YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 15:1-28

ရှင်မဿဲ 15:1-28 Judson Bible (JBMLE)

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သား ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ချဉ်း​ကပ်​ပြီး​လျှင်၊- ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​ကို ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​ပါ​သ​နည်း။ သူ​တို့​သည် လက်​မ​ဆေး​ဘဲ အ​စာ​စား​ကြ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို အ​မှီ​ပြု၍ ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။- ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကား၊ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ အ​ကြင်​သူ​သည် မိ​ဘ​ကို နှုတ်​ဖြင့်​ပြစ်​မှား၏၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ဟု​လာ​သ​တည်း။- သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို၊ သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု ဖြစ်​စေ​ဟု​ဆို၏၊- ထို​သူ​သည် ကိုယ်​မိ​ဘ​ကို​ပင် ရို​သေ​စွာ​မ​ပြု​ရ​ဟု ဆို၏။ ထို​သို့​သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို ပယ်​ကြ၏။- လျှို့​ဝှက်​သော​သူ​တို့၊ ဟေ​ရှာ​ယ​သည် သင်​တို့​ကို​ရည်​မှတ်​လျက် ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍ နှုတ်​ခမ်း​နှင့် ငါ့​ကို ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။- လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို သွန်​သင်၍ နည်း​ဥ​ပ​ဒေ​သ​ပေး​လျက်​ပင် ငါ့​ကို အ​ချည်း​နှီး​ကိုး​ကွယ်​ကြ၏​ဟု- နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လျောက်​ပတ်​စွာ ဟော​ခဲ့​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​ကို အ​ထံ​တော်​သို့​ခေါ်၍၊ သင်​တို့ နား​ထောင် နား​လည်​ကြ​လော့။- ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​သည် မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သော​အ​ရာ​သည် ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ယ​ခု​မိန့်​တော်​မူ​သော စ​ကား​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​သော​အ​ခါ စေ​တ​နာ​စိတ်​ပျက်​ကြ​သည်​ကို သိ​တော်​မူ​သ​လော​ဟု လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ၏​ခ​မည်း​တော် စိုက်​တော်​မ​မူ​သော အ​ပင်​ရှိ​သ​မျှ​တို့​ကို နှုတ်​ရ​လိမ့်​မည်။- ထို​သူ​တို့​ကို ရှိ​ပါ​လေ​စေ။ သူ​တို့​သည် လူ​ကန်း​တို့​အား လမ်း​ပြ​သော လူ​ကန်း​ဖြစ်၏။ လူ​ကန်း​ချင်း တစ်​ဦး​ကို​တစ်​ဦး လမ်း​ပြ​လျှင်၊ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ပေ​တ​ရု​က​လည်း၊ ထို​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား ဖွင့်​ပြ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ သင်​တို့​သည် ယ​ခု​တိုင်​အောင် ပ​ညာ​မဲ့​လျက် နေ​သေး​သ​လော။- ခံ​တွင်း​သို့​ဝင်​သ​မျှ​သည် ဝမ်း​ထဲ​သို့​ဆင်း၍ ရေ​အိမ်​တွင် စွန့်​ပစ်​သည်​ကို နား​မ​လည်​ကြ​သေး​သ​လော။- ခံ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ နှ​လုံး​ထဲ​က ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။- မ​ကောင်း​သော ကြံ​စည်​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ မ​မှန်​သော သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​ရာ​တို့​သည် နှ​လုံး​ထဲ​က ထွက်​လာ၍၊- လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​ကြ၏။ လက်​မ​ဆေး​ဘဲ​လျက် အ​စာ​ကို​စား​ခြင်း​မူ​ကား၊ လူ​ကို​ညစ်​ညူး​စေ​သည်​မ​ဟုတ်​ဟု မိန့်​တော်​မူ၏။ ယေ​ရှု​သည် ထို​အ​ရပ်​မှ​ထွက်၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​လျှင်၊- ခါ​နာန်​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​သည် ထို​နယ်​စပ်​မှ​ထွက်​လာ၍၊ ဒါ​ဝိဒ်၏​သား​တော်​ရှင်၊ ကျွန်​မ​ကို သ​နား​တော်​မူ​ပါ။ ကျွန်​မ၏​သ​မီး​သည် နတ်​ဆိုး​နှိပ်​စက်​ခြင်း​ကို ပြင်း​စွာ​ခံ​ရ​ပါ​သည်​ဟု ဟစ်​ကြော်​သော်​လည်း စ​ကား​တစ်​ခွန်း​မျှ ပြန်​တော်​မ​မူ။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ထို​မိန်း​မ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ငါ​တို့​နောက်​သို့ လိုက်၍ ဟစ်​ကြော်​လျက်​နေ​ပါ​သည်​ဟု တောင်း​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင် ပျောက်​လွင့်​သော သိုး​များ​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​ရှိ​ရာ​သို့ ငါ့​ကို​မ​စေ​လွှတ်​ဟု မိန့်​တော်​မူ၏။- ထို​မိန်း​မ​သည် ချဉ်း​ကပ်၍ ပျပ်​ဝပ်​လျက် ကျွန်​မ​ကို ကယ်​တော်​မူ​ပါ​သ​ခင်​ဟု လျှောက်​ပြန်​လျှင်၊- ကိုယ်​တော်​က၊ သား၏​အ​စာ​ကို​ယူ၍ ခွေး​အား​မ​ပေး​မ​ချ​အပ်​ဟု ပြန်​ပြော​တော်​မူ၏။- မိန်း​မ​က​လည်း မှန်​ပါ၏​သ​ခင်၊ ခွေး​မည်​သည်​ကား မိ​မိ​သ​ခင်၏ စား​ပွဲ​မှ​ကျ​သော စား​နုပ်​စား​ပေါက်​ကို စား​မြဲ​ထုံး​စံ​ရှိ​ပါ၏​ဟု လျှောက်​ပြန်​လျှင်၊- အို မိန်း​မ၊ သင်​သည် ယုံ​ကြည်​အား​ကြီး​လှ​ပြီ။ သင့်​အ​လို​ရှိ​သည်​အ​တိုင်း သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​မှ​စ၍ ထို​မိန်း​မ၏​သ​မီး​သည် ကျန်း​မာ​ပ​က​တိ​ဖြစ်​လေ၏။

