သခင်ယေရှုသည်ဤသို့မိန့်တော်မူပြီးသော အခါဂါလိလဲပြည်မှထွက်ခွာတော်မူ၍ ယော်ဒန် မြစ်တစ်ဖက်ကမ်းယုဒပြည်သို့ရောက်တော်မူ၏။- လူပရိသတ်ကြီးသည်နောက်တော်သို့လိုက်ကြ၏။ ထိုအရပ်တွင်ကိုယ်တော်သည်သူနာများကို ကျန်းမာစေတော်မူ၏။ ဖာရိရှဲအချို့တို့သည်အထံတော်သို့လာ၍ ``လူ တစ်စုံတစ်ယောက်သည်မည်သည့်အကြောင်းကြောင့် မဆို မိမိ၏မယားနှင့်ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။ ကိုယ်တော်က ``ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင်လျှင်ယောကျာ်းနှင့်မိန်းမကို ဖန်ဆင်းတော်မူ၏။ ဟူသောကျမ်းစကားကို သင်တို့မဖတ်ဖူးကြပါသလော။- `ဘုရားသခင်ကဤအကြောင်းကြောင့်ယောကျာ်း သည် ကိုယ့်မိဘကိုစွန့်၍မိမိဇနီးနှင့်ပေါင်းသင်း နေထိုင်ရလိမ့်မည်။ ထိုသူနှစ်ဦးသည်တစ်သား တည်းဖြစ်ရကြလိမ့်မည်။- သို့ဖြစ်၍သူတို့သည်နှစ်ဦးမဟုတ်၊ တစ်ဦးတည်း ဖြစ်၏။' `ဘုရားသခင်စုံဖက်ပေးသည်ကိုလူမခွဲ ခွာစေနှင့်' ဟုမိန့်တော်မူ၏။ ဖာရိရှဲတို့က ``ထိုသို့ဖြစ်ပါမူအဘယ်ကြောင့် မယားကိုဖြတ်စာနှင့်ကွာရှင်းရန်မောရှေပညတ် ခဲ့ပါသနည်း'' ဟုမေးလျှောက်ကြ၏။ ကိုယ်တော်က ``သင်တို့သည်အပြောရခက်သူများ ဖြစ်သောကြောင့်မောရှေသည်သင်တို့အားမယား နှင့်ကွာရှင်းခွင့်ပေးခဲ့ခြင်းဖြစ်၏။ အစမူလက ဤခွင့်ပြုချက်မရှိ။- သင်တို့အားငါဆိုသည်ကားမိမိ၏ဇနီးအား အကျင့်ဖောက်ပြားသည့်အပြစ်မှတစ်ပါးအခြား မည်သည့်အပြစ်ကြောင့်မဆို ကွာရှင်း၍အခြား အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြုသူ သည်မိမိဇနီး၏အိမ်ရာကိုပြစ်မှား၏'' ဟု မိန့်တော်မူသည်။ တပည့်တော်တို့က ``ဇနီးခင်ပွန်းပေါင်းသင်း ဆက်ဆံမှုသည်ဤသို့ဖြစ်ပါလျှင်အိမ်ထောင် မပြုဘဲနေသည်ကပို၍ကောင်းပါ၏'' ဟု လျှောက်ထားကြ၏။ ကိုယ်တော်က ``လူတိုင်းအိမ်ထောင်မပြုဘဲနေနိုင် သည်မဟုတ်။ ဘုရားသခင်ခွင့်ပြုသူများသာ လျှင်နေနိုင်ကြ၏။ လူတို့အိမ်ထောင်မပြုနိုင်ကြ သည်မှာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်၏။- အချို့သောသူတို့တွင်မွေးစကပင်အိမ်ထောင် ပြုနိုင်ရန်စွမ်းရည်မပါမရှိကြ။ အချို့တို့မှာ လူတို့ကထိုစွမ်းရည်ကိုဖျက်ဆီးပစ်လိုက်သော ကြောင့်အိမ်ထောင်ပြု၍မရကြ။ အချို့မှာမူ ကောင်းကင်နိုင်ငံတော်၏အကျိုးကိုထောက်၍ အိမ်ထောင်မပြုဘဲနေကြ၏။ အိမ်ထောင်မပြု ဘဲနေနိုင်သူသည်အိမ်ထောင်မပြုစေနှင့်'' ဟု မိန့်တော်မူ၏။ လူအချို့တို့သည်ကလေးသူငယ်များအပေါ် လက်တော်တင်၍ကောင်းချီးပေးတော်မူစေရန် ကိုယ်တော်၏ထံသို့ခေါ်ခဲ့ကြ၏။- သို့ရာတွင်တပည့်တော်တို့သည်ထိုသူတို့ကို အပြစ်တင်ကြ၏။ သခင်ယေရှုက ``ကလေး သူငယ်တို့ငါ့ထံလာကြပါစေ။ မဆီးတား ကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထို သို့သောသူတို့၏နိုင်ငံဖြစ်၏'' ဟုမိန့်တော် မူ၏။ ကိုယ်တော်သည်ကလေးသူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ကောင်းချီးပေးတော်မူပြီး နောက်ထိုအရပ်မှထွက်ကြွတော်မူ၏။
မဿဲ 19 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 19:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို