YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 8:23-26

ရှင်မဿဲ 8:23-26 Judson Bible (JBMLE)

ထို​အ​ခါ လှေ​ထဲ​သို့ ဝင်​တော်​မူ၍ တ​ပည့်​တော်​တို့​သည် လိုက်​ကြ၏။ အိုင်၌ လှိုင်း​တံ​ပိုး​ပြင်း​စွာ​ထ၍ လှေ​ကို လွှမ်း​လေ၏။- ကိုယ်​တော်​သည် ကျိန်း​စက်၍ နေ​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို နှိုး​ပြီး​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏။ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။

ရှင်မဿဲ 8:23-26 Common Language Bible (BCL)

ကိုယ်​တော်​သည်​လှေ​ပေါ်​သို့​တက်​တော်​မူ​၏။ တ​ပည့် တော်​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​အ​တူ​လိုက်​သွား ကြ​၏။- အိုင်​ထဲ​တွင်​ရုတ်​တ​ရက်​လေ​မုန်​တိုင်း​ကျ​လာ​သ​ဖြင့် လှေ​သည်​လှိုင်း​တံ​ပိုး​များ​ထဲ​တွင်​နစ်​လု​မ​တတ် ရှိ​တော့​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ကား​အိပ်​စက် လျက်​နေ​တော်​မူ​၏။- တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​နှိုး​၍ ``အ​ရှင်၊ ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သေ​ဆုံး​ရ​ကြ​ပါ တော့​မည်'' ဟု​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``ယုံ​ကြည်​မှု​နည်း​သူ​တို့၊ သင်​တို့ အ​ဘယ်​ကြောင့်​ကြောက်​လန့်​သ​နည်း'' ဟု​မိန့်​တော် မူ​ပြီး​နောက် အိပ်​စက်​ရာ​မှ​ထ​တော်​မူ​၍​လေ​နှင့် လှိုင်း​များ​ကို​ဆုံး​မ​တော်​မူ​၏။ လေ​နှင့်​လှိုင်း​တို့ သည်​ငြိမ်​သက်​သွား​ကြ​၏။

ရှင်မဿဲ 8:23-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​တော်မူ​လျှင် တပည့်​တော်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။ ထိုအခါ ပင်လယ်​ပေါ်၌ ပြင်းထန်​သော​မုန်တိုင်း​ကျရောက်​လာ​သဖြင့် လှေ​သည် လှိုင်း​များ​အောက် နစ်​လုမတတ်​ဖြစ်​လေ​၏။ သို့သော် ကိုယ်တော်​သည် အိပ်စက်​နေ​တော်မူ​၏။ တပည့်​တော်​တို့​သည် ချဉ်းကပ်​၍ ကိုယ်တော်​ကို​နှိုး​လျက် “သခင်​ဘုရား၊ ကယ်​တော်မူ​ပါ။ အကျွန်ုပ်​တို့​သေ​ရ​ပါ​တော့မည်”​ဟု လျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​က“ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ အဘယ်ကြောင့် ကြောက်​တတ်​သနည်း”​ဟု မိန့်​တော်မူ​ပြီးလျှင် ထ​၍ လေ​နှင့်​ပင်လယ်​တို့​ကို ဆုံးမ​တော်မူ​ရာ အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။