YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 21:28-32

ရှင်မဿဲခရစ်ဝင် 21:28-32 MSBU

သင်​တို့​သည် မည်သို့​ထင်​ကြ​သနည်း။ လူ​တစ်​ဦး​တွင် သား​နှစ်​ယောက်​ရှိ​၏။ သူ​သည် ပထမ​သား​ထံသို့​သွား​၍ ‘ငါ့​သား၊ ယနေ့ စပျစ်ခြံ​သို့​သွား​၍ အလုပ်​လုပ်​လော့’​ဟု ပြော​လေ​၏။ ထို​သား​သည် ‘အကျွန်ုပ်​မ​သွား​လို​ပါ’​ဟု ပြန်ဖြေ​သော်လည်း နောက်မှ​စိတ်​ပြောင်းလဲ​သဖြင့် သွား​လေ​၏။ ဖခင်​သည် အခြား​သော​သား​ထံသို့​သွား​၍ ထိုနည်းတူ​ပြော​လေ​၏။ ထို​သား​က ‘ဟုတ်ကဲ့ အဖေ၊ အကျွန်ုပ်​သွား​ပါ​မည်’​ဟု ပြန်ဖြေ​သော်လည်း မ​သွား​ဘဲ​နေ​၏။ ထို​သား​နှစ်​ယောက်​တို့​တွင် မည်သူ​သည် ဖခင်​၏​အလို​ကို​ဆောင်ရွက်​ခဲ့​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ပထမ​သား​ဖြစ်​သည်”​ဟု ဖြေ​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အခွန်​ကောက်ခံ​သူ​တို့​နှင့်​ပြည့်တန်ဆာ​တို့​သည် သင်​တို့​ထက်​အလျင်​ဦးစွာ ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ကြ​၏။ အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​ခြင်း​တရား​လမ်း​ဖြင့် သင်​တို့​ထံသို့​လာ​သော်လည်း သင်​တို့​သည် သူ့​ကို​မ​ယုံကြည်​ကြ။ အခွန်​ကောက်ခံ​သူ​တို့​နှင့်​ပြည့်တန်ဆာ​တို့​မူကား သူ့​ကို​ယုံကြည်​ကြ​၏။ သင်​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျက်​ပင် နောက်မှ​စိတ်​ပြောင်းလဲ​၍ သူ့​ကို​ယုံကြည်​လာ​ခြင်း​မ​ရှိ​ကြ။