ထို့နောက် သူတို့သည် ဂျေရိခေါမြို့မှ ထွက်ခွာလာကြရာ များစွာသောလူထုပရိသတ်သည် နောက်တော်သို့လိုက်ကြ၏။ ထိုစဉ် လမ်းဘေးတွင် ထိုင်နေသော မျက်မမြင်နှစ်ဦးသည် ယေရှုဖြတ်သွားတော်မူကြောင်းကြား၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်ကြ၏။ လူထုပရိသတ်သည် သူတို့ကိုတိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူတို့သည် “သခင်ဘုရား၊ ဒါဝိဒ်၏သားတော် အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု ပို၍အော်ဟစ်ကြ၏။ ထိုအခါ ယေရှုသည် ရပ်တန့်လျက် သူတို့ကိုခေါ်၍“သင်တို့အတွက် မည်သည့်အမှုကို ပြုစေလိုကြသနည်း”ဟု မေးတော်မူ၏။ သူတို့ကလည်း “အကျွန်ုပ်တို့ကို မျက်စိမြင်အောင် ပြုလုပ်ပေးစေလိုပါ၏ သခင်ဘုရား”ဟု လျှောက်ကြ၏။ ယေရှုသည် ကြင်နာစိတ်ရှိ၍ သူတို့၏မျက်စိကို တို့တော်မူ၏။ ထိုခဏချင်းတွင် သူတို့သည် မျက်စိမြင်၍ နောက်တော်သို့လိုက်သွားကြ၏။
ရှင်မဿဲခရစ်ဝင် 20 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 20
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 20:29-34
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