သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာတော်မူ ၍ တုရုနှင့်ဇိဒုန်နယ်များသို့ကြွတော်မူ၏။- ထိုဒေသတွင်နေထိုင်သူခါနာန်အမျိုးသမီး တစ်ယောက်သည်အထံတော်သို့လာပြီးလျှင် ``အရှင်၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနား တော်မူပါ။ ကျွန်မ၏သမီးသည်နတ်မိစ္ဆာပူး ဝင်နေသဖြင့်ပြင်းပြစွာဝေဒနာခံလျက် နေပါသည်'' ဟုလျှောက်၏။ သို့ရာတွင်ကိုယ်တော်သည်မည်သို့မျှဖြေကြား တော်မမူ။ တပည့်တော်တို့သည်ကိုယ်တော်၏အနီး သို့လာ၍ ``ဤအမျိုးသမီးသည်အကျွန်ုပ်တို့၏ နောက်ကလိုက်၍ဟစ်အော်နေပါသည်။ သူ့အား နှင်ပစ်တော်မူပါ'' ဟုလျှောက်ကြ၏။ ထိုအခါကိုယ်တော်က ``ငါသည်ပျောက်နေသော သိုးစုဖြစ်သည့်ဣသရေလအမျိုးသားများအတွက် သာလျှင်လာရောက်ခြင်းဖြစ်သည်'' ဟုဖြေကြား တော်မူ၏။ ထိုအခါ၎င်းအမျိုးသမီးသည်ရှေ့တော်သို့လာ ရောက်ပျပ်ဝပ်လျက် ``အရှင်၊ ကျွန်မကိုကူမတော် မူပါ'' ဟုလျှောက်၏။ ကိုယ်တော်က ``သားသမီးတို့၏အစားအစာကို ယူ၍ခွေးတို့အားမကျွေးအပ်'' ဟုမိန့်တော်မူလျှင်၊ အမျိုးသမီးက ``မှန်ပါ၏အရှင်၊ ခွေးများပင် လျှင်မိမိတို့သခင်၏စားပွဲမှကျသည့်စားကြွင်း စားကျန်များကိုစားရကြပါ၏'' ဟုလျှောက်၏။ ထိုအခါသခင်ယေရှုက ``အချင်းအမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည်အားကြီးစွတကား။ သင် ဆန္ဒရှိသည်အတိုင်းဖြစ်စေ'' ဟုမိန့်တော်မူ၏။ ထို အချိန်မှစ၍ထိုအမျိုးသမီး၏သမီးသည် ရောဂါပျောက်လေ၏။ သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာ၍ဂါလိ လဲအိုင်ကမ်းခြေတစ်လျှောက်ကြွတော်မူ၏။ ထို နောက်တောင်ကုန်းတစ်ခုပေါ်သို့တက်၍ထိုင်တော် မူ၏။- လူပရိသတ်များသည်ခြေမစွမ်းမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများဆွံ့အ သူများနှင့်အခြားရောဂါသည်များကိုခေါ်ဆောင် ကာကိုယ်တော်၏ခြေတော်ရင်းတွင်ချထားကြ၏။ ကိုယ်တော်သည်ထိုသူနာတို့၏ရောဂါများကို ပျောက်ကင်းစေတော်မူ၏။- ဆွံ့အသူများစကားပြောကြသည်ကိုလည်း ကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများအကောင်းပကတိ ဖြစ်လာသည်ကိုလည်းကောင်း၊ ခြေမစွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင် များမျက်စိမြင်ကြသည်ကိုလည်းကောင်းတွေ့မြင် ကြသောအခါ လူပရိသတ်တို့သည်လွန်စွာ အံ့သြ၍ ဣသရေလအမျိုးသားတို့ဘုရား သခင်၏ဘုန်းတော်ကိုချီးကူးကြကုန်၏။ သခင်ယေရှုသည်တပည့်တော်တို့အားအထံ တော်သို့ခေါ်ဆောင်တော်မူပြီးလျှင် ``ဤလူ အပေါင်းတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် နေခဲ့ကြ၏။ သူတို့မှာအစားအစာမရှိကြ တော့သဖြင့်သူတို့ကိုငါသနား၏။ လမ်းတွင် အားပြတ်မည်စိုးရိမ်ရသဖြင့်သူတို့အား အစားအစာမကျွေးဘဲအိမ်သို့မပြန်စေ လို'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့က ``ဤမျှကြီးမားသည့်လူပရိ သတ်စားလောက်အောင်အစားအစာများကို အကျွန်ုပ်တို့သည်ဤတောကန္တာရတွင်အဘယ် သို့ရနိုင်ပါမည်နည်း'' ဟုလျှောက်ကြလျှင်၊ သခင်ယေရှုက ``သင်တို့တွင်မုန့်မည်မျှရှိ သနည်း'' ဟုမေးတော်မူသော်၊ ``မုန့်ခုနစ်လုံးနှင့်ငါးအနည်းငယ်ရှိပါသည်'' ဟုပြန်လျှောက်ကြ၏။ ကိုယ်တော်သည်လူပရိသတ်ကိုမြေပေါ်တွင် ထိုင်ရန်အမိန့်ပေးတော်မူ၏။- မုန့်ခုနစ်လုံးနှင့်ငါးကိုယူ၍ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့် နှင့်ငါးကိုဖဲ့၍တပည့်တော်တို့အားပေးတော် မူ၏။ တပည့်တော်တို့သည်လည်းလူပရိသတ် တို့အားတစ်ဆင့်ပေးဝေကြ၏။- လူတို့သည်အဝစားရကြ၏။ စားကြွင်းစား ကျန်များကိုတောင်းကြီးခုနစ်တောင်းအပြည့် ကောက်သိမ်းကြရ၏။- မုန့်စားသူဦးရေကားအမျိုးသမီးနှင့်ကလေး များမှအပလေးထောင်ခန့်ရှိသတည်း။ ထိုနောက်ကိုယ်တော်သည်လူတို့အားမိမိရပ်ရွာ သို့ပြန်စေတော်မူပြီးနောက် လှေစီး၍မာဂ ဒါလနယ်သို့ကြွတော်မူ၏။
မဿဲ 15 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 15:21-39
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို