YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 15:32-38

ရှင်မဿဲ 15:32-38 Judson Bible (JBMLE)

ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍၊ ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ အ​လျှင်း​မ​ရှိ။ လမ်း​ခ​ရီး၌ မော​မည်​ကို​စိုး​ရိမ်​သော​ကြောင့် အ​စာ​မ​စား​မီ သူ​တို့​ကို​လွှတ်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု မိန့်​တော်​မူ​လျှင်၊- တ​ပည့်​တော်​တို့​က ဤ​မျှ​လောက်​များ​သော​လူ​စု​တို့​သည် ဝ​စွာ​စား​လောက်​သော​အ​စာ​ကို ဤ​တော​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ရ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊- ယေ​ရှု​က၊ သင်​တို့​တွင် မုန့်​ဘယ်​နှစ်​လုံး​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ မုန့်​ခု​နစ်​လုံး​နှင့် အ​နည်း​ငယ်​မျှ​သော ငါး​ကောင်​က​လေး ရှိ​ပါ​သည်​ဟု ပြန်​လျှောက်​ကြ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြေ​ပေါ်​မှာ​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- မုန့်​ခု​နစ်​လုံး​နှင့် ငါး​တို့​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ မုန့်​နှင့်​ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ တ​ပည့်​တော်​တို့​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။- လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ၊ ကြွင်း​ရစ်​သော အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ ခု​နစ်​တောင်း​အ​ပြည့် ရ​ကြ၏။- စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ ယောက်ျား​လေး​ထောင် ရှိ​သ​တည်း။

ရှင်မဿဲ 15:32-38 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား​အ​ထံ တော်​သို့​ခေါ်​ဆောင်​တော်​မူ​ပြီး​လျှင် ``ဤ​လူ အ​ပေါင်း​တို့​သည်​ငါ​နှင့်​အ​တူ​သုံး​ရက်​တိုင်​တိုင် နေ​ခဲ့​ကြ​၏။ သူ​တို့​မှာ​အ​စား​အ​စာ​မ​ရှိ​ကြ တော့​သ​ဖြင့်​သူ​တို့​ကို​ငါ​သ​နား​၏။ လမ်း​တွင် အား​ပြတ်​မည်​စိုး​ရိမ်​ရ​သ​ဖြင့်​သူ​တို့​အား အ​စား​အ​စာ​မ​ကျွေး​ဘဲ​အိမ်​သို့​မ​ပြန်​စေ လို'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``ဤ​မျှ​ကြီး​မား​သည့်​လူ​ပ​ရိ သတ်​စား​လောက်​အောင်​အ​စား​အ​စာ​များ​ကို အ​ကျွန်ုပ်​တို့​သည်​ဤ​တော​ကန္တာ​ရ​တွင်​အ​ဘယ် သို့​ရ​နိုင်​ပါ​မည်​နည်း'' ဟု​လျှောက်​ကြ​လျှင်၊ သ​ခင်​ယေ​ရှု​က ``သင်​တို့​တွင်​မုန့်​မည်​မျှ​ရှိ သ​နည်း'' ဟု​မေး​တော်​မူ​သော်၊ ``မုန့်​ခု​နစ်​လုံး​နှင့်​ငါး​အ​နည်း​ငယ်​ရှိ​ပါ​သည်'' ဟု​ပြန်​လျှောက်​ကြ​၏။ ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​ကို​မြေ​ပေါ်​တွင် ထိုင်​ရန်​အ​မိန့်​ပေး​တော်​မူ​၏။- မုန့်​ခု​နစ်​လုံး​နှင့်​ငါး​ကို​ယူ​၍​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့် နှင့်​ငါး​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး​တော် မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​ပ​ရိ​သတ် တို့​အား​တစ်​ဆင့်​ပေး​ဝေ​ကြ​၏။- လူ​တို့​သည်​အ​ဝ​စား​ရ​ကြ​၏။ စား​ကြွင်း​စား ကျန်​များ​ကို​တောင်း​ကြီး​ခု​နစ်​တောင်း​အ​ပြည့် ကောက်​သိမ်း​ကြ​ရ​၏။- မုန့်​စား​သူ​ဦး​ရေ​ကား​အ​မျိုး​သ​မီး​နှင့်​က​လေး များ​မှ​အ​ပ​လေး​ထောင်​ခန့်​ရှိ​သ​တည်း။

ရှင်မဿဲ 15:32-38 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ယေရှု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍“ဤ​လူထု​ပရိသတ်​ကို ငါ​သနား​၏။ အကြောင်းမူကား သူ​တို့​သည် သုံး​ရက်​တိုင်တိုင် ငါ​နှင့်အတူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်သည့်​စား​စရာ​မျှ​မ​ရှိ။ သူ​တို့​ကို​ဘာမျှ​မ​ကျွေး​ဘဲ ပြန်သွား​စေရန် ငါ​အလို​မ​ရှိ။ ထိုသို့​ပြန်​စေ​လျှင် သူ​တို့​သည် လမ်း​ခရီး​၌ အားပြတ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​သည် ဤမျှလောက်​များပြား​သော​လူထု​ပရိသတ်​အား ဝလင်​စွာ​ကျွေး​နိုင်​လောက်​သည့် များစွာ​သော​မုန့်​ကို ဤ​တော​ကန္တာရ​၌ အဘယ်က​ရ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​တွင် မုန့်​မည်မျှ​ရှိ​သနည်း”​ဟု မေး​တော်မူ​ရာ သူ​တို့​က “မုန့်​ခုနစ်​လုံး​နှင့် ငါး​ကလေး​အနည်းငယ်​ရှိ​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​ကို မြေ​ပေါ်၌​ထိုင်​ကြ​ရန် မိန့်မှာ​တော်မူ​လျက် မုန့်​ခုနစ်​လုံး​နှင့် ငါး​တို့​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​ကာ တပည့်​တော်​တို့​အား ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား ဝေပေး​ကြ​၏။ လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ ခုနစ်​တောင်း​အပြည့်​ရ​ကြ​၏။ စား​သော​သူ​တို့​မှာ အမျိုးသမီး​များ​နှင့်​ကလေး​သူငယ်​များ​မ​ပါ​ဘဲ ယောက်ျား​လေးထောင်​ရှိ​၏။