YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 21

21
ယေ​ရု​ရှ​လင်​မြို့​သို့​ဝင်​ရောက်​ခြင်း
(​မာ၊ ၁၁:၁-၁၁။ လု၊ ၁၉:၂၈-၄၀။ ယော၊ ၁၂:၁၂-၁၉။)
1ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ချဉ်း၍ သံ​လွင်​တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​သို့ ရောက်​ကြ​သော​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊- 2သင်​တို့​ရှေ့၌​ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ၌ ချည်​နှောင်​လျက်​ရှိ​သော မြည်း​မ​နှင့် မြည်း​က​လေး​ကို သင်​တို့​သည် ချက်​ချင်း​တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို​ဖြည်၍ ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ။- 3သူ​တစ်​ပါး​သည် သင်​တို့​အား တစ်​စုံ​တစ်​ခု​ကို​ဆို​လျှင် သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့။ ထို​သို့ ပြော​လျှင် ထို​သူ​သည် ချက်​ချင်း​ပေး​လိုက်​မည်​ဟု မှာ​ထား​တော်​မူ၏။- 4ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ သင်၏ အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍၊- 5နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့​ဟု ဇိ​အုန်​သ​တို့​သ​မီး​အား ပြော​ကြ​လော့​ဟူ​သော ပ​ရော​ဖက်၏​နှုတ်​ထွက် ပြည့်​စုံ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။#ဇာ၊ ၉:၉။
6တ​ပည့်​တော်​တို့​သည် သွား၍ အ​မိန့်​တော်​အ​တိုင်း ပြု​သ​ဖြင့်၊- 7မြည်း​မ​နှင့် မြည်း​က​လေး​ကို ဆောင်​ခဲ့၍ မြည်း​ကျော​ပေါ်​မှာ မိ​မိ​တို့​အ​ဝတ်​ကို တင်​ကြ​ပြီး​လျှင် ကိုယ်​တော်​သည် စီး​တော်​မူ၏။- 8အ​တိုင်း​မ​သိ များ​စွာ​သော​လူ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို လမ်း၌​ခင်း​ကြ၏။ အ​ချို့​တို့​သည် သစ်​ကိုင်း​သစ်​ခက်​များ​ကို ခုတ်၍ လမ်း၌​ခင်း​ကြ၏။- 9ရှေ့​နောက်​လိုက်​သွား​သော အ​ခြံ​အ​ရံ​များ​တို့​က ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။-#ဆာ၊ ၁၁၈:၂၅၊၂၆။ 10ယေ​ရု​ရှ​လင်​မြို့​သို့ ဝင်​တော်​မူ​သော​အ​ခါ တစ်​မြို့​လုံး အုတ်​အုတ်​သဲ​သဲ​ဖြစ်၍၊ ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊- 11လူ​အ​စု​အ​ဝေး​တို့​က၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့၌ ပေါ်​ထွန်း​သော ပ​ရော​ဖက်​ယေ​ရှု​ပေ​တည်း​ဟု ပြော​ဆို​ကြ၏။
ဗိ​မာန်​တော်​ကို​သ​န့်​စင်​ခြင်း
(​မာ၊ ၁၁:၁၅-၁၉။ လု၊ ၁၉:၄၅-၄၈။ ယော၊ ၂:၁၃-၂၂။)
