YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 20:20-23

ရှင်မဿဲ 20:20-23 Judson Bible (JBMLE)

ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား​တို့​အ​မိ​သည် သား​တို့​နှင့်​အ​တူ အ​ထံ​တော်​သို့​ချဉ်း၍ ပျပ်​ဝပ်​လျက် ဆု​ကျေး​ဇူး​ကို တောင်း​ပန်​လေ၏။ ကိုယ်​တော်​က သင်​သည် အ​ဘယ်​ဆု​ကျေး​ဇူး​ကို အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ​သော်၊- ကိုယ်​တော်၏​နိုင်​ငံ​တွင် ကျွန်​မ၌ ဤ​သား​နှစ်​ယောက်​တို့​သည် လက်​ယာ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌​တစ်​ယောက် ထိုင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​တောင်း​ပန်​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​အံ့​သော ခွက်​ကို သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊- ငါ၏​ခွက်​ကို သင်​တို့​သည် သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​သော ဗ​တ္တိ​ဇံ​ကို​လည်း သင်​တို့​သည် ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း ငါ၏​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ထိုင်​ရ​သော​အ​ခွင့်​ကို​ကား အ​ကြင်​သူ​တို့ အ​ဖို့​အ​လို့​ငှာ ငါ့​ခ​မည်း​တော်​သည် ပြင်​ဆင်၏။ ထို​သူ​တို့​အား​သာ ငါ​ပေး​ပိုင်​သည်​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 20:20-23 Common Language Bible (BCL)

ထို​နောက်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​မိ​ခင်​သည်​သား များ​နှင့်​အ​တူ​ကိုယ်​တော်​ထံ​ပန်​ကြား​လျှောက်​ထား ရန်​ချဉ်း​ကပ်​ပျပ်​ဝပ်​၏။ ကိုယ်​တော်​က ``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ``ကိုယ်​တော်​သည်​ဘု​ရင်​အ​ဖြစ်​အုပ်​စိုး​တော်​မူ သော​အ​ခါ ကျွန်​မ​၏​သား​နှစ်​ယောက်​အား​အ​ရှင် ၏​လက်​ယာ​ရံ​နှင့်​လက်​ဝဲ​ရံ​ခန့်​ထား​တော်​မူ​ပါ'' ဟု​ပန်​ကြား​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို ပန်​ကြား​နေ​သည်​ကို​သင်​တို့​မ​သိ​ကြ။ ငါ​သောက် ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​သင်​တို့​သောက်​နိုင်​ကြ သ​လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``အ​ကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​သည်​ငါ​၏​ခွက်​မှ​အ​မှန်​ပင် သောက်​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​လက်​ယာ​ရံ နှင့်​လက်​ဝဲ​ရံ​အ​ဖြစ်​ကို​မူ​ငါ​မ​ပေး​ပိုင်။ ဤ​အ​ခွင့် အ​ရေး​များ​သည်​ငါ့​ခ​မည်း​တော်​စီ​မံ​ပြင်​ဆင်​ထား သူ​များ​အ​တွက်​သာ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ရှင်မဿဲ 20:20-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ဇေဗေဒဲ​၏​သား​များ​၏​မိခင်​သည် မိမိ​သား​တို့​နှင့်အတူ အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ ရှိခိုး​ကာ တစ်စုံတစ်ခု​ကို ကိုယ်တော်​ထံ တောင်းလျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“သင်​သည် မည်သည့်​အရာ​ကို အလိုရှိ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​က “ကျွန်မ​၏​ဤ​သား​နှစ်​ယောက်​တို့​သည် ကိုယ်တော်​၏​နိုင်ငံ​တော်​၌ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ရ​မည့်​အကြောင်း အမိန့်​ရှိ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ သို့သော် ယေရှု​က“သင်​တို့​သည် မည်သည့်​အရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​နိုင်​သလော”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “အကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ငါ​၏​ခွက်​ကို သင်​တို့​သောက်​ကြ​မည်​မှန်​၏။ သို့သော် ငါ​၏​လက်ယာ​ဘက်​နှင့်​လက်ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေရာ​သည် ငါ​၏​ခမည်းတော်​ပြင်ဆင်​ပေး​ထား​သော​သူ​တို့​အတွက်​သာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။