YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 21:28-32

ရှင်မဿဲ 21:28-32 Judson Bible (JBMLE)

သင်​တို့​သည် အ​ဘယ်​သို့​ထင်​ကြ​သ​နည်း။ တစ်​စုံ​တစ်​ယောက်​သော​သူ၌ သား​နှစ်​ယောက်​ရှိ၏။ သား​အ​ကြီး ဆီ​သို့​သွား၍ ငါ့​သား၊ ယ​နေ့ ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား၍ လုပ်​ဆောင်​လော့​ဟု ဆို​လျှင်၊- သား​က ငါ​မ​သွား​ဘူး​ဟု ပြန်​ပြော​သော်​လည်း၊ နောက်​မှ နောင်​တ​ရ၍ သွား​လေ၏။- အ​ဘ​သည် အ​ခြား​သော​သား​ဆီ​သို့​သွား၍ ရှေ့​နည်း​အ​တူ​ဆို​လျှင်၊ သား​က​သွား​ပါ​မည် အ​ဘ​သ​ခင်​ဟု ဆို​သော်​လည်း မ​သွား​ဘဲ​နေ၏။- ထို​သား​နှစ်​ယောက်​တို့​တွင် အ​ဘယ်​သူ​သည် အ​ဘ၏​အ​လို​ကို ဆောင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သား​အ​ကြီး​ဆောင်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က​လည်း ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ခွန်​ခံ​တို့​နှင့် ပြည့်​တန်​ဆာ​တို့​သည် သင်​တို့​အ​ရင် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​တတ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ ယော​ဟန်​သည် ဖြောင့်​မတ်​သော​အ​ကျင့်​ကို ကျင့်၍ သင်​တို့​ဆီ​သို့ လာ​သော်​လည်း သင်​တို့​မ​ယုံ​ကြည်​ကြ။ အ​ခွန်​ခံ​တို့​နှင့် ပြည့်​တန်​ဆာ​တို့​မူ​ကား ယုံ​ကြည်​ကြ၏။ ထို​အ​ကြောင်း​ကို သင်​တို့​သည် မြင်​သော်​လည်း​ယုံ​ကြည်​မည်​အ​ကြောင်း နောက်​တစ်​ဖန် နောင်​တ​မ​ရ​ကြ။

ရှင်မဿဲ 21:28-32 Common Language Bible (BCL)

ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။- သား​ကြီး​က `အ​ကျွန်ုပ်​မ​သွား​လို​ပါ' ဟု​ဆို သော်​လည်း​နောက်​မှ​စိတ်​ပြောင်း​လဲ​သ​ဖြင့် ဥ​ယျာဉ်​သို့​သွား​လေ​၏။- ဖ​ခင်​သည်​သား​ငယ်​ထံ​သို့​သွား​၍​ရှေး​နည်း​တူ ပြော​၏။ သား​ငယ်​က `ဟုတ်​ကဲ့ အ​ဖေ၊ အ​ကျွန်ုပ် သွား​ပါ​မည်' ဟု​ဆို​၏။- သို့​သော်​လည်း​မ​သွား​ဘဲ​နေ​၏။ ထို​သား​နှစ်​ယောက် တို့​တွင်​အ​ဘယ်​သူ​သည်​ဖ​ခင်​၏​စ​ကား​ကို​နား ထောင်​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``သား​ကြီး​နား​ထောင်​ပါ​သည်'' ဟု ဖြေ​ကြား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား၊ အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ သည်​သင်​တို့​အ​လျင်​ကောင်း​ကင်​နိုင်​ငံ​တော်​သို့​ဝင် ကြ​လိမ့်​မည်။- ယော​ဟန်​သည်​သင်​တို့​ထံ​လာ​၍​လမ်း​မှန်​ကို​ညွှန်​ပြ သော်​လည်း​သင်​တို့​သည်​သူ့​ကို​မ​ယုံ​ကြည်​ကြ။ သို့ ရာ​တွင်​အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ​မူ ကား​ယုံ​ကြည်​ကြ​၏။ ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ရ​ကြ​သော​အ​ခါ​၌​ပင်​လျှင် သင်​တို့​သည်​စိတ်​ပြောင်း လဲ​၍​ယော​ဟန်​ကို​ယုံ​ကြည်​လာ​ခြင်း​မ​ရှိ​ကြ။''

ရှင်မဿဲ 21:28-32 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် မည်သို့​ထင်​ကြ​သနည်း။ လူ​တစ်​ဦး​တွင် သား​နှစ်​ယောက်​ရှိ​၏။ သူ​သည် ပထမ​သား​ထံသို့​သွား​၍ ‘ငါ့​သား၊ ယနေ့ စပျစ်ခြံ​သို့​သွား​၍ အလုပ်​လုပ်​လော့’​ဟု ပြော​လေ​၏။ ထို​သား​သည် ‘အကျွန်ုပ်​မ​သွား​လို​ပါ’​ဟု ပြန်ဖြေ​သော်လည်း နောက်မှ​စိတ်​ပြောင်းလဲ​သဖြင့် သွား​လေ​၏။ ဖခင်​သည် အခြား​သော​သား​ထံသို့​သွား​၍ ထိုနည်းတူ​ပြော​လေ​၏။ ထို​သား​က ‘ဟုတ်ကဲ့ အဖေ၊ အကျွန်ုပ်​သွား​ပါ​မည်’​ဟု ပြန်ဖြေ​သော်လည်း မ​သွား​ဘဲ​နေ​၏။ ထို​သား​နှစ်​ယောက်​တို့​တွင် မည်သူ​သည် ဖခင်​၏​အလို​ကို​ဆောင်ရွက်​ခဲ့​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ပထမ​သား​ဖြစ်​သည်”​ဟု ဖြေ​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အခွန်​ကောက်ခံ​သူ​တို့​နှင့်​ပြည့်တန်ဆာ​တို့​သည် သင်​တို့​ထက်​အလျင်​ဦးစွာ ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ကြ​၏။ အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​ခြင်း​တရား​လမ်း​ဖြင့် သင်​တို့​ထံသို့​လာ​သော်လည်း သင်​တို့​သည် သူ့​ကို​မ​ယုံကြည်​ကြ။ အခွန်​ကောက်ခံ​သူ​တို့​နှင့်​ပြည့်တန်ဆာ​တို့​မူကား သူ့​ကို​ယုံကြည်​ကြ​၏။ သင်​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျက်​ပင် နောက်မှ​စိတ်​ပြောင်းလဲ​၍ သူ့​ကို​ယုံကြည်​လာ​ခြင်း​မ​ရှိ​ကြ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။