12ယေ​ရှု​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌​ရောင်း​ဝယ်​သော​သူ အ​ပေါင်း​တို့​ကို နှင်​ထုတ်၍၊ ငွေ​လဲ​သော​သူ​တို့၏ ခုံ​များ​ကို​လည်း​ကောင်း၊ ချိုး​ငှက်​ရောင်း​သော​သူ​တို့၏ ထိုင်​နေ​ရာ​ကို​လည်း​ကောင်း တွန်း​လှဲ​တော်​မူ​လျက်၊- 13ငါ့​အိမ်​ကို ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သော်​လည်း၊ သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း ဖြစ်​စေ​ကြ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။-#ဟေ​ရှာ၊ ၅၆:၇။ ယေ၊ ၇:၁၁။ 14ထို​အ​ခါ ဗိ​မာန်​တော်၌ မျက်​စိ​ကန်း​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့​လာ၍ သူ​တို့ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။- 15ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​ကို​လည်း​ကောင်း၊ သူ​ငယ်​တို့​က​လည်း၊ ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း​ဟု ဗိ​မာန်​တော်၌ ကြွေး​ကြော်​ကြ​သည်​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကြား​မြင်​လျှင် အ​မျက်​ထွက်​ကြ၍၊- 16ဤ​သူ​တို့​သည် အ​ဘယ်​သို့​ပြော​ဆို​သည်​ကို ကြား​သ​လော​ဟု ယေ​ရှု​အား မေး​ကြ​လေ​သော်၊ ငါ​ကြား၏။ နို့​စို့​သူ​ငယ်​တို့ နှုတ်​ထဲ​မှ ကိုယ်​တော်​သည် ချီး​မွမ်း​ခြင်း​ကို ပြင်​ဆင်​တော်​မူ​သည်​ဟူ​သော စ​ကား​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော​ဟု မိန့်​တော်​မူ၏။-#ဆာ၊ ၈:၂။ 17ထို​အ​ခါ သူ​တို့​ကို​ထား​ခဲ့၍ မြို့​ထဲ​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ၍ ထို​ည​ကို လွန်​စေ​တော်​မူ၏။-
သင်္ဘော​သ​ဖန်း​ပင်​ကို​ဒဏ်​ခတ်​ခြင်း
(​မာ၊ ၁၁:၁၂-၁၄၊ ၂၀-၂၄။)
18နံ​နက်​အ​ချိန်၌ မြို့​သို့ ပြန်​စဉ်​တွင် ဆာ​မွတ်​တော်​မူ၏။- 19လမ်း​နား​မှာ သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​လျှင်၊ ထို​အ​ပင်​သို့​ကြွ​သွား၍ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊ ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၌​အ​သီး​မ​သီး​စေ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ ထို​အ​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​လေ၏။- 20တ​ပည့်​တော်​တို့​သည် မြင်​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု အံ့​ဩ၍ ဆို​ကြ၏။- 21ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ယုံ​မှား​ခြင်း​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်၌ ပြု​သ​ကဲ့​သို့ သင်​တို့​ပြု​နိုင်​သည် သာ​မ​က၊ ထို​တောင်​ကို​ပင် နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌​ကျ​လော့​ဟု ဆို​လျှင် ဆို​သည်​အ​တိုင်း ဖြစ်​လိမ့်​မည်။-#မ၊ ၁၇:၂၀။ ၁​ကော၊ ၁၃:၂။ 22ယုံ​ကြည်​ခြင်း​ပါ​လျက် ပ​တ္ထ​နာ​ပြု၍ ဆု​တောင်း​သ​မျှ​တို့​ကို သင်​တို့​သည် ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
သ​ခင်​ယေ​ရှု၏​အ​ခွ​င့်​အာ​ဏာ
(​မာ၊ ၁၁:၂၇-၃၃။ လု၊ ၂၀:၁-၈။)
