YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 19:1-15

ရှင်မဿဲ 19:1-15 Judson Bible (JBMLE)

ထို​ဒေ​သ​နာ​တော်​ကို ယေ​ရှု​သည်​အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​လျှင်၊ ဂါ​လိ​လဲ​ပြည်​မှ​ပြောင်း၍ ယု​ဒ​ပြည်​စွန်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကြွ​တော်​မူ၏။- လူ​များ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သည်​ဖြစ်၍၊ ထို​အ​ရပ်၌ အ​နာ​ရော​ဂါ​များ​ကို ငြိမ်း​စေ​တော်​မူ၏။- ဖာ​ရိ​ရှဲ​တို့​သည် အ​ထံ​တော်​သို့​လာ၍ လူ​သည် ခပ်​သိမ်း​သော​အ​ပြစ်​ကြောင့် မိ​မိ​မ​ယား​နှင့် ကွာ​အပ်​သ​လော​ဟု စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ အ​စ​အ​ဦး၌ ဖန်​ဆင်း​တော်​မူ​သော​သူ​သည် ယောက်ျား​နှင့် မိန်း​မ​နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။- ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်​ဟု ကျမ်း​ဆို​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​သ​လော။- ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း​ဖြစ်၏။ ဘု​ရား​သ​ခင်​ဖက်​စပ်၍ ထမ်း​ပိုး​တင် တော်​မူ​သော​အ​ရာ​ကို လူ​မ​ခွဲ​မ​ခွာ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ ထို​သို့​မှန်​လျှင် ဖြတ်​စာ​ကို​ပေး၍ မ​ယား​နှင့်​ကွာ​စေ​ခြင်း​ငှာ မော​ရှေ​သည် အ​ဘယ်​ကြောင့် စီ​ရင်​သ​နည်း​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မ​ယား​နှင့် ကွာ​ရ​သော​အ​ခွင့်​ကို မော​ရှေ​သည် စီ​ရင်၏။ အ​စ​အ​ဦး၌ ထို​သို့​မ​ဟုတ်။- ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့်​စုံ​ဖက်​သော​သူ​သည် မိ​မိ​မ​ယား​ကို​ပြစ်​မှား၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ လင်​မ​ယား​အ​မှု​သည် ဤ​သို့​ဖြစ်​လျှင် စုံ​ဖက်​ခြင်း​ကို မ​ပြု​ကောင်း​ပါ​ဟု လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ ထို​စ​ကား​ကို လူ​တိုင်း​မ​ခံ​မ​ယူ​နိုင်။ အ​ခွင့်​ရ​သော​သူ​တို့​သာ ခံ​ယူ​နိုင်​ကြ၏။- လူ​အ​ချို့​တို့​သည် အ​မိ​ဝမ်း​တွင်း​က​ပင် မိန်း​မ​လျှာ​ဖြစ်​ကြ၏။ အ​ချို့​တို့​သည် သူ​တစ်​ပါး​ဆုံး​မ၍ မိန်း​မ​လျှာ ဖြစ်​ကြ၏။ အ​ချို့​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​အ​ဖို့ အ​လို့​ငှာ မိ​မိ​ကိုယ်​ကို​ဆုံး​မ၍ မိန်း​မ​လျှာ​ဖြစ်​ကြ၏။ ထို​စ​ကား​ကို ခံ​ယူ​နိုင်​သော​သူ​သည် ခံ​ယူ​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်၍ မေ​တ္တာ​ပို့​တော်​မူ​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ဖြစ်၍ တ​ပည့်​တော်​တို့​သည် အ​ပြစ်​တင်​ကြ၏။- ယေ​ရှု​က​လည်း၊ ထို​သူ​ငယ်​တို့​ကို ရှိ​စေ​တော့။ ငါ့​ထံ​သို့​လာ​သည်​ကို မ​ဆီး​တား​ကြ​နှင့်။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၍၊- သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​ပြီး​လျှင်၊ ထို​အ​ရပ်​မှ ကြွ​သွား​တော်​မူ၏။

ရှင်မဿဲ 19:1-15 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး​သော အ​ခါ​ဂါ​လိ​လဲ​ပြည်​မှ​ထွက်​ခွာ​တော်​မူ​၍ ယော်​ဒန် မြစ်​တစ်​ဖက်​ကမ်း​ယု​ဒ​ပြည်​သို့​ရောက်​တော်​မူ​၏။- လူ​ပ​ရိ​သတ်​ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။ ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​သူ​နာ​များ​ကို ကျန်း​မာ​စေ​တော်​မူ​၏။ ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``လူ တစ်​စုံ​တစ်​ယောက်​သည်​မည်​သည့်​အ​ကြောင်း​ကြောင့် မ​ဆို