YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:47-56

ရှင်မဿဲ 26:47-56 Judson Bible (JBMLE)

ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင် ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​လာ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ စေ​လွှတ်​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ဓား​နှင့် တုတ်​များ​ကို ကိုင်​လျက်​ပါ​ကြ၏။- ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​က၊ ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ပင်​ဖြစ်၏။ သူ့​ကို​ဖမ်း​ကြ​ဟု ထို​သူ​တို့​အား အ​မှတ်​ပေး​ခဲ့​သည်​အ​တိုင်း၊- ကိုယ်​တော်​ရင်း​သို့ ချက်​ချင်း​ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု ဆို​လျက် နမ်း​လေ၏။- ယေ​ရှု​က​လည်း၊ အ​ဆွေ၊ အ​ဘယ်​အ​ခင်း​ရှိ၍ လာ​သ​နည်း​ဟု မေး​တော်​မူ​ပြီး​မှ၊ ထို​သူ​များ​တို့​သည် လာ၍ ကိုယ်​တော်​ကို ဆွဲ​ကိုင်​ဖမ်း​ဆီး​ကြ၏။- ထို​အ​ခါ ယေ​ရှု​နှင့် ပါ​သော​သူ​တစ်​ယောက်​သည် လက်​ကို​ဆန့်၍ ဓား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် နား​ရွက်​ပြတ်​လေ၏။- ယေ​ရှု​က​လည်း သင့်​ဓား​ကို သူ့​နေ​ရာ၌​ပြန်​ထား​လော့။ ဓား​ကို​ကိုင်​သော​သူ ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။- ယ​ခု​ပင် ငါ့​အ​ဘ​ကို ငါ​တောင်း​နိုင်​သည်​ကို​လည်း​ကောင်း၊ တောင်း​လျှင် ကောင်း​ကင်​တ​မန်​တစ်​ဆယ်​နှစ်​တပ်​မ​က ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​မည်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ထင်​သ​လော။- သို့​ဖြစ်​လျှင် ဤ​သို့​သော အ​မှု​အ​ရာ​တို့​သည် ဖြစ်​ရ​မည်​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ပြည့်​စုံ​အံ့​နည်း​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။ ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက် သင်​တို့​အ​လယ်၌ ထိုင်​နေ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​ဆီး​ကြ။- ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ အ​နာ​ဂ​တ္တိ​ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း​ဟု လူ​အ​စု​အ​ဝေး​တို့​ကို မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို စွန့်​ပစ်၍​ပြေး​ကြ၏။

ရှင်မဿဲ 26:47-56 Common Language Bible (BCL)

ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​၌​ပင်​လျှင် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည်​တုတ်၊ ဋ္ဌား​ကိုင်​ဆောင်​သူ​လူ​အ​မြောက်​အ​မြား​နှင့်​အ​တူ ရောက်​ရှိ​လာ​လေ​သည်။ ထို​သူ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ က​စေ​လွှတ်​လိုက်​သူ​များ​ဖြစ်​၏။- ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​နှံ​သူ​က​မိ​မိ နှင့်​လိုက်​ပါ​လာ​သူ​တို့​အား ``ငါ​နမ်း​၍​နှုတ်​ဆက် သူ​သည်​ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​ကြ​လော့'' ဟု အ​ချက်​ပေး​ထား​၏။ ယု​ဒ​သည်​ချက်​ချင်း​ပင်​ကိုယ်​တော်​၏​ထံ​သို့​ချဉ်း​ကပ် ကာ ``အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော'' ဟု​ဆို ၍​ကိုယ်​တော်​ကို​နမ်း​လေ​၏။ သ​ခင်​ယေ​ရှု​က ``အ​ဆွေ၊ သင်​ဆောင်​ရွက်​ရန်​လာ သည့်​ကိစ္စ​ကို​အ​မြန်​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော် မူ​၏။ လူ​တို့​သည်​လာ​၍​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။- ထို​အ​ခါ​သ​ခင်​ယေ​ရှု​နှင့်​လိုက်​ပါ​သော​လူ တစ်​ယောက်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက် ရာ​ထို​သူ​နား​ရွက်​ပြတ်​လေ​၏။- သ​ခင်​ယေ​ရှု​က ``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​သို့​ပြန်​သွင်း လော့။ ဋ္ဌား​ကို​စွဲ​ကိုင်​သူ​သည်​ဋ္ဌား​အား​ဖြင့်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။- ငါ​သည်​ခ​မည်း​တော်​ထံ​မှ​အ​ကူ​အ​ညီ​တောင်း​ခံ လျှင်​ခ​မည်း​တော်​သည်​တပ်​ကြီး​တစ်​ဆယ့်​နှစ်​တပ် ထက်​များ​ပြား​လှ​သော​ကောင်း​ကင်​တ​မန်​တို့​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည်​ကို​သင်​တို့​မ​သိ ကြ​သ​လော။- သို့​ရာ​တွင်​ငါ​ဤ​သို့​ပြု​ပါ​မူ​ကျမ်း​စာ​လာ​သည် အ​တိုင်း​အ​ဘယ်​သို့​လျှင်​ဖြစ်​ပျက်​တော့​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​က​လူ​ပ​ရိ​သတ်​တို့​အား``သင် တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန် တုတ်​များ​ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။ ငါ​သည် နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​ထိုင်​၍​ဟော​ပြော သွန်​သင်​နေ​စဉ်​အ​ခါ​သင်​တို့​သည်​ငါ့​ကို​မ​ဖမ်း မ​ဆီး​ခဲ့​ကြ။- သို့​သော်​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရ​ခြင်း​မှာ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​များ​ဟော​ကြား​ခဲ့ သ​မျှ​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ ထို​အခါ​တပည့်​တော်​အပေါင်း​တို့​သည် ကိုယ်​တော် ကို​စွန့်​ပစ်​၍​ပြေး​ကြ​၏။

