YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:11-26

ရှင်မဿဲ 27:11-26 Judson Bible (JBMLE)

ယေ​ရှု​သည် မြို့​ဝန်​မင်း​ရှေ့​သို့ ရောက်​တော်​မူ​သည်​ရှိ​သော် မြို့​ဝန်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု မေး​လျှင်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​သည် အ​ပြစ်​တင်​ကြ​သော် တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ။- ပိ​လတ်​မင်း​က​လည်း၊ သင့်​တစ်​ဖက်၌ အ​ဘယ်​မျှ​လောက် သက်​သေ​ခံ​ကြ​သည်​ကို သင်​မ​ကြား​သ​လော​ဟု ပြော​ဆို​သော်​လည်း၊- စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ​သည်​ကို မြို့​ဝန်​မင်း​သည် အ​လွန်​အံ့​ဩ​လေ၏။- ထို​ပွဲ၌ မြို့​ဝန်​မင်း​သည် အ​ကျဉ်း​ထား​သော​သူ​တို့​တွင်၊ လူ​များ​တို့ အ​လို​ရှိ​သော​သူ တစ်​ယောက်​ယောက်​ကို လွှတ်​မြဲ​ထုံး​စံ​ရှိ၏။- ထို​အ​ခါ အ​ကျဉ်း​ထား​သော​သူ​တို့​တွင် ဗာ​ရ​ဗ္ဗ​အ​မည်​ရှိ​သော ကျော်​စော​သော​သူ တစ်​ယောက်​ရှိ၏။- လူ​များ​စည်း​ဝေး​ကြ​သည်​ရှိ​သော်၊ ပိ​လတ်​မင်း​က၊ သင်​တို့​သည် အ​ဘယ်​သူ​ကို လွှတ်​စေ​ချင်​သ​နည်း။ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​သ​လော။ ခ​ရစ်​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​ကို လွှတ်​စေ​ချင်​သ​လော​ဟု လူ​များ​တို့​အား မေး​လေ၏။- အ​ဘယ်​ကြောင့် ဤ​သို့ မေး​သ​နည်း​ဟူ​မူ​ကား၊ ထို​သူ​တို့​သည် မ​နာ​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​အပ်​နှံ​ကြောင်း​ကို ပိ​လတ်​မင်း​သိ၏။- ထို​မှ​တစ်​ပါး တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​စဉ်​တွင်၊ မိ​မိ​ခင်​ပွန်း​သည် လု​လင်​တစ်​ယောက်​ကို စေ​လွှတ်၍၊ ထို​ဖြောင့်​မတ်​သော​သူ​ကို အ​ဘယ်​သို့​မျှ မ​ပြု​ပါ​နှင့်။ ယ​နေ့​ပင် ကျွန်​မ​သည် ထို​သူ​ကြောင့် အိပ်​မက်၌ ပြင်း​စွာ​ခံ​ရ​ပါ​ပြီ​ဟု မှာ​လိုက်၏။- လူ​အ​စု​အ​ဝေး​တို့​သည် ဗာ​ရ​ဗ္ဗ​ကို​တောင်း၍ ယေ​ရှု​ကို​သတ်​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​သည် လူ​များ​ကို တိုက်​တွန်း​သွေး​ဆောင်​ကြ၏။- ထို​ကြောင့် မြို့​ဝန်​မင်း​သည်၊ ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​သည် အ​ဘယ်​သူ​ကို လွှတ်​စေ​ချင်​သ​နည်း​ဟု လူ​များ​ကို တစ်​ဖန် မေး​သော​အ​ခါ၊ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​ပါ​သည်​ဟု လျှောက်​ကြ၏။- ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် ခ​ရစ်​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​ကို အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊ ထို​သူ​အ​ပေါင်း​တို့​က၊ သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု ဆို​ကြ၏။- မြို့​ဝန်​မင်း​က​လည်း အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု လူ​များ​တို့​သည် သာ၍​ဟစ်​ကြ၏။- ပိ​လတ်​မင်း​သည် မိ​မိ​မ​နိုင်၊ လူ​များ​သာ၍ ရုန်း​ရင်း​ခတ်​မျှ ပြု​ကြ​သည်​ကို​မြင်​လျှင်၊ ရေ​ကို​ယူ၍ လူ​များ​ရှေ့​တွင် မိ​မိ​လက်​ကို​ဆေး​လျက်၊ ဤ​ဖြောင့်​မတ်​သော​သူ၏​အ​သွေး​နှင့် ငါ​သည် ကင်း​ရှင်း၏။ ဤ​အ​မှု​ကို သင်​တို့ ကြည့်​ကြ​လော့​ဟု ဆို၏။- ထို​လူ​အ​ပေါင်း​တို့​က သူ၏​အ​သွေး​သည် ငါ​တို့၏ ခေါင်း​ပေါ်၌​လည်း​ကောင်း၊ သား​မြေး​တို့​ခေါင်း​ပေါ်၌​လည်း​ကောင်း တည်​ရှိ​ပါ​စေ​ဟု ပြန်​ပြော​ကြ၏။- ပိ​လတ်​မင်း​သည်​လည်း ဗာ​ရ​ဗ္ဗ​ကို လူ​များ​တို့​အား လွှတ်​လေ၏။ ယေ​ရှု​ကို​ကား ရိုက်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ သတ်​စေ​ခြင်း​ငှာ အပ်​လိုက်​လေ၏။

ရှင်မဿဲ 27:11-26 Common Language Bible (BCL)

ရော​မ​ဘု​ရင်​ခံ​မင်း​၏​ရှေ့​သို့​သ​ခင်​ယေ​ရှု​ရောက်​ရှိ သော​အ​ခါ​ဘု​ရင်​ခံ​မင်း​က ``သင်​သည်​ယု​ဒ​ရှင် ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ ကိုယ်​တော်​က ``သင်​ဆို သည်​အ​တိုင်း​ငါ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​ပြစ်​တင်​စွပ်​စွဲ​ချက်​များ​ကို ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား​တော်​မ​မူ။ ထို​အ​ခါ​ပိ​လတ်​မင်း​က ``သင့်​အား​ထို​သူ​တို့​သည် မည်​မျှ​ပြစ်​တင်​စွပ်​စွဲ​လျက်​ရှိ​ကြ​သည်​ကို​သင် သည်​မ​ကြား​ပါ​သ​လော'' ဟု​ဆို​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​လည်​မိန့်​ကြား​တော်​မ​မူ။ သို့​ဖြစ်​၍​ဘု​ရင်​ခံ မင်း​သည်​လွန်​စွာ​အံ့​သြ​လေ​၏။ ရော​မ​ဘု​ရင်​ခံ​မင်း​သည်​ပ​သ​ခါ​ပွဲ​အ​ခါ​ကျ တိုင်း လူ​ပ​ရိ​သတ်​တို့​တောင်း​သည့်​အ​ကျဉ်း​သ​မား တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​လေ့ ရှိ​၏။- ထို​အ​ချိန်​၌​ယေ​ရှု​ဗာ​ရဗ္ဗ​ဆို​သူ​နာ​မည်​ဆိုး အ​ကျဉ်း​သ​မား​တစ်​ယောက်​ရှိ​၏။- သို့​ဖြစ်​၍​လူ​တို့​စု​ရုံး​လာ​ကြ​သော​အ​ခါ​ပိ​လတ်​မင်း က ``သင်​တို့​အ​တွက်​မည်​သူ့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​စေ​လို​သ​နည်း။ ယေ​ရှု​ဗာ​ရဗ္ဗ​လော။ ခ​ရစ်​တော် ဆို​သူ​ယေ​ရှု​လော'' ဟု​မေး​၏။- ထို​သူ​တို့​မ​နာ​လို​၍​ယေ​ရှု​အား​မိ​မိ​လက်​သို့ အပ်​နှံ​ကြ​ကြောင်း​ကို​ပိ​လတ်​မင်း​သိ​သ​တည်း။ ပိ​လတ်​မင်း​သည်​တ​ရား​ခွင်​တွင်​ထိုင်​လျက်​နေ​စဉ် သူ​၏​ဇ​နီး​သည်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​၍ ``ထို