မိ​မိ​၏​မ​ယား​နှင့်​ကွာ​ရှင်း​အပ်​ပါ​သ​လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍​မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် အ​စ​အ​ဦး​က​ပင်​လျှင်​ယောကျာ်း​နှင့်​မိန်းမ​ကို ဖန်​ဆင်း​တော်​မူ​၏။ ဟူ​သော​ကျမ်း​စ​ကား​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။- `ဘု​ရား​သ​ခင်​က​ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း သည် ကိုယ့်​မိ​ဘ​ကို​စွန့်​၍​မိ​မိ​ဇ​နီး​နှင့်​ပေါင်း​သင်း နေ​ထိုင်​ရ​လိမ့်​မည်။ ထို​သူ​နှစ်​ဦး​သည်​တစ်​သား တည်း​ဖြစ်​ရ​ကြ​လိမ့်​မည်။- သို့​ဖြစ်​၍​သူ​တို့​သည်​နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း ဖြစ်​၏။' `ဘု​ရား​သ​ခင်​စုံ​ဖက်​ပေး​သည်​ကို​လူ​မ​ခွဲ ခွာ​စေ​နှင့်' ဟု​မိန့်​တော်​မူ​၏။ ဖာ​ရိ​ရှဲ​တို့​က ``ထို​သို့​ဖြစ်​ပါ​မူ​အ​ဘယ်​ကြောင့် မ​ယား​ကို​ဖြတ်​စာ​နှင့်​ကွာ​ရှင်း​ရန်​မော​ရှေ​ပ​ညတ် ခဲ့​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​သည်​အ​ပြော​ရ​ခက်​သူ​များ ဖြစ်​သော​ကြောင့်​မော​ရှေ​သည်​သင်​တို့​အား​မ​ယား နှင့်​ကွာ​ရှင်း​ခွင့်​ပေး​ခဲ့​ခြင်း​ဖြစ်​၏။ အ​စ​မူ​လ​က ဤ​ခွင့်​ပြု​ချက်​မ​ရှိ။- သင်​တို့​အား​ငါ​ဆို​သည်​ကား​မိ​မိ​၏​ဇ​နီး​အား အ​ကျင့်​ဖောက်​ပြား​သည့်​အ​ပြစ်​မှ​တစ်​ပါး​အ​ခြား မည်​သည့်​အ​ပြစ်​ကြောင့်​မ​ဆို ကွာ​ရှင်း​၍​အ​ခြား အ​မျိုး​သ​မီး​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သူ သည်​မိ​မိ​ဇ​နီး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏'' ဟု မိန့်​တော်​မူ​သည်။ တ​ပည့်​တော်​တို့​က ``ဇ​နီး​ခင်​ပွန်း​ပေါင်း​သင်း ဆက်​ဆံ​မှု​သည်​ဤ​သို့​ဖြစ်​ပါ​လျှင်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​သည်​က​ပို​၍​ကောင်း​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။ ကိုယ်​တော်​က ``လူ​တိုင်း​အိမ်​ထောင်​မ​ပြု​ဘဲ​နေ​နိုင် သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ခွင့်​ပြု​သူ​များ​သာ လျှင်​နေ​နိုင်​ကြ​၏။ လူ​တို့​အိမ်​ထောင်​မ​ပြု​နိုင်​ကြ သည်​မှာ​အ​ကြောင်း​အ​မျိုး​မျိုး​ကြောင့်​ဖြစ်​၏။- အ​ချို့​သော​သူ​တို့​တွင်​မွေး​စ​က​ပင်​အိမ်​ထောင် ပြု​နိုင်​ရန်​စွမ်း​ရည်​မ​ပါ​မ​ရှိ​ကြ။ အ​ချို့​တို့​မှာ လူ​တို့​က​ထို​စွမ်း​ရည်​ကို​ဖျက်​ဆီး​ပစ်​လိုက်​သော ကြောင့်​အိမ်​ထောင်​ပြု​၍​မ​ရ​ကြ။ အ​ချို့​မှာ​မူ ကောင်း​ကင်​နိုင်​ငံ​တော်​၏​အ​ကျိုး​ကို​ထောက်​၍ အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ကြ​၏။ အိမ်​ထောင်​မ​ပြု ဘဲ​နေ​နိုင်​သူ​သည်​အိမ်​ထောင်​မ​ပြု​စေ​နှင့်'' ဟု မိန့်​တော်​မူ​၏။ လူ​အ​ချို့​တို့​သည်​က​လေး​သူ​ငယ်​များ​အ​ပေါ် လက်​တော်​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​စေ​ရန် ကိုယ်​တော်​၏​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။- သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​သူ​တို့​ကို အ​ပြစ်​တင်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``က​လေး သူ​ငယ်​တို့​ငါ့​ထံ​လာ​ကြ​ပါ​စေ။ မ​ဆီး​တား ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​ထို သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။ ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​ပြီး နောက်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော်​မူ​၏။

