ရှင်မဿဲ 26:6-13
ရှင်မဿဲ 26:6-13 Judson Bible (JBMLE)
ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ယေရှုရှိတော်မူသည်ဖြစ်၍၊- မိန်းမတစ်ယောက်သည် အဖိုးများစွာထိုက်သော ဆီမွှေးကျောက်ဖြူခွက် တစ်လုံးကို အထံတော်သို့ ယူခဲ့၍၊ စားပွဲနားမှာ လျောင်းတော်မူသော ကိုယ်တော်၏ခေါင်းပေါ်၌ သွန်းလောင်းလေ၏။- တပည့်တော်တို့သည် မြင်လျှင် ဒေါသစိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း။- ထိုဆီမွှေးကို အဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆိုကြ၏။- ယေရှုသည် သိတော်မူလျှင်၊ ထိုမိန်းမကို အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ ကောင်းသောအမှုကိုပြုပြီ။- ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌အစဉ် ရှိသည်မဟုတ်။- ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာ ပြုသတည်း။- ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဖို့ သူပြုသောဤအမှုကို ကြားပြောရကြလတ္တံ့ဟု မိန့်တော်မူ၏။
ရှင်မဿဲ 26:6-13 Common Language Bible (BCL)
သခင်ယေရှုသည်ဗေသနိရွာတွင်အရေပြား ရောဂါစွဲကပ်ခဲ့ဖူးသူရှိမုန်၏အိမ်၌ရှိ၍ အစားအစာသုံးဆောင်လျက်နေတော်မူ သောအခါ၊- အမျိုးသမီးတစ်ယောက်သည်အလွန်အဖိုး ထိုက်သည့်ဆီမွှေးကျောက်ဖြူဗူးကိုယူဆောင်၍ အထံတော်သို့လာပြီးလျှင်ထိုဆီမွှေးကို ကိုယ်တော်၏ခေါင်းတော်ထက်တွင်သွန်းလောင်း လေသည်။- ထိုအခြင်းအရာကိုတပည့်တော်တို့မြင်လျှင် အမျက်ထွက်၍ ``အဘယ်ကြောင့်ဤသို့ဖြုန်းတီး ပါသနည်း။- ဤဆီမွှေးကိုငွေအမြောက်အမြားနှင့်ရောင်း ၍ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု ဆိုကြသည်။ သခင်ယေရှုသည်ကြားသိတော်မူသော အခါ ``အဘယ်ကြောင့်ဤအမျိုးသမီးကို သင်တို့နှောင့်ယှက်ကြသနည်း။ သူပြုသော အမှုသည်လွန်စွာလျောက်ပတ်ပေ၏။- ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေ ကြမည်။ ငါမူကားသင်တို့နှင့်အမြဲရှိနေ မည်မဟုတ်။- ဤအမျိုးသမီးသည်ငါ့အပေါ်သို့ဆီမွှေး သွန်းလောင်းသည်မှာငါ၏ရုပ်အလောင်းကို သင်္ဂြိုဟ်ရန်ပြင်ဆင်ခြင်းပင်ဖြစ်၏။- အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သတင်းကောင်းကိုကမ္ဘာအရပ်ရပ်တွင်ကြေ ညာသောအခါ ဤအမျိုးသမီးကိုအောက်မေ့ သတိရကြစေရန် သူပြုခဲ့သောကောင်းမှု ကိုပြောကြားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ရှင်မဿဲ 26:6-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဗေသနိရွာတွင် အနာကြီးရောဂါသည်ရှိမုန်၏အိမ်၌ ယေရှုရှိတော်မူစဉ် အလွန်တန်ဖိုးကြီးသောဆီမွှေးထည့်ထားသည့် ကျောက်ဖြူဘူးပါသော အမျိုးသမီးတစ်ဦးသည် အထံတော်သို့ချဉ်းကပ်၍ စားပွဲ၌ထိုင်နေသော ကိုယ်တော်၏ခေါင်းပေါ်၌ ထိုဆီမွှေးကို သွန်းလောင်းလေ၏။ တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် စိတ်ဆိုးလျက် “အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း။ ဤဆီမွှေးကို အဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု ဆိုကြ၏။ ယေရှုသည် သိတော်မူ၍“ဤအမျိုးသမီးကို အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ အမှန်စင်စစ် သူသည် ငါ့အတွက် ကောင်းသောအမှုကိုပြုလေပြီ။ အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့နှင့်အတူ အစဉ်ရှိကြ၏။ ငါမူကား သင်တို့နှင့်အတူ အစဉ်ရှိသည်မဟုတ်။ ဤအမျိုးသမီးသည် ဆီမွှေးကို ငါ့ကိုယ်ပေါ်၌ သွန်းလောင်းခဲ့ခြင်းမှာ ငါ့ကိုသင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းဖြစ်၏။ သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။