23ဗိ​မာန်​တော်​သို့ ဝင်​ပြန်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​စဉ်​တွင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော သူ​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ပြု​သ​နည်း။ ထို​အ​ခွင့်​ကို အ​ဘယ်​သူ​ပေး​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- 24ယေ​ရှု​က၊ ငါ​သည် တစ်​စုံ​တစ်​ခု​ကို မေး​ဦး​မည်။ သင်​တို့​ဖြေ​လျှင် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​ပြော​မည်။- 25ယော​ဟန်၏ ဗ​တ္တိ​ဇံ​တ​ရား​သည် အ​ဘယ်​က​ဖြစ်​သ​နည်း။ ဘု​ရား​က ဖြစ်​သ​လော။ လူ​က​ဖြစ်​သ​လော​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်၍ ဘု​ရား​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည် ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။- 26လူ​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင် လူ​များ​ကို​ကြောက်​ရ၏။ အ​ကြောင်း​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ၏​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊- 27အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ယေ​ရှု​အား ပြန်​ပြော​ကြ၏။ ကိုယ်​တော်​က​လည်း၊ ထို​အ​တူ ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​မ​ပြော။
သား​နှစ်​ယောက်​ဥ​ပ​မာ
28သင်​တို့​သည် အ​ဘယ်​သို့​ထင်​ကြ​သ​နည်း။ တစ်​စုံ​တစ်​ယောက်​သော​သူ၌ သား​နှစ်​ယောက်​ရှိ၏။ သား​အ​ကြီး ဆီ​သို့​သွား၍ ငါ့​သား၊ ယ​နေ့ ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား၍ လုပ်​ဆောင်​လော့​ဟု ဆို​လျှင်၊- 29သား​က ငါ​မ​သွား​ဘူး​ဟု ပြန်​ပြော​သော်​လည်း၊ နောက်​မှ နောင်​တ​ရ၍ သွား​လေ၏။- 30အ​ဘ​သည် အ​ခြား​သော​သား​ဆီ​သို့​သွား၍ ရှေ့​နည်း​အ​တူ​ဆို​လျှင်၊ သား​က​သွား​ပါ​မည် အ​ဘ​သ​ခင်​ဟု ဆို​သော်​လည်း မ​သွား​ဘဲ​နေ၏။- 31ထို​သား​နှစ်​ယောက်​တို့​တွင် အ​ဘယ်​သူ​သည် အ​ဘ၏​အ​လို​ကို ဆောင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သား​အ​ကြီး​ဆောင်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က​လည်း ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ခွန်​ခံ​တို့​နှင့် ပြည့်​တန်​ဆာ​တို့​သည် သင်​တို့​အ​ရင် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​တတ်​ကြ၏။- 32အ​ကြောင်း​မူ​ကား၊ ယော​ဟန်​သည် ဖြောင့်​မတ်​သော​အ​ကျင့်​ကို ကျင့်၍ သင်​တို့​ဆီ​သို့ လာ​သော်​လည်း သင်​တို့​မ​ယုံ​ကြည်​ကြ။ အ​ခွန်​ခံ​တို့​နှင့် ပြည့်​တန်​ဆာ​တို့​မူ​ကား ယုံ​ကြည်​ကြ၏။ ထို​အ​ကြောင်း​ကို သင်​တို့​သည် မြင်​သော်​လည်း​ယုံ​ကြည်​မည်​အ​ကြောင်း နောက်​တစ်​ဖန် နောင်​တ​မ​ရ​ကြ။#လု၊ ၃:၁၂၊ ၇:၂၉-၃၀။
စ​ပျစ်​ဥ​ယျာဉ်​စောင့်​များ​ဥ​ပ​မာ
