YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 25:21-30

ရှင်မဿဲ 25:21-30 Judson Bible (JBMLE)

အ​ရှင်​က​လည်၊ သာ​ဓု၊ သ​စ္စာ​ရှိ​သော ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌​ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။- အ​ခွက်​နှစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း ချဉ်း​ကပ်၍ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ အ​ခွက်​နှစ်​ဆယ်​ကို အပ်​ပေး​တော်​မူ၏။ အ​ခြား​သော​အ​ခွက်​နှစ်​ဆယ်​ကို အ​ကျွန်ုပ်​အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လေ​သော်၊- အ​ရှင်​က၊ သာ​ဓု သ​စ္စာ​ရှိ​သော​ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌ ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို​ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။ အ​ခွက်​တစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း ချဉ်း​ကပ်၍ သ​ခင်၊ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့် ကိုယ်​မ​စိုက်​မ​ပျိုး​သော​အ​ရပ်၌ ရိတ်၍၊ ကိုယ်​မ​ဖြန့်​မ​ကြဲ​သော​အ​ရပ်၌ စု​သိမ်း​တတ်​သည်​ကို အ​ကျွန်ုပ်​သိ၍၊- ကြောက်​သော​ကြောင့်၊ အ​ခြား​သို့​သွား၍ ကိုယ်​တော်၏ ငွေ​အ​ခွက်​တစ်​ဆယ်​ကို မြေ၌​ဝှက်​ထား​ပါ​ပြီ။ ယ​ခု ကိုယ်​တော်၏ ဥ​စ္စာ​ရှိ​ပါ​သည်​ဟု လျှောက်၏။- အ​ရှင်​က​လည်း၊ ဆိုး​ညစ်​ပျင်း​ရိ​သော​ငယ်​သား၊ ငါ​သည် ကိုယ်​မ​စိုက်​မ​ပျိုး​သော​အ​ရပ်၌ ရိတ်၍၊ ကိုယ်​မ​ဖြန့်​မ​ကြဲ​သော​အ​ရပ်၌ စု​သိမ်း​သည်​ကို သင်​သိ​သည်​မှန်​လျှင်၊- ငါ့​ငွေ​ကို ပွဲ​စား​လက်​သို့​အပ်​ရ​မည်။ ထို​သို့​အပ်​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငွေ​ရင်း​နှင့် အ​တိုး​ကို ရ​နိုင်၏။- ထို​ကြောင့် အ​ခွက်​တစ်​ဆယ်​ကို ထို​သူ၏ လက်​မှ​နုတ်​ကြ။ အ​ခွက်​တစ်​ရာ​ရှိ​သော​သူ​ကို ပေး​ကြ။- အ​ကြောင်း​မူ​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ၌ ကြွယ်​ဝ​ပြည့်​စုံ​စေ​ခြင်း​ငှာ ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။- အ​သုံး​မ​ရ​သော ထို​ငယ်​သား​ကို ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ်​မှောင်​မိုက်​ထဲ​သို့ နှင်​ထုတ်​ချ​လိုက်​ကြ​ဟု စီ​ရင်​တော်​မူ၏။

ရှင်မဿဲ 25:21-30 Common Language Bible (BCL)

