YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 20:29-34

ရှင်မဿဲ 20:29-34 Judson Bible (JBMLE)

ယေ​ရိ​ခေါ​မြို့​မှ ထွက်​သွား​ကြ​စဉ်​တွင် လူ​များ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။- ယေ​ရှု​သည် ကြွ​သွား​တော်​မူ​ကြောင်း​ကို လမ်း​နား​မှာ​ထိုင်​နေ​သော လူ​ကန်း​နှစ်​ယောက်​တို့​သည် ကြား​ရ​လျှင် ဒါ​ဝိဒ်၏​သား​တော်​အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။ ထို​သူ​တို့​ကို တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ လူ​အ​စု​အ​ဝေး​တို့​သည် ငေါက်၍ ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်၏ သား​တော်​အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု သာ၍ ဟစ်​ကြော်​ကြ၏။- ယေ​ရှု​သည်​လည်း ရပ်​တော်​မူ​လျက် ထို​သူ​တို့​ကို​ခေါ်၍ သင်​တို့၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- သ​ခင်၊ အ​ကျွန်ုပ်​တို့ မျက်​စိ​ကို ပွင့်​လင်း​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊- ယေ​ရှု​သည် သ​နား​ခြင်း​စိတ်​တော်​ရှိ၍ သူ​တို့​မျက်​စိ​ကို လက်​နှင့် တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် ထို​သူ​တို့​သည် မျက်​စိ​မြင်၍ နောက်​တော်​သို့ လိုက်​ကြ၏။

ရှင်မဿဲ 20:29-34 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ယေ​ရိ​ခေါ မြို့​မှ​ထွက်​ခွာ​လာ​ကြ​သော​အ​ခါ လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​က​လိုက်​ကြ​၏။- သ​ခင်​ယေ​ရှု​ကြွ​သွား​တော်​မူ​ကြောင်း​ကို လမ်း အ​နီး​တွင်​ထိုင်​နေ​သော​မျက်​မ​မြင်​နှစ်​ယောက်​တို့ ကြား​သိ​သော​အ​ခါ ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော် ကြ​၏။ လူ​ပ​ရိ​သတ်​တို့​က​သူ​တို့​အား​ဆိတ်​ဆိတ်​နေ ရန်​ငေါက်​ငန်း​ပြော​ဆို​ကြ​၏။ သို့​သော်​လည်း​သူ​တို့ သည် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ'' ဟု​သာ​၍​ပင်​ဟစ်​အော်​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ​၍​ထို​သူ​တို့ ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``သင် တို့​အ​တွက်​အ​ဘယ်​အ​ရာ​ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​အား​မျက်​စိ​ပြန်​၍ မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​သူ​တို့​ကို​သ​နား​တော်​မူ​သ​ဖြင့် သူ​တို့​၏​မျက်​စိ​ကို​လက်​တော်​ဖြင့်​တို့​ထိ​တော်​မူ​၏။ သူ​တို့​သည်​မျက်​စိ​အ​လင်း​ကို​ချက်​ချင်း​ပြန်​လည် ရ​ရှိ​၍​နောက်​တော်​သို့​လိုက်​ကြ​၏။

ရှင်မဿဲ 20:29-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် ဂျေရိခေါ​မြို့​မှ ထွက်ခွာ​လာ​ကြ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် နောက်​တော်​သို့​လိုက်​ကြ​၏။ ထိုစဉ် လမ်း​ဘေး​တွင် ထိုင်​နေ​သော မျက်မမြင်​နှစ်​ဦး​သည် ယေရှု​ဖြတ်​သွား​တော်မူ​ကြောင်း​ကြား​၍ “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​ကြ​၏။ လူထု​ပရိသတ်​သည် သူ​တို့​ကို​တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်​ကြ​၏။ သို့သော် သူ​တို့​သည် “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော် အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။ ထိုအခါ ယေရှု​သည် ရပ်တန့်​လျက် သူ​တို့​ကို​ခေါ်​၍“သင်​တို့​အတွက် မည်သည့်​အမှု​ကို ပြု​စေ​လို​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ သူ​တို့​က​လည်း “အကျွန်ုပ်​တို့​ကို မျက်စိ​မြင်​အောင် ပြုလုပ်​ပေး​စေ​လို​ပါ​၏ သခင်​ဘုရား”​ဟု လျှောက်​ကြ​၏။ ယေရှု​သည် ကြင်နာ​စိတ်​ရှိ​၍ သူ​တို့​၏​မျက်စိ​ကို တို့​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​တို့​သည် မျက်စိ​မြင်​၍ နောက်​တော်​သို့​လိုက်​သွား​ကြ​၏။