အ​ပြစ်​ကင်း​သူ​နှင့်​ပတ်​သက်​၍​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​ယ​မန်​ည​က အိပ်​မက်​တွင်​သူ​၏​အ​တွက်​စိတ်​ဒုက္ခ​များ​စွာ ရောက်​ရ​ပါ​၏'' ဟု​ပြော​စေ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​သည် ``ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​ပါ။ ယေ​ရှု​ကို​သတ်​ပါ'' ဟု​ပိ​လတ်​မင်း ထံ​တောင်း​ဆို​ရန်​ပ​ရိ​သတ်​တို့​အား​တိုက်​တွန်း ကြ​၏။- ဘု​ရင်​ခံ​မင်း​က ``ဤ​သူ​နှစ်​ယောက်​အ​နက်​မည်​သူ့ ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​နည်း'' ဟု မေး​၏။ လူ​တို့​က ``ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​ပါ'' ဟု​ဆို ကြ​၏။ ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​ခ​ရစ်​တော်​ဆို​သူ ကို​ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​မေး​၏။ ထို​သူ​အ​ပေါင်း​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​ဆို​ကြ​၏။ ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​အ​ပြစ်​ကို ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​အ​သံ​ကုန်​ဟစ်​အော် ကြ​၏။ ပိ​လတ်​မင်း​သည်​မိ​မိ​ရှေ့​ဆက်​လက်​ပြော​ဆို​ရန် မ​ဖြစ်၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည့်​အ​ရိပ်​အ​ရောင် ကို​သာ​သိ​မြင်​လာ​သ​ဖြင့်​ရေ​ကို​ယူ​၍ ``ဤ​သူ သေ​ရ​ခြင်း​မှာ​ငါ​၏​တာ​ဝန်​မ​ဟုတ်၊ သင်​တို့​၏ တာ​ဝန်​သာ​ဖြစ်​သည်'' ဟု​ဆို​ကာ​လူ​တို့​ရှေ့​တွင် မိ​မိ​၏​လက်​ကို​ဆေး​၏။ လူ​အ​ပေါင်း​တို့​က ``ထို​သူ​သေ​ရ​ခြင်း​အ​တွက် အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏​သား​မြေး​များ ၏​တာ​ဝန်​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။ ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ဗာ​ရဗ္ဗ​ကို​လွတ်​ငြိမ်း​ချမ်း သာ​ခွင့်​ပေး​၍​သ​ခင်​ယေ​ရှု​ကို​ကြိမ်​ဒဏ်​ခတ်​စေ​ပြီး လျှင် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန်​အပ်​လိုက်​၏။

ရှင်မဿဲ 27:11-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဘုရင်ခံ​ရှေ့၌ ရပ်​တော်မူ​ရာ ဘုရင်ခံ​က “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု မေး​လေ​၏။ ယေရှု​က​လည်း“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု မိန့်​တော်မူ​၏။ သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​၏​စွပ်စွဲ​ခြင်း​ကို​ခံရ​သောအခါ ကိုယ်တော်​သည် တစ်စုံတစ်ခု​ကို​မျှ ပြန်​၍​ဖြေ​တော်​မ​မူ။ ထိုအခါ ပိလတ်​မင်း​သည် ကိုယ်တော်​အား “သူ​တို့​သည် သင့်​တစ်ဖက်၌ မည်မျှလောက်​သက်သေခံ​ကြ​သည်​ကို သင်​မ​ကြား​သလော”​ဟု