YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 8:14-17

ရှင်မဿဲ 8:14-17 Judson Bible (JBMLE)

ထို​နောက်​မှ ယေ​ရှု​သည် ပေ​တ​ရု​အိမ်​သို့​ကြွ၍ ပေ​တ​ရု၏​ယော​က္ခ​မ​သည် ဖျား​နာ​စွဲ​လျက် တုံး​လုံး​နေ​သည်​ကို တွေ့​မြင်​တော်​မူ၏။- ထို​မိန်း​မ၏​လက်​ကို တို့​တော်​မူ​လျှင်၊ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ထ၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။- ညဉ့်​ဦး​ယံ၌ နတ်​ဆိုး​စွဲ​သော​သူ​အ​များ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍ နှုတ်​တော်​မြွက်​ကာ​မျှ​နှင့် ထို​နတ်​တို့​ကို နှင်​ထုတ်​တော်​မူ၏။ နာ​သော​သူ​ရှိ​သ​မျှ​တို့​ကို သက်​သာ​စေ​တော်​မူ၏။- ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ သူ​သည် အ​ကျွန်ုပ်​တို့ အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို ယူ​တင်​ဆောင်​ရွက်​လေ​သည်​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သော​စ​ကား ပြည့်​စုံ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။

ရှင်မဿဲ 8:14-17 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​အိမ်​သို့​ကြွ​တော်​မူ သော​အ​ခါ​ပေ​တ​ရု​၏​ယောက္ခ​မ​မိန်း​မ​သူ​သည် ဖျား​၍​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​နေ​သည်​ကို မြင်​တော်​မူ​၏။- ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​၏​လက်​ကို​တို့​ထိ တော်​မူ​လျှင် သူ​မ​သည်​အ​ဖျား​ပျောက်​သွား​သ​ဖြင့် ထ​၍​ကိုယ်​တော်​အား​ဧည့်​သည်​ဝတ်​ပြု​လေ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​လူ​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည် နတ်​မိစ္ဆာ​တို့​ကို​အ​မိန့်​ပေး​၍​နှင်​ထုတ်​တော်​မူ​၏။ ရော​ဂါ​သည်​အ​ပေါင်း​ကို​လည်း​ကျန်း​မာ​စေ တော်​မူ​၏။- ဤ​သို့​လျှင် ``ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ဖျား​အ​နာ များ​နှင့်​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို​ဆောင်​ယူ​သွား တော်​မူ​၏'' ဟူ​၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ခဲ့​သည့် စ​ကား​အ​တိုင်း​ဖြစ်​ပျက်​၍​လာ​သ​တည်း။

ရှင်မဿဲ 8:14-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယေရှု​သည် ပေတရု​အိမ်​သို့​ကြွ​တော်မူ​လျှင် ပေတရု​၏​ယောက္ခမ​သည် ဖျားနာ​လျက် အိပ်ရာ​ပေါ်တွင် လဲလျောင်း​နေ​သည်​ကို တွေ့မြင်​တော်မူ​၏။ ကိုယ်တော်​သည် ထို​အမျိုးသမီး​၏​လက်​ကို တို့ထိ​တော်မူ​ရာ သူ​သည် အဖျား​ပျောက်​သဖြင့် ထ​၍ ကိုယ်တော်​ကို​ဧည့်ဝတ်​ပြု​လေ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ လူ​တို့​သည် နတ်ဆိုး​ပူး​သူ​များစွာ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် ထို​နတ်​တို့​ကို နှုတ်​တော်​ထွက်​စကား​ဖြင့် နှင်ထုတ်​တော်မူ​၏။ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို​လည်း ကျန်းမာ​စေ​တော်မူ​၏။ ဤသည်ကား “ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​အားနည်း​ခြင်း​များ​ကို ယူဆောင်​၍ အကျွန်ုပ်​တို့​၏​ရောဂါ​များ​ကို သယ်ဆောင်​သွား​တော်မူ​၏”​ဟု ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။