သ​ခင်​က​လည်း `ကောင်း​လေ​စွ၊ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့် အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။ ``ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း​လာ​၍`အ​ရှင်၊ အ​ကျွန်ုပ် အား အ​ရှင်​ရွှေ​နှစ်​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် ရွှေ​နှစ်​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု လျှောက်​ထား​၏။- သ​ခင်​က`ကောင်း​လေ​စွ။ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး​သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့်​အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။ ``သို့​ရာ​တွင်​ရွှေ​တစ်​ပိ​ဿာ​ရ​သူ​သည်​လာ​၍ `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ရှင့်​အ​ကြောင်း​ကို​သိ​ပါ​၏။ အ​ရှင် သည်​ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​စိုက်​မ​ပျိုး​သည့် အ​ရပ်​တွင်​ရိတ်​သိမ်း​တတ်​ပါ​၏။ မ​ကြဲ​ဖြန့်​သည့် အ​ရပ်​တွင်​စု​သိမ်း​တတ်​ပါ​၏။- အ​ကျွန်ုပ်​သည်​ကြောက်​ရွံ့​သ​ဖြင့်​အ​ရှင်​၏​ရွှေ​ကို မြေ​တွင်​မြှုပ်​ထား​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ရှင်​၏​ပစ္စည်း ဤ​မှာ​ရှိ​ပါ​၏' ဟု​လျှောက်​၏။'' ``သ​ခင်​က​လည်း `အ​ချင်း​ဆိုး​ညစ်​သည့်​ကျွန်​ပျင်း၊ ငါ​သည်​မိ​မိ​မ​စိုက်​မ​ပျိုး​သည့်​အ​ရပ်​တွင်​ရိတ်​သိမ်း ၍​မ​ကြဲ​မ​ဖြန့်​သည့်​အ​ရပ်​တွင်​စု​သိမ်း​တတ်​သည် ကို​သင်​သိ​သည်​မှန်​လျှင်၊- ငါ​၏​ရွှေ​ကို​ဘဏ်​တွင်​အပ်​ထား​သင့်​၏။ သို့​မှ​သာ လျှင်​ငါ​ပြန်​လာ​ချိန်​၌​အ​တိုး​နှင့်​အ​တူ​ပြန် လည်​ရ​ရှိ​နိုင်​၏။- ထို​သူ​၏​ထံ​မှ​ရွှေ​တစ်​ပိဿာ​ကို​ယူ​၍​ဆယ်​ပိ​ဿာ ရှိ​သူ​အား​ပေး​ကြ။- ကြွယ်​ဝ​ချမ်း​သာ​သော​သူ​သည်​ထပ်​၍​ရ​ရှိ​သ​ဖြင့် သူ​၌​ပို​လျှံ​၍​နေ​လိမ့်​မည်။ သို့​ရာ​တွင်​ဆင်း​ရဲ သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင်​နုတ်​လိမ့်​မည်။- အ​သုံး​မ​ကျ​သည့်​ဤ​ကျွန်​ကို​အ​ပြင်​အ​မှောင်​ထဲ သို့​ထုတ်​လိုက်​ကြ။ သူ​သည်​ထို​အ​ရပ်​တွင်​ငို​ကြွေး မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ရ​လိမ့် မည်' ဟု​ဆို​၏။''

ရှင်မဿဲ 25:21-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား​ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။ နှစ်​တာလန်​ရ​သော​သူ​သည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ သခင်​သည် အကျွန်ုပ်​အား နှစ်​တာလန်​အပ်နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အကျွန်ုပ်​သည် နောက်ထပ် နှစ်​တာလန်​အမြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။ သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။ တစ်​တာလန်​ရ​သော​သူ​သည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ သခင်​သည် မိမိ​မ​စိုက်ပျိုး​သည့်​နေရာ​မှ​ရိတ်သိမ်း​ပြီး မိမိ​မ​ကြဲဖြန့်​သည့်​နေရာ​မှ​စုသိမ်း​တတ်​သည့် ခက်ထန်​သော​သူ​ဖြစ်​ကြောင်း အကျွန်ုပ်​သိ​ပါ​သည်။ ထို့ကြောင့် အကျွန်ုပ်​သည် ကြောက်​သဖြင့် သွား​၍ သခင်​၏​ငွေ​ကို မြေ​၌​ဝှက်​ထား​ပါ​သည်။ ကြည့်​ပါ။ သခင်​၏​ဥစ္စာ​ရှိ​ပါ​သည်’​ဟု လျှောက်​လေ​၏။ သူ​၏​သခင်​က​လည်း ‘ဆိုးညစ်​၍ ပျင်းရိ​သော​အစေအပါး၊ ငါ​သည် မ​စိုက်ပျိုး​သည့်​နေရာ​မှ​ရိတ်သိမ်း​ပြီး မ​ကြဲဖြန့်​သည့်​နေရာ​မှ​စုသိမ်း​တတ်​ကြောင်း သင်​သိ​သည်​မှန်​လျှင် ငါ​၏​ငွေ​ကို ငွေတိုး​ပေး​သူ​လက်​၌ အပ်​ထား​သင့်​၏။ သို့ပြုလျှင် ငါ​ပြန်လာ​သောအခါ ငါ​၏​ငွေ​ကို အတိုး​နှင့်တကွ​ရရှိ​ခဲ့​ပေ​လိမ့်မည်။ ထို့ကြောင့် တစ်​တာလန်​ကို သူ့​ထံမှ​ယူ​၍ ဆယ်​တာလန်​ရှိ​သော​သူ​အား ပေး​ကြ​လော့။ အကြောင်းမူကား ရှိ​သော​သူ​တိုင်း​အား ထပ်၍​ပေး​သဖြင့် သူ​တို့​သည် ကြွယ်ဝ​ပြည့်စုံ​လိမ့်မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ အကျိုးမပြု​သော ဤ​အစေအပါး​ကို​ကား အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ကြ​လော့။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်’​ဟု ဆို​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။