YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 15:21-39

ရှင်မဿဲ 15:21-39 Judson Bible (JBMLE)

ယေ​ရှု​သည် ထို​အ​ရပ်​မှ​ထွက်၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​လျှင်၊- ခါ​နာန်​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​သည် ထို​နယ်​စပ်​မှ​ထွက်​လာ၍၊ ဒါ​ဝိဒ်၏​သား​တော်​ရှင်၊ ကျွန်​မ​ကို သ​နား​တော်​မူ​ပါ။ ကျွန်​မ၏​သ​မီး​သည် နတ်​ဆိုး​နှိပ်​စက်​ခြင်း​ကို ပြင်း​စွာ​ခံ​ရ​ပါ​သည်​ဟု ဟစ်​ကြော်​သော်​လည်း စ​ကား​တစ်​ခွန်း​မျှ ပြန်​တော်​မ​မူ။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ထို​မိန်း​မ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ငါ​တို့​နောက်​သို့ လိုက်၍ ဟစ်​ကြော်​လျက်​နေ​ပါ​သည်​ဟု တောင်း​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင် ပျောက်​လွင့်​သော သိုး​များ​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​ရှိ​ရာ​သို့ ငါ့​ကို​မ​စေ​လွှတ်​ဟု မိန့်​တော်​မူ၏။- ထို​မိန်း​မ​သည် ချဉ်း​ကပ်၍ ပျပ်​ဝပ်​လျက် ကျွန်​မ​ကို ကယ်​တော်​မူ​ပါ​သ​ခင်​ဟု လျှောက်​ပြန်​လျှင်၊- ကိုယ်​တော်​က၊ သား၏​အ​စာ​ကို​ယူ၍ ခွေး​အား​မ​ပေး​မ​ချ​အပ်​ဟု ပြန်​ပြော​တော်​မူ၏။- မိန်း​မ​က​လည်း မှန်​ပါ၏​သ​ခင်၊ ခွေး​မည်​သည်​ကား မိ​မိ​သ​ခင်၏ စား​ပွဲ​မှ​ကျ​သော စား​နုပ်​စား​ပေါက်​ကို စား​မြဲ​ထုံး​စံ​ရှိ​ပါ၏​ဟု လျှောက်​ပြန်​လျှင်၊- အို မိန်း​မ၊ သင်​သည် ယုံ​ကြည်​အား​ကြီး​လှ​ပြီ။ သင့်​အ​လို​ရှိ​သည်​အ​တိုင်း သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​မှ​စ၍ ထို​မိန်း​မ၏​သ​မီး​သည် ကျန်း​မာ​ပ​က​တိ​ဖြစ်​လေ၏။ ယေ​ရှု​သည် ထို​အ​ရပ်​မှ​ကြွ၍ ဂါ​လိ​လဲ​အိုင်​နား​သို့ ရောက်​တော်​မူ​လျှင် တောင်​ပေါ်​သို့​တက်၍ ထိုင်​တော်​မူ၏။- များ​စွာ​သော​လူ အ​ပေါင်း​တို့​သည် ခြေ​မ​စွမ်း၊ မျက်​စိ​ကန်း၊ စ​ကား​အ၊ အင်္ဂါ​ချို့​တဲ့​သော​သူ​မှ​စ၍ အ​ခြား​သော အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ​ကို ဆောင်​ခဲ့​လျက် အ​ထံ​တော်​သို့ ရောက်​လာ၍ ခြေ​တော်​ရင်း၌ ချ​ထား​ကြ၏။- အ​နာ​ရော​ဂါ​များ​ကို ငြိမ်း​စေ​တော်​မူ​သ​ဖြင့်၊ အ​သော​သူ​သည် စ​ကား​ပြော​သည်​ကို​လည်း​ကောင်း၊ ချို့​တဲ့​သော​သူ​သည် ပ​က​တိ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သော​သူ​သည် လှမ်း​သွား​သည်​ကို​လည်း​ကောင်း၊ မျက်​စိ​ကန်း​သော​သူ​သည် မြင်​ရ​သည်​ကို​လည်း​ကောင်း၊ လူ​အ​စု​အ​ဝေး​တို့​သည်​မြင်​လျှင် အံ့​ဩ​ခြင်း​သို့​ရောက်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။ ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍၊ ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ အ​လျှင်း​မ​ရှိ။ လမ်း​ခ​ရီး၌ မော​မည်​ကို​စိုး​ရိမ်​သော​ကြောင့် အ​စာ​မ​စား​မီ သူ​တို့​ကို​လွှတ်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု မိန့်​တော်​မူ​လျှင်၊- တ​ပည့်​တော်​တို့​က ဤ​မျှ​လောက်​များ​သော​လူ​စု​တို့​သည် ဝ​စွာ​စား​လောက်​သော​အ​စာ​ကို ဤ​တော​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ရ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊- ယေ​ရှု​က၊ သင်​တို့​တွင် မုန့်​ဘယ်​နှစ်​လုံး​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ မုန့်​ခု​နစ်​လုံး​နှင့် အ​နည်း​ငယ်​မျှ​သော ငါး​ကောင်​က​လေး ရှိ​ပါ​သည်​ဟု ပြန်​လျှောက်​ကြ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြေ​ပေါ်​မှာ​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- မုန့်​ခု​နစ်​လုံး​နှင့် ငါး​တို့​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ မုန့်​နှင့်​ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ တ​ပည့်​တော်​တို့​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။- လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ၊ ကြွင်း​ရစ်​သော အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ ခု​နစ်​တောင်း​အ​ပြည့် ရ​ကြ၏။- စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ ယောက်ျား​လေး​ထောင် ရှိ​သ​တည်း။- ထို​လူ​များ​တို့​ကို လွှတ်​တော်​မူ​ပြီး​မှ၊ လှေ​စီး၍ မာ​ဂ​ဒါ​လ​ကျေး​လက်​သို့ ရောက်​တော်​မူ၏။

ရှင်မဿဲ 15:21-39 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ ၍ တု​ရု​နှင့်​ဇိ​ဒုန်​နယ်​များ​သို့​ကြွ​တော်​မူ​၏။- ထို​ဒေသ​တွင်​နေ​ထိုင်​သူ​ခါ​နာန်​အ​မျိုး​သ​မီး တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​ပြီး​လျှင် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ ကျွန်​မ​ကို​သ​နား တော်​မူ​ပါ။ ကျွန်​မ​၏​သ​မီး​သည်​နတ်​မိစ္ဆာ​ပူး ဝင်​နေ​သ​ဖြင့်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ခံ​လျက် နေ​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား တော်​မ​မူ။ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​အ​နီး သို့​လာ​၍ ``ဤ​အ​မျိုး​သ​မီး​သည်​အ​ကျွန်ုပ်​တို့​၏ နောက်​က​လိုက်​၍​ဟစ်​အော်​နေ​ပါ​သည်။ သူ့​အား နှင်​ပစ်​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​သည်​ပျောက်​နေ​သော သိုး​စု​ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​များ​အ​တွက် သာ​လျှင်​လာ​ရောက်​ခြင်း​ဖြစ်​သည်'' ဟု​ဖြေ​ကြား တော်​မူ​၏။ ထို​အ​ခါ​၎င်း​အ​မျိုး​သ​မီး​သည်​ရှေ့​တော်​သို့​လာ ရောက်​ပျပ်​ဝပ်​လျက် ``အ​ရှင်၊ ကျွန်​မ​ကို​ကူ​မ​တော် မူ​ပါ'' ဟု​လျှောက်​၏။ ကိုယ်​တော်​က ``သား​သ​မီး​တို့​၏​အ​စား​အ​စာ​ကို ယူ​၍​ခွေး​တို့​အား​မ​ကျွေး​အပ်'' ဟု​မိန့်​တော်​မူ​လျှင်၊ အ​မျိုး​သ​မီး​က ``မှန်​ပါ​၏​အ​ရှင်၊ ခွေး​များ​ပင် လျှင်​မိ​မိ​တို့​သ​ခင်​၏​စား​ပွဲ​မှ​ကျ​သည့်​စား​ကြွင်း စား​ကျန်​များ​ကို​စား​ရ​ကြ​ပါ​၏'' ဟု​လျှောက်​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည်​အား​ကြီး​စွ​တ​ကား။ သင် ဆန္ဒ​ရှိ​သည်​အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို အ​ချိန်​မှ​စ​၍​ထို​အ​မျိုး​သ​မီး​၏​သ​မီး​သည် ရော​ဂါ​ပျောက်​လေ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍​ဂါ​လိ လဲ​အိုင်​ကမ်း​ခြေ​တစ်​လျှောက်​ကြွ​တော်​မူ​၏။ ထို နောက်​တောင်​ကုန်း​တစ်​ခု​ပေါ်​သို့​တက်​၍​ထိုင်​တော် မူ​၏။- လူ​ပ​ရိ​သတ်​များ​သည်​ခြေ​မ​စွမ်း​မ​သန်​သူ​များ၊ မျက်​မ​မြင်​များ၊ ကိုယ်​အင်္ဂါ​ချို့​တဲ့​သူ​များ​ဆွံ့​အ သူ​များ​နှင့်​အ​ခြား​ရော​ဂါ​သည်​များ​ကို​ခေါ်​ဆောင် ကာ​ကိုယ်​တော်​၏​ခြေ​တော်​ရင်း​တွင်​ချ​ထား​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​နာ​တို့​၏​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​တော်​မူ​၏။- ဆွံ့​အ​သူ​များ​စ​ကား​ပြော​ကြ​သည်​ကို​လည်း ကောင်း၊ ကိုယ်​အင်္ဂါ​ချို့​တဲ့​သူ​များ​အ​ကောင်း​ပ​က​တိ ဖြစ်​လာ​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သူ​များ လမ်း​လျှောက်​ကြ​သည်​ကို​လည်း​ကောင်း၊ မျက်​မ​မြင် များ​မျက်​စိ​မြင်​ကြ​သည်​ကို​လည်း​ကောင်း​တွေ့​မြင် ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​လွန်​စွာ အံ့​သြ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။ သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား​အ​ထံ တော်​သို့​ခေါ်​ဆောင်​တော်​မူ​ပြီး​လျှင် ``ဤ​လူ အ​ပေါင်း​တို့​သည်​ငါ​နှင့်​အ​တူ​သုံး​ရက်​တိုင်​တိုင် နေ​ခဲ့​ကြ​၏။ သူ​တို့​မှာ​အ​စား​အ​စာ​မ​ရှိ​ကြ တော့​သ​ဖြင့်​သူ​တို့​ကို​ငါ​သ​နား​၏။ လမ်း​တွင် အား​ပြတ်​မည်​စိုး​ရိမ်​ရ​သ​ဖြင့်​သူ​တို့​အား အ​စား​အ​စာ​မ​ကျွေး​ဘဲ​အိမ်​သို့​မ​ပြန်​စေ လို'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``ဤ​မျှ​ကြီး​မား​သည့်​လူ​ပ​ရိ သတ်​စား​လောက်​အောင်​အ​စား​အ​စာ​များ​ကို အ​ကျွန်ုပ်​တို့​သည်​ဤ​တော​ကန္တာ​ရ​တွင်​အ​ဘယ် သို့​ရ​နိုင်​ပါ​မည်​နည်း'' ဟု​လျှောက်​ကြ​လျှင်၊ သ​ခင်​ယေ​ရှု​က ``သင်​တို့​တွင်​မုန့်​မည်​မျှ​ရှိ သ​နည်း'' ဟု​မေး​တော်​မူ​သော်၊ ``မုန့်​ခု​နစ်​လုံး​နှင့်​ငါး​အ​နည်း​ငယ်​ရှိ​ပါ​သည်'' ဟု​ပြန်​လျှောက်​ကြ​၏။ ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​ကို​မြေ​ပေါ်​တွင် ထိုင်​ရန်​အ​မိန့်​ပေး​တော်​မူ​၏။- မုန့်​ခု​နစ်​လုံး​နှင့်​ငါး​ကို​ယူ​၍​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့် နှင့်​ငါး​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး​တော် မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​ပ​ရိ​သတ် တို့​အား​တစ်​ဆင့်​ပေး​ဝေ​ကြ​၏။- လူ​တို့​သည်​အ​ဝ​စား​ရ​ကြ​၏။ စား​ကြွင်း​စား ကျန်​များ​ကို​တောင်း​ကြီး​ခု​နစ်​တောင်း​အ​ပြည့် ကောက်​သိမ်း​ကြ​ရ​၏။- မုန့်​စား​သူ​ဦး​ရေ​ကား​အ​မျိုး​သ​မီး​နှင့်​က​လေး များ​မှ​အ​ပ​လေး​ထောင်​ခန့်​ရှိ​သ​တည်း။ ထို​နောက်​ကိုယ်​တော်​သည်​လူ​တို့​အား​မိ​မိ​ရပ်​ရွာ သို့​ပြန်​စေ​တော်​မူ​ပြီး​နောက် လှေ​စီး​၍​မာ​ဂ ဒါ​လ​နယ်​သို့​ကြွ​တော်​မူ​၏။

ရှင်မဿဲ 15:21-39 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယေရှု​သည် ထို​အရပ်​မှ ထွက်ခွာ​၍ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၏​နယ်မြေ​ဒေသ​များ​သို့ ကြွ​တော်မူ​၏။ ထိုအခါ ထို​အရပ်​ဒေသ​မှ ခါနာန်​အမျိုးသမီး​တစ်​ဦး​သည် ထွက်လာ​၍ “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော်၊ ကျွန်မ​ကို​သနား​တော်မူ​ပါ။ ကျွန်မ​၏​သမီး​သည် နတ်ဆိုး​ပူး​၍ ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏”​ဟု အော်ဟစ်​လျှောက်ထား​လေ​၏။ သို့သော် ကိုယ်တော်​သည် သူ့​ကို​တစ်ခွန်းမျှ ဖြေကြား​တော်​မ​မူ။ ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “ဤ​အမျိုးသမီး​သည် အကျွန်ုပ်​တို့​နောက်မှ​လိုက်လာ​ပြီး အော်ဟစ်​နေ​ပါ​သဖြင့် သူ့​ကို​ပြန်သွား​စေ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ငါ​သည် အစ္စရေး​အမျိုး​၏​ပျောက်ဆုံး​သော​သိုး​များ​ထံသို့​သာ စေလွှတ်​ခြင်း​ခံရ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ သို့သော် ထို​အမျိုးသမီး​သည်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “သခင်​ဘုရား၊ ကျွန်မ​ကို​ကူညီမစ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“သားသမီး​တို့​၏​အစာ​ကို​ယူ​၍ ခွေးကလေး​တို့​အား​ချ​ပေး​ခြင်း​သည် မ​ကောင်း​မ​သင့်​ပါ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​မူ “မှန်​ပါ​၏ သခင်​ဘုရား။ သို့ရာတွင် ခွေးကလေး​များ​ပင်လျှင် သူ​တို့​သခင်​၏​စားပွဲ​မှ​ကျ​သော စားနုပ်စားပေါက်​များ​ကို စား​ရ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။ ထိုအခါ ယေရှု​က“အို အမျိုးသမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် ကြီးမား​လှ​ပေ​၏။ သင်​အလို​ရှိ​သည့်​အတိုင်း