ရှင်မဿဲ 19:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဤ​တရား​စကား​တို့​ကို မိန့်​တော်မူ​ပြီး​သောအခါ ဂါလိလဲ​နယ်​မှ​ထွက်ခွာ​၍ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ ယုဒ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​သို့ ကြွ​တော်မူ​၏။ များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​သဖြင့် ကိုယ်တော်​သည် ထို​အရပ်​၌ သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။ ထိုအခါ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “လူ​သည် မည်သည့်​အကြောင်း​ကြောင့်​မဆို မိမိ​မယား​ကို ကွာရှင်း​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော”​ဟု မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ဖန်ဆင်း​တော်မူ​သော​အရှင်​သည် အစအဦး​က​ပင် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​လျက် ‘ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိမိ​၏​မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖော်​သဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်သား​တစ်ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်မည်’ဟု မိန့်​တော်မူ​ခဲ့​ကြောင်း သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ သို့ဖြစ်၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​တွဲဖက်​၍ ထမ်းပိုး​တင်​တော်မူ​သော​အရာ​ကို လူ​က မ​ကွဲကွာ​စေ​နှင့်”​ဟု မိန့်​တော်မူ​၏။ ဖာရိရှဲ​တို့​က “သို့ဖြစ်လျှင် ဖြတ်စာ​ကို​ပေး​၍ မယား​ကို​ကွာရှင်း​ရန် အဘယ်ကြောင့် မောရှေ​သည် ပညတ်​ခဲ့​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​၏​စိတ်နှလုံး​မာကျော​သောကြောင့် မောရှေ​သည် သင်​တို့​အား မယား​ကို​ကွာရှင်း​ခွင့်ပြု​ခဲ့​၏။ သို့သော် အစအဦး​မှစ၍ ထိုကဲ့သို့​ဖြစ်​သည်​မ​ဟုတ်။ သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ မိမိ​မယား​ကို​ကွာရှင်း​၍ အခြား​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သော​သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က “လင်​နှင့်​မယား​တို့​၏​ဆက်နွှယ်​မှု​သည် ထိုသို့​ဖြစ်​လျှင် အိမ်ထောင်​မ​ပြု​ဘဲ​နေ​ခြင်း​သည် သာ၍​ကောင်း​ပါ​၏”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ဤ​စကား​ကို လူ​တိုင်း​ခံယူ​နိုင်​သည်​မ​ဟုတ်။ ထိုသို့​ပြု​ခွင့်​ရ​သော​သူ​တို့​သာ ခံယူ​နိုင်​ကြ​၏။ အကြောင်းမူကား အမိ​ဝမ်းတွင်း​က​ပင် အိမ်ထောင်​ပြု​နိုင်စွမ်း​မ​ရှိ​ဘဲ မွေး​လာ​သော​သူ​များ​ရှိ​ကြ​၏။ လူ​တို့​ကြောင့် အိမ်ထောင်ပြု​နိုင်စွမ်း​ကို စွန့်လွှတ်​ရ​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ကောင်းကင်​နိုင်ငံ​တော်​အတွက် အိမ်ထောင်ပြု​နိုင်စွမ်း​ကို ကိုယ်တိုင်​စွန့်လွှတ်​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ဤ​အရာ​ကို ခံယူ​နိုင်​သော​သူ​သည် ခံယူ​စေ”​ဟု မိန့်​တော်မူ​၏။ ထို့နောက် လက်​တော်​တင်​လျက် ဆုတောင်း​ပေး​စေရန် လူ​တို့​သည် ကလေး​သူငယ်​များ​ကို အထံတော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူငေါက်​ကြ​၏။ ယေရှု​က​လည်း“ကလေး​သူငယ်​တို့​ကို ရှိ​ကြ​ပါလေစေ။ ငါ့​ထံသို့ သူ​တို့​လာ​ကြ​သည်​ကို မ​တားဆီး​ကြ​နှင့်။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် ထိုသို့​သော​သူ​တို့​၏​နိုင်ငံ​ဖြစ်​၏”​ဟု မိန့်​တော်မူ​လျက် သူ​တို့​အပေါ်​၌ လက်​တော်​တင်​ပြီးလျှင် ထို​နေရာ​မှ ကြွ​တော်မူ​၏။