YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 27:11-26

မဿဲ 27:11-26 BCL

ရော​မ​ဘု​ရင်​ခံ​မင်း​၏​ရှေ့​သို့​သ​ခင်​ယေ​ရှု​ရောက်​ရှိ သော​အ​ခါ​ဘု​ရင်​ခံ​မင်း​က ``သင်​သည်​ယု​ဒ​ရှင် ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ ကိုယ်​တော်​က ``သင်​ဆို သည်​အ​တိုင်း​ငါ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​ပြစ်​တင်​စွပ်​စွဲ​ချက်​များ​ကို ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား​တော်​မ​မူ။ ထို​အ​ခါ​ပိ​လတ်​မင်း​က ``သင့်​အား​ထို​သူ​တို့​သည် မည်​မျှ​ပြစ်​တင်​စွပ်​စွဲ​လျက်​ရှိ​ကြ​သည်​ကို​သင် သည်​မ​ကြား​ပါ​သ​လော'' ဟု​ဆို​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​လည်​မိန့်​ကြား​တော်​မ​မူ။ သို့​ဖြစ်​၍​ဘု​ရင်​ခံ မင်း​သည်​လွန်​စွာ​အံ့​သြ​လေ​၏။ ရော​မ​ဘု​ရင်​ခံ​မင်း​သည်​ပ​သ​ခါ​ပွဲ​အ​ခါ​ကျ တိုင်း လူ​ပ​ရိ​သတ်​တို့​တောင်း​သည့်​အ​ကျဉ်း​သ​မား တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​လေ့ ရှိ​၏။- ထို​အ​ချိန်​၌​ယေ​ရှု​ဗာ​ရဗ္ဗ​ဆို​သူ​နာ​မည်​ဆိုး အ​ကျဉ်း​သ​မား​တစ်​ယောက်​ရှိ​၏။- သို့​ဖြစ်​၍​လူ​တို့​စု​ရုံး​လာ​ကြ​သော​အ​ခါ​ပိ​လတ်​မင်း က ``သင်​တို့​အ​တွက်​မည်​သူ့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​စေ​လို​သ​နည်း။ ယေ​ရှု​ဗာ​ရဗ္ဗ​လော။ ခ​ရစ်​တော် ဆို​သူ​ယေ​ရှု​လော'' ဟု​မေး​၏။- ထို​သူ​တို့​မ​နာ​လို​၍​ယေ​ရှု​အား​မိ​မိ​လက်​သို့ အပ်​နှံ​ကြ​ကြောင်း​ကို​ပိ​လတ်​မင်း​သိ​သ​တည်း။ ပိ​လတ်​မင်း​သည်​တ​ရား​ခွင်​တွင်​ထိုင်​လျက်​နေ​စဉ် သူ​၏​ဇ​နီး​သည်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​၍ ``ထို အ​ပြစ်​ကင်း​သူ​နှင့်​ပတ်​သက်​၍​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​ယ​မန်​ည​က အိပ်​မက်​တွင်​သူ​၏​အ​တွက်​စိတ်​ဒုက္ခ​များ​စွာ ရောက်​ရ​ပါ​၏'' ဟု​ပြော​စေ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​သည် ``ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​ပါ။ ယေ​ရှု​ကို​သတ်​ပါ'' ဟု​ပိ​လတ်​မင်း ထံ​တောင်း​ဆို​ရန်​ပ​ရိ​သတ်​တို့​အား​တိုက်​တွန်း ကြ​၏။- ဘု​ရင်​ခံ​မင်း​က ``ဤ​သူ​နှစ်​ယောက်​အ​နက်​မည်​သူ့ ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​နည်း'' ဟု မေး​၏။ လူ​တို့​က ``ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​ပါ'' ဟု​ဆို ကြ​၏။ ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​ခ​ရစ်​တော်​ဆို​သူ ကို​ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​မေး​၏။ ထို​သူ​အ​ပေါင်း​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​ဆို​ကြ​၏။ ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​အ​ပြစ်​ကို ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​အ​သံ​ကုန်​ဟစ်​အော် ကြ​၏။ ပိ​လတ်​မင်း​သည်​မိ​မိ​ရှေ့​ဆက်​လက်​ပြော​ဆို​ရန် မ​ဖြစ်၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည့်​အ​ရိပ်​အ​ရောင် ကို​သာ​သိ​မြင်​လာ​သ​ဖြင့်​ရေ​ကို​ယူ​၍ ``ဤ​သူ သေ​ရ​ခြင်း​မှာ​ငါ​၏​တာ​ဝန်​မ​ဟုတ်၊ သင်​တို့​၏ တာ​ဝန်​သာ​ဖြစ်​သည်'' ဟု​ဆို​ကာ​လူ​တို့​ရှေ့​တွင် မိ​မိ​၏​လက်​ကို​ဆေး​၏။ လူ​အ​ပေါင်း​တို့​က ``ထို​သူ​သေ​ရ​ခြင်း​အ​တွက် အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏​သား​မြေး​များ ၏​တာ​ဝန်​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။ ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ဗာ​ရဗ္ဗ​ကို​လွတ်​ငြိမ်း​ချမ်း သာ​ခွင့်​ပေး​၍​သ​ခင်​ယေ​ရှု​ကို​ကြိမ်​ဒဏ်​ခတ်​စေ​ပြီး လျှင် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန်​အပ်​လိုက်​၏။