သင်​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​ရာ သူ​၏​သမီး​သည် ထို​အချိန်​နာရီ​မှစ၍ ကျန်းမာ​လာ​လေ​၏။ ထို့နောက် ယေရှု​သည် ထို​နေရာ​မှ ထွက်ခွာ​လျက် ဂါလိလဲ​ပင်လယ်​ကမ်းနား​သို့ ကြွ​တော်မူ​ပြီးလျှင် တောင်​ပေါ်သို့​တက်​ကာ ထို​အရပ်​၌​ထိုင်​တော်မူ​၏။ ထိုအခါ များစွာ​သော​လူထု​ပရိသတ်​တို့​သည် ခြေ​မသန်စွမ်း​သူ​များ၊ မျက်မမြင်​များ၊ ကိုယ်အင်္ဂါ​ချို့တဲ့​သူ​များ၊ ဆွံ့အ​သူ​များ​နှင့် အခြား​ရောဂါသည်​အမြောက်အမြား​တို့​ကို မိမိ​တို့​နှင့်အတူ​ခေါ်ဆောင်​၍ အထံ​တော်​သို့​လာ​ကြ​ကာ ခြေ​တော်​ရင်း​၌​ချထား​ကြ​သဖြင့် ကိုယ်တော်​သည် သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​၏။ လူထု​ပရိသတ်​တို့​သည် ဆွံ့အ​သူ​များ စကား​ပြော​ကြ​သည်​ကို​လည်းကောင်း၊ ကိုယ်အင်္ဂါ​ချို့တဲ့​သူ​များ အကောင်း​ပကတိ​ဖြစ်​ကြ​သည်​ကို​လည်းကောင်း၊ ခြေ​မသန်စွမ်း​သူ​များ လမ်းလျှောက်​ကြ​သည်​ကို​လည်းကောင်း၊ မျက်မမြင်​များ မျက်စိ​မြင်​ကြ​သည်​ကို​လည်းကောင်း တွေ့မြင်​လျက် အံ့သြ​ကြ​ကာ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ထိုအခါ ယေရှု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍“ဤ​လူထု​ပရိသတ်​ကို ငါ​သနား​၏။ အကြောင်းမူကား သူ​တို့​သည် သုံး​ရက်​တိုင်တိုင် ငါ​နှင့်အတူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်သည့်​စား​စရာ​မျှ​မ​ရှိ။ သူ​တို့​ကို​ဘာမျှ​မ​ကျွေး​ဘဲ ပြန်သွား​စေရန် ငါ​အလို​မ​ရှိ။ ထိုသို့​ပြန်​စေ​လျှင် သူ​တို့​သည် လမ်း​ခရီး​၌ အားပြတ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​သည် ဤမျှလောက်​များပြား​သော​လူထု​ပရိသတ်​အား ဝလင်​စွာ​ကျွေး​နိုင်​လောက်​သည့် များစွာ​သော​မုန့်​ကို ဤ​တော​ကန္တာရ​၌ အဘယ်က​ရ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​တွင် မုန့်​မည်မျှ​ရှိ​သနည်း”​ဟု မေး​တော်မူ​ရာ သူ​တို့​က “မုန့်​ခုနစ်​လုံး​နှင့် ငါး​ကလေး​အနည်းငယ်​ရှိ​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​ကို မြေ​ပေါ်၌​ထိုင်​ကြ​ရန် မိန့်မှာ​တော်မူ​လျက် မုန့်​ခုနစ်​လုံး​နှင့် ငါး​တို့​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​ကာ တပည့်​တော်​တို့​အား ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား ဝေပေး​ကြ​၏။ လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ ခုနစ်​တောင်း​အပြည့်​ရ​ကြ​၏။ စား​သော​သူ​တို့​မှာ အမျိုးသမီး​များ​နှင့်​ကလေး​သူငယ်​များ​မ​ပါ​ဘဲ ယောက်ျား​လေးထောင်​ရှိ​၏။ ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​ပြီးလျှင် လှေ​ပေါ်သို့​တက်​၍ မာဂဒါလ​မြို့​နှင့်ဆိုင်သော​အရပ်​ဒေသ​သို့ ကြွ​တော်မူ​၏။