ထို့နောက် ယေရှုသည် ပေတရုအိမ်သို့ကြွတော်မူလျှင် ပေတရု၏ယောက္ခမသည် ဖျားနာလျက် အိပ်ရာပေါ်တွင် လဲလျောင်းနေသည်ကို တွေ့မြင်တော်မူ၏။ ကိုယ်တော်သည် ထိုအမျိုးသမီး၏လက်ကို တို့ထိတော်မူရာ သူသည် အဖျားပျောက်သဖြင့် ထ၍ ကိုယ်တော်ကိုဧည့်ဝတ်ပြုလေ၏။ ညနေချမ်းအချိန်ရောက်သောအခါ လူတို့သည် နတ်ဆိုးပူးသူများစွာတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် ထိုနတ်တို့ကို နှုတ်တော်ထွက်စကားဖြင့် နှင်ထုတ်တော်မူ၏။ နာမကျန်းဖြစ်သူရှိသမျှတို့ကိုလည်း ကျန်းမာစေတော်မူ၏။ ဤသည်ကား “ကိုယ်တော်သည် အကျွန်ုပ်တို့၏အားနည်းခြင်းများကို ယူဆောင်၍ အကျွန်ုပ်တို့၏ရောဂါများကို သယ်ဆောင်သွားတော်မူ၏”ဟု ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
ရှင်မဿဲခရစ်ဝင် 8 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 8
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 8:14-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