​ရား​က​ဖြစ်​သ​လော။ လူ​က​ဖြစ်​သ​လော။ ဤ​အ​မေး​ကို ဖြေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်​ကြ၍၊ ဘု​ရား​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည်​ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။- လူ​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ လူ​များ​ကို​ကြောက်​ရ၏။ ယော​ဟန်​သည် ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​သည် အ​ယူ​ရှိ​ကြ၏​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊- အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ယေ​ရှု​အား ပြန်​ပြော​ကြ၏။ ယေ​ရှု​က​လည်း၊ ထို​အ​တူ ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​မ​ပြော​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 11:22-33 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အား​ယုံ​ကြည် ကိုး​စား​ကြ​လော့။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား မိ​မိ စိတ်​နှ​လုံး​အ​တွင်း​တွင်​ယုံ​မှား​ခြင်း​မ​ရှိ​ဘဲ မိ​မိ ပြော​ဆို​သည်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု​ယုံ​ကြည်​သော သူ​သည် ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ရွေ့​၍​ပင်​လယ် ထဲ​သို့​ဆင်း​သက်​လော့' ဟု​ဆို​လျှင်​ထို​သူ​ဆို​သည် အ​တိုင်း​ဖြစ်​လိမ့်​မည်။- သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့​သည် မိ​မိ​တို့​တောင်း​လျှောက်​သည့်​အ​ရာ​ကို​မု​ချ​ရ​မည် ဟု ယုံ​ကြည်​ကြ​လျှင်​တောင်း​လျှောက်​သ​မျှ​ကို ရ​ကြ​လိမ့်​မည်။- သင်​တို့​သည်​ရပ်​လျက်​ဆု​တောင်း​သော​အ​ခါ သူ တစ်​ပါး​တို့​၏​အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​ရ ကြ​မည်။ သို့​မှ​သာ​လျှင်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော် မူ​သော​သင်​တို့​အ​ဖ​သည် သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။- (သင်​တို့​သည်​သူ​တစ်​ပါး​၏​အ​ပြစ်​များ​ကို မ​ဖြေ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ သော​သင်​တို့​အ​ဖ​သည်​သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်)'' ဟု​တ​ပည့် တော်​တို့​အား​ပြန်​လည်​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​သို့​တစ်​ဖန်​ရောက်​ရှိ​ကြ​ပြန်​၏။ ကိုယ်​တော်​သည် ဗိ​မာန်​တော်​တွင်​စင်္ကြံ​ကြွ​တော်​မူ​စဉ် ယဇ်​ပု​ရော​ဟိတ် ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍၊- ``အ​ရှင်​သည်​ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ပြု​တော်​မူ​ပါ​သ​နည်း။ ထို အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့်​အား​အ​ဘယ်​သူ​အပ် နှင်း​ပါ​သ​နည်း'' ဟု​လျှောက်​ထား​မေး​မြန်း ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​ငါ​တစ်​ခု​မေး​မည်။ သင်​တို့​ဖြေ​ပြီး​မှ​ဤ​အ​မှု​အ​ရာ​များ​ကို အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ပြော​မည်။- ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ယော​ဟန်​ပေး​သည်​မှာ​ဘု​ရား သ​ခင်​၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော။ လူ​တို့​၏ အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင်​ယော​ဟန်​ကို​သင် တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း​ဟု မေး​လိမ့်​မည်။- သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု​ငါ တို့​ဆို​မည်​လော'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။ (သူ​တို့​သည်​လူ​ပ​ရိ​သတ်​ကို​ကြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို​ပ​ရော​ဖက်​ဟု​ယုံ​ကြည်​ကြ​သော ကြောင့်​တည်း။)- သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု သ​ခင်​ယေ​ရှု​အား​ပြန်​လည်​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ထို​နည်း​တူ​ဤ​အ​မှု အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု သည်​ကို​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။

ရှင်မာကု 11:22-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​က​လည်း“ဘုရားသခင်​ကို ယုံကြည်​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား မည်သူမဆို ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်လယ်​ထဲသို့​ကျ​လော့’​ဟု ဆို​လျက် မိမိ​စိတ်နှလုံး​ထဲ၌ သံသယ​ကင်းမဲ့​ကာ မိမိ​ဆို​သည့်​အတိုင်း​ဖြစ်​မည်​ဟု​ယုံကြည်​လျှင် ထို​သူ​ဆို​သည့်​အတိုင်း ဖြစ်​လိမ့်မည်။ ထို့ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​ဆုတောင်း​သောအခါ တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို ရရှိ​ပြီ​ဟု​ယုံကြည်​ကြ​လော့။ ထိုအခါ သင်​တို့​အတွက် ထို​အတိုင်း​ဖြစ်​လိမ့်မည်။ သင်​တို့​သည် မတ်တတ်ရပ်​လျက် ဆုတောင်း​ကြ​သောအခါ တစ်ဦးတစ်ယောက်​အပေါ် အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​လျှင် ခွင့်လွှတ်​ကြ​လော့။ သို့ပြုလျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်။ [သို့သော် သင်​တို့​ခွင့်​မ​လွှတ်​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်]”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ တစ်ဖန်​ရောက်​ကြ​၏။ ကိုယ်တော်​သည် ဗိမာန်​တော်​ထဲ၌ ကြွ​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​သည် အထံ​တော်​သို့​လာ​၍ “သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သနည်း၊ သို့မဟုတ် ဤ​သို့​ပြု​နိုင်​သော​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။ ယေရှု​က​လည်း“ငါ​သည် သင်​တို့​ကို မေးခွန်း​တစ်​ခု​မေး​ဦး​မည်။ ငါ့​ကို​ဖြေ​ကြ​လော့။ သို့ပြုလျှင် ဤ​အရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ငါ​ပြု​ကြောင်း သင်​တို့​အား ငါ​ပြော​မည်။ ယောဟန်​၏​ဗတ္တိဇံ​သည် ကောင်းကင်​မှ​ဖြစ်​သလော​၊ သို့မဟုတ် လူ​တို့​ထံမှ​ဖြစ်​သလော။ ငါ့​ကို​ဖြေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​သည် အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​ကာ “‘ကောင်းကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်​ကို​မ​ယုံ​ကြ​သနည်း’​ဟု ပြော​လိမ့်မည်။ ‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း​မ​ဖြစ်”​ဟု ဆို​ကြ​၏။ လူ​အပေါင်း​တို့​သည် ယောဟန်​ကို ပရောဖက်​ဖြစ်​သည်​ဟု အမှန်ပင် မှတ်ယူ​ကြ​သောကြောင့် သူ​တို့​သည် လူထု​ပရိသတ်​ကို​ကြောက်​ကြ​၏။ ထို့ကြောင့် သူ​တို့​က “အကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ယေရှု​အား ပြန်ဖြေ​ကြ​၏။ ထိုအခါ ယေရှု​က“ငါ​သည်​လည်း ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။