သခင်ယေရှုသည်တပည့်တော်တို့အားအထံ တော်သို့ခေါ်ဆောင်တော်မူပြီးလျှင် ``ဤလူ အပေါင်းတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် နေခဲ့ကြ၏။ သူတို့မှာအစားအစာမရှိကြ တော့သဖြင့်သူတို့ကိုငါသနား၏။ လမ်းတွင် အားပြတ်မည်စိုးရိမ်ရသဖြင့်သူတို့အား အစားအစာမကျွေးဘဲအိမ်သို့မပြန်စေ လို'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့က ``ဤမျှကြီးမားသည့်လူပရိ သတ်စားလောက်အောင်အစားအစာများကို အကျွန်ုပ်တို့သည်ဤတောကန္တာရတွင်အဘယ် သို့ရနိုင်ပါမည်နည်း'' ဟုလျှောက်ကြလျှင်၊ သခင်ယေရှုက ``သင်တို့တွင်မုန့်မည်မျှရှိ သနည်း'' ဟုမေးတော်မူသော်၊ ``မုန့်ခုနစ်လုံးနှင့်ငါးအနည်းငယ်ရှိပါသည်'' ဟုပြန်လျှောက်ကြ၏။ ကိုယ်တော်သည်လူပရိသတ်ကိုမြေပေါ်တွင် ထိုင်ရန်အမိန့်ပေးတော်မူ၏။- မုန့်ခုနစ်လုံးနှင့်ငါးကိုယူ၍ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့် နှင့်ငါးကိုဖဲ့၍တပည့်တော်တို့အားပေးတော် မူ၏။ တပည့်တော်တို့သည်လည်းလူပရိသတ် တို့အားတစ်ဆင့်ပေးဝေကြ၏။- လူတို့သည်အဝစားရကြ၏။ စားကြွင်းစား ကျန်များကိုတောင်းကြီးခုနစ်တောင်းအပြည့် ကောက်သိမ်းကြရ၏။- မုန့်စားသူဦးရေကားအမျိုးသမီးနှင့်ကလေး များမှအပလေးထောင်ခန့်ရှိသတည်း။
မဿဲ 15 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 15:32-38
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