(​မာ၊ ၁၂:၁-၁၂။ လု၊ ၂၀:၉-၁၉။)
33အ​ခြား​သော ဥ​ပ​မာ​ကို​နား​ထောင်​ကြ​လော့။ အိမ်​ရှင်​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ​လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။-#ဟေ​ရှာ၊ ၅:၁-၂။ 34အ​သီး​သီး​ချိန် ရောက်​သော​အ​ခါ၊ အ​သီး​ကို​ခံ​စေ​ခြင်း​ငှာ ငယ်​သား​တို့​ကို ဥ​ယျာဉ်​စောင့်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လေ၏။- 35ထို​သူ​တို့​သည် ငယ်​သား​များ​ကို ဖမ်း​ပြီး​လျှင် တစ်​ဦး​ကို​ရိုက်၍၊ တစ်​ဦး​ကို​သတ်၍၊ တစ်​ဦး​ကို ခဲ​နှင့် ပစ်​ကြ၏။- 36နောက်​တစ်​ဖန် အ​ရင်​ထက်​များ​သော အ​ခြား​ငယ်​သား​တို့​ကို စေ​လွှတ်​ပြန်​လျှင်၊ ဥ​ယျာဉ်​စောင့်​တို့​သည် ရှေ့​နည်း​အ​တူ​ပြု​ကြ၏။- 37နောက်​ဆုံး၌ ဥ​ယျာဉ်​ရှင်​က၊ ထို​သူ​တို့​သည် ငါ့​သား​ကို အား​နာ​ကြ​လိမ့်​မည်​ဟု​ဆို၍ မိ​မိ​သား​ကို စေ​လွှတ်​လေ၏။- 38ဥ​ယျာဉ်​စောင့်​တို့​သည် သား​ကို​မြင်​လျှင် ဤ​သူ​သည် အ​မွေ​ခံ​ဖြစ်၏။ လာ​ကြ၊ သူ့​ကို​သတ်၍ သူ၏​အ​မွေ​ဥ​စ္စာ​ကို ယူ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း​တိုင်​ပင်၍၊- 39ဥ​ယျာဉ်​ရှင်၏​သား​ကို ဖမ်း​ယူ​ပြီး​မှ ဥ​ယျာဉ်​ပြင်​သို့​ထုတ်၍ သတ်​ပစ်​ကြ၏။- 40သို့​ဖြစ်​လျှင် ဥ​ယျာဉ်​ရှင်​သည် လာ​သော​အ​ခါ၊ ဥ​ယျာဉ်​စောင့်​တို့​ကို အ​ဘယ်​သို့ ပြု​မည်​နည်း​ဟု မေး​တော်​မူ၏။- 41ပ​ရိ​သတ်​တို့​က​လည်း ထို​လူ​ဆိုး​တို့​အား ဆိုး​သော​ဖျက်​ဆီး​ခြင်း​ကို စီ​ရင်​ပါ​လိမ့်​မည်။ အ​သီး​သီး​ချိန်​တွင် အ​သီး​ကို​ဆက်​အံ့​သော အ​ခြား​လူ​တို့​အား ထို​ဥ​ယျာဉ်​ကို ငှား​ပါ​လိမ့်​မည်​ဟု လျှောက်​ကြ၏။
42ယေ​ရှု​က​လည်း၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု ဖြစ်၏။ ငါ​တို့ မျက်​မှောက်၌​လည်း အံ့​ဩ​ဖွယ်​ဖြစ်၏ ဟူ​သော​စ​ကား​ကို ကျမ်း​စာ၌ သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော။-#ဆာ၊ ၁၁၈:၂၂-၂၃။ 43ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို သင်​တို့​မှ​နုတ်၍ နိုင်​ငံ​တော်၏​အ​သီး​ကို သီး​အံ့​သော​လူ​မျိုး​အား ပေး​ရ​လ​တ္တံ့။- 44အ​ကြင်​သူ​သည် ထို​ကျောက်​အ​ပေါ်​သို့ ကျ၏။ ထို​သူ​သည် ကျိုး​လ​တ္တံ့၊ အ​ကြင်​သူ၏​အ​ပေါ်​သို့ ထို​ကျောက်​သည် ကျ၏၊ ထို​သူ​သည် ညက်​ညက်​ကြေ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။ 45ထို​ဥ​ပ​မာ​စ​ကား​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ကြား​ရ​လျှင်၊ မိ​မိ​တို့​ကို​ရည်​ဆောင်၍ ဟော​ပြော​တော်​မူ​သည်​ကို သိ​ကြ၏။- 46ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​သော်​လည်း စု​ဝေး​သော​သူ​များ​ကို ကြောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲ 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။