ဆို​၏။ သို့သော် ကိုယ်တော်​သည် စကား​တစ်​ခွန်း​ကို​မျှ ပြန်​၍​မိန့်​တော်​မ​မူ​ဘဲ​နေ​သဖြင့် ဘုရင်ခံ​သည် အလွန်​အံ့ဩ​လေ​၏။ ဘုရင်ခံ​သည် ထို​ပွဲတော်​တွင် လူထု​အတွက် သူ​တို့​အလိုရှိ​သည့်​အကျဉ်းသား​တစ်​ဦး​ကို လွှတ်​ပေး​လေ့​ရှိ​၏။ ထို​အချိန်​တွင် ဗာရဗ္ဗ​ဟု​ခေါ်​သည့် ထင်ပေါ်​ကျော်ကြား​သော အကျဉ်းသား​တစ်​ယောက်​ရှိ​၏။ သို့ဖြစ်၍ လူ​တို့​စုဝေး​ကြ​သောအခါ ပိလတ်​မင်း​က “သင်​တို့​အတွက် မည်သူ့​ကို​လွှတ်​ပေး​စေ​လို​သနည်း။ ဗာရဗ္ဗ​လော​၊ သို့မဟုတ် ခရစ်တော်​ဟု​ခေါ်​သော ယေရှု​လော”​ဟု သူ​တို့​အား​မေး​လေ​၏။ ထိုသို့​မေး​ခြင်းမှာ သူ​တို့​သည် မလိုမုန်းထား​စိတ်​ဖြင့် ယေရှု​ကို​အပ်နှံ​ကြ​ကြောင်း ပိလတ်​မင်း​သိ​သောကြောင့်​ဖြစ်​၏။ ပိလတ်​မင်း​သည် တရားပလ္လင်​ပေါ်၌ ထိုင်​နေ​စဉ် သူ​၏​ဇနီးသည်​သည် သူ့​ထံသို့​လူ​လွှတ်​၍ “သင်​သည် ထို​ဖြောင့်မတ်​သော​သူ​နှင့် မည်သို့​မျှ မ​ပတ်သက်​စေ​ပါ​နှင့်။ အကြောင်းမူကား ထို​သူ​ကြောင့် ယနေ့ ကျွန်မ​သည် အိပ်မက်​ထဲ၌ စိတ်ဒုက္ခ​များစွာ​ရောက်​ရ​ပါ​၏”​ဟု မှာ​လိုက်​လေ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​သည် လူထု​ပရိသတ်​အား ဗာရဗ္ဗ​ကို​တောင်း​၍ ယေရှု​ကို​မူကား အဆုံးစီရင်​စေရန် စည်းရုံး​ကြ​၏။ တစ်ဖန် ဘုရင်ခံ​က “ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​အတွက် မည်သူ့​ကို​လွှတ်​ပေး​စေ​လို​သနည်း”​ဟု မေး​သောအခါ သူ​တို့​က “ဗာရဗ္ဗ”​ဟု ဆို​ကြ​၏။ ပိလတ်​မင်း​က “သို့ဖြစ်လျှင် ခရစ်တော်​ဟု​ခေါ်​သော​ယေရှု​ကို မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ပြန်​သော် သူ​တို့​အားလုံး​က “လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ဆို​ကြ​၏။ ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ သူ​သည် မည်သည့်​မကောင်းမှု​ကို​ပြု​ခဲ့​သနည်း”​ဟု ပြန်​မေး​သော်လည်း သူ​တို့​က “သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။ ထိုအခါ ပိလတ်​မင်း​သည် မည်သည့်​အကျိုး​မျှ​မ​ရှိ​ဘဲ ရုန်းရင်းဆန်ခတ်​သာ​ဖြစ်လာ​သည်​ကို​မြင်​၍ လူထု​ပရိသတ်​ရှေ့တွင် ရေ​ကို​ယူ​ပြီး လက်​ကို​ဆေး​ကာ “ဤ​သူ​၏​သွေး​နှင့် ငါ​ကင်းရှင်း​၏။ သင်​တို့​အမှု​ကို သင်​တို့​ဖြေရှင်း​ရ​မည်”​ဟု ဆို​၏။ လူ​အပေါင်း​တို့​က​လည်း “သူ​၏​သွေး​သည် ငါ​တို့​နှင့်​ငါ​တို့​၏​သားသမီး​များ​အပေါ် ကျရောက်​ပါစေ”​ဟု ပြန်ပြော​ကြ​၏။ ထိုအခါ ပိလတ်​မင်း​သည် သူ​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေရှု​ကို​မူကား ကျာပွတ်​ဖြင့်​ရိုက်နှက်​စေ​ပြီးနောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​လိုက်​လေ​၏။