YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 8:23-26

ရှင်မဿဲခရစ်ဝင် 8:23-26 MSBU

ထို့နောက် ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​တော်မူ​လျှင် တပည့်​တော်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။ ထိုအခါ ပင်လယ်​ပေါ်၌ ပြင်းထန်​သော​မုန်တိုင်း​ကျရောက်​လာ​သဖြင့် လှေ​သည် လှိုင်း​များ​အောက် နစ်​လုမတတ်​ဖြစ်​လေ​၏။ သို့သော် ကိုယ်တော်​သည် အိပ်စက်​နေ​တော်မူ​၏။ တပည့်​တော်​တို့​သည် ချဉ်းကပ်​၍ ကိုယ်တော်​ကို​နှိုး​လျက် “သခင်​ဘုရား၊ ကယ်​တော်မူ​ပါ။ အကျွန်ုပ်​တို့​သေ​ရ​ပါ​တော့မည်”​ဟု လျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​က“ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ အဘယ်ကြောင့် ကြောက်​တတ်​သနည်း”​ဟု မိန့်​တော်မူ​ပြီးလျှင် ထ​၍ လေ​နှင့်​ပင်လယ်​တို့​ကို ဆုံးမ​တော်မူ​ရာ အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။

ရှင်မဿဲခရစ်ဝင် 8:23-26 အကြောင်း ဗီဒီယိုများ