YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 25:21-30

ရှင်မဿဲခရစ်ဝင် 25:21-30 MSBU

သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား​ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။ နှစ်​တာလန်​ရ​သော​သူ​သည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ သခင်​သည် အကျွန်ုပ်​အား နှစ်​တာလန်​အပ်နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အကျွန်ုပ်​သည် နောက်ထပ် နှစ်​တာလန်​အမြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။ သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။ တစ်​တာလန်​ရ​သော​သူ​သည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ သခင်​သည် မိမိ​မ​စိုက်ပျိုး​သည့်​နေရာ​မှ​ရိတ်သိမ်း​ပြီး မိမိ​မ​ကြဲဖြန့်​သည့်​နေရာ​မှ​စုသိမ်း​တတ်​သည့် ခက်ထန်​သော​သူ​ဖြစ်​ကြောင်း အကျွန်ုပ်​သိ​ပါ​သည်။ ထို့ကြောင့် အကျွန်ုပ်​သည် ကြောက်​သဖြင့် သွား​၍ သခင်​၏​ငွေ​ကို မြေ​၌​ဝှက်​ထား​ပါ​သည်။ ကြည့်​ပါ။ သခင်​၏​ဥစ္စာ​ရှိ​ပါ​သည်’​ဟု လျှောက်​လေ​၏။ သူ​၏​သခင်​က​လည်း ‘ဆိုးညစ်​၍ ပျင်းရိ​သော​အစေအပါး၊ ငါ​သည် မ​စိုက်ပျိုး​သည့်​နေရာ​မှ​ရိတ်သိမ်း​ပြီး မ​ကြဲဖြန့်​သည့်​နေရာ​မှ​စုသိမ်း​တတ်​ကြောင်း သင်​သိ​သည်​မှန်​လျှင် ငါ​၏​ငွေ​ကို ငွေတိုး​ပေး​သူ​လက်​၌ အပ်​ထား​သင့်​၏။ သို့ပြုလျှင် ငါ​ပြန်လာ​သောအခါ ငါ​၏​ငွေ​ကို အတိုး​နှင့်တကွ​ရရှိ​ခဲ့​ပေ​လိမ့်မည်။ ထို့ကြောင့် တစ်​တာလန်​ကို သူ့​ထံမှ​ယူ​၍ ဆယ်​တာလန်​ရှိ​သော​သူ​အား ပေး​ကြ​လော့။ အကြောင်းမူကား ရှိ​သော​သူ​တိုင်း​အား ထပ်၍​ပေး​သဖြင့် သူ​တို့​သည် ကြွယ်ဝ​ပြည့်စုံ​လိမ့်မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ အကျိုးမပြု​သော ဤ​အစေအပါး​ကို​ကား အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ကြ​လော့။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်’​ဟု ဆို​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။