ရှင်မဿဲ 26:47-56 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​သည် ရောက်လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​က စေလွှတ်​လိုက်​သည့် များစွာ​သော​လူ​အစုအဝေး​တို့​သည်​လည်း တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် သူ​နှင့်အတူ​ပါ​လာ​၏။ ကိုယ်တော်​ကို​အပ်နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ထို​သူ​ပင်​ဖြစ်​၏။ သူ့​ကို​ဖမ်းဆီး​ကြ​လော့”​ဟု ဆို​လျက် အချက်ပြ​အမှတ်အသား​ကို သူ​တို့​အား​ပေး​ထား​၏။ ထို့ကြောင့် သူ​သည် ယေရှု​ထံသို့ ချက်ချင်း​ချဉ်းကပ်​၍ “မင်္ဂလာ​ပါ၊ ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်တော်​ကို​နမ်း​လေ​၏။ ယေရှု​က​လည်း“အဆွေ၊ သင်​လာ​သည့်​အကြောင်း​ကိစ္စ​ကို​ဆောင်ရွက်​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် ချဉ်းကပ်​၍ ယေရှု​ကို​ဖမ်းဆီး​ချုပ်ကိုင်​ထား​ကြ​၏။ ထိုစဉ် ယေရှု​နှင့်အတူ​ရှိ​သော​သူ​တို့​ထဲမှ တစ်​ဦး​သည် လက်​ကို​ဆန့်​၍ မိမိ​၏​ဓား​ကို​ဆွဲထုတ်​ကာ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​နားရွက်​ပြတ်​သွား​လေ​၏။ ယေရှု​က​လည်း ထို​သူ​အား“သင်​၏​ဓား​ကို သူ့​နေရာ​၌​ပြန်ထား​လော့။ အကြောင်းမူကား ဓား​ကိုင်​သော​သူ​အားလုံး​တို့​သည် ဓား​ဖြင့်​ပျက်စီး​ရ​လိမ့်မည်။ ယခု​ပင် တစ်ဆယ့်နှစ်​တပ်​ထက်​များပြား​သော ကောင်းကင်တမန်​ကို ငါ့​ထံသို့​စေလွှတ်​တော်မူ​မည့်​အကြောင်း ခမည်းတော်​ထံသို့ ငါ​မ​တောင်း​နိုင်​ဟု သင်​ထင်​သလော။ သို့ဖြစ်လျှင် ဤ​သို့​ဖြစ်​ရ​မည်​ဟု​ဆို​ထား​သော ကျမ်းချက်​များ​သည် မည်သို့​ပြည့်စုံ​ခြင်း​သို့​ရောက်​နိုင်​မည်နည်း”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​တွင် ယေရှု​သည် လူ​အစုအဝေး​တို့​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ ငါ​သည် နေ့တိုင်း ဗိမာန်​တော်​၌​ထိုင်​လျက် သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤ​အမှုအရာ​အားလုံး​ဖြစ်ပျက်​ရ​ခြင်း​မှာ ပရောဖက်​ကျမ်း​များ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​အားလုံး​တို့​သည် ကိုယ်တော်​ကို​စွန့်ခွာ​၍ ထွက်ပြေး​ကြ​၏။