ရှင်မဿဲ 15:1-28 Common Language Bible (BCL)

ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​မှ​ဖာ​ရိ​ရှဲ​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​သ​ခင်​ယေ​ရှု​ထံ တော်​ကို​ရောက်​လာ​ကြ​၏။- သူ​တို့​က ``အ​ရှင်​၏​တ​ပည့်​များ​သည်​အ​ဘယ် ကြောင့်​ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ ကို​မ​လိုက်​နာ​ကြ​ပါ​သ​နည်း။ သူ​တို့​သည်​နည်း မှန်​အ​တိုင်း​လက်​မ​ဆေး​ဘဲ​စား​သောက်​ကြ​ပါ သည်​တ​ကား'' ဟု​လျှောက်​ထား​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​ပစ်​ပယ်​၍ မိ​မိ​တို့​၏ ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက်​နာ​ကြ​ပါ​သ​နည်း။- ဘု​ရား​သ​ခင်​က `သင်​၏​မိ​ဘ​ကို​ရို​သေ​မြတ်​နိုး လော့။ မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​သည်​သေ​ဒဏ်​ခံ​စေ' ဟု​ပ​ညတ်​တော်​မူ​ခဲ့​၏။- သို့​ရာ​တွင်​သင်​တို့​သွန်​သင်​ကြ​သည်​ကား​ဤ​သို့ တည်း။ အ​ကယ်​၍​လူ​တစ်​ယောက်​၌​အ​ဖ​သို့​မ​ဟုတ် အ​မိ​အား​ထောက်​ပံ့​ရန်​ပစ္စည်း​တစ်​စုံ​တစ်​ရာ​ရှိ သော်​လည်း ယင်း​ပစ္စည်း​ကို​ဘု​ရား​သ​ခင်​အ​ဖို့​လှူ ပြီး​ပစ္စည်း​ဖြစ်​သည်​ဟု​ဆို​လျှင်၊- ထို​သူ​သည်​မိ​ဘ​အား​ထောက်​ပံ့​ရန်​မ​လို​ဟု​သင် တို့​သွန်​သင်​ကြ​၏။ ဤ​သို့​လျှင်​သင်​တို့​သည်​မိ​မိ တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက်​နာ​ရန်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​ကို​ပစ်​ပယ်​ကြ​၏။- အ​ချင်း​ကြောင်​သူ​တော်​တို့၊ သင်​တို့​နှင့်​ပတ်​သက်​၍ ဘု​ရား​သ​ခင်​သည်​ဟေ​ရှာ​ယ​အား​ဖြင့်၊ `ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး​ကူး ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။ သူ​တို့​သည်​လူ့​ပ​ညတ်​များ​ကို​ဘု​ရား​ပေး​ပ​ညတ် သ​ဖွယ် သင်​ကြား​ပို့​ချ​ကြ​၏။ သို့​ဖြစ်​၍​ငါ့​အား​သူ​တို့​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​၏' ဟု​မိန့်​ကြား​ခဲ့​သည်​မှာ​မှန်​လှ​၏'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား​အ​ထံ​တော် သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့​စ​ကား​ကို​သင်​တို့ နာ​ယူ​သိ​မှတ်​ကြ​ကုန်​လော့။- လူ​ကို​ညစ်​ညမ်း​စေ​သည့်​အ​ရာ​ကား​ခံ​တွင်း​သို့ ဝင်​သည့်​အ​ရာ​မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သည့်​အ​ရာ သာ​လျှင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​သည်။ တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``အ​ရှင် မိန့်​တော်​မူ​သော​စ​ကား​ကြောင့်​ဖာ​ရိ​ရှဲ​တို့​စိတ်​ဆိုး ကြ​သည်​ကို​သိ​တော်​မူ​ပါ​သ​လော'' ဟု​လျှောက် ထား​ကြ​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​ဘုံ​ရှင်၊ ငါ​၏​အ​ဖ​စိုက်​ပျိုး တော်​မ​မူ​သည့်​အ​ပင်​ရှိ​သ​မျှ​သည်​နုတ်​ပစ်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။- သို့​ဖြစ်​၍​ထို​သူ​တို့​အ​တွက်​ကြောင့်​စိတ်​မ​ပူ​ကြ နှင့်၊ သူ​တို့​သည်​မျက်​မ​မြင်​များ​ကို​လမ်း​ပြ​သည့် သူ​ကန်း​များ​ဖြစ်​ကြ​၏။ မျက်​မ​မြင်​တစ်​ယောက် က​အ​ခြား​မျက်​မ​မြင်​တစ်​ယောက်​အား​လမ်း​ပြ ပါ​မူ​သူ​တို့​နှစ်​ယောက်​စ​လုံး​ပင်​တွင်း​ထဲ​သို့​ကျ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ပေ​တ​ရု​က ``ထို​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ်​တို့​အား ရှင်း​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ကိုယ်​တော်​က ``သင်​တို့​ပင်​လျှင်​ယ​ခု​တိုင်​အောင် အ​သိ​ဉာဏ်​ကင်း​မဲ့​လျက်​ရှိ​နေ​ကြ​သေး​သ​လော။- ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​ဟူ​သ​မျှ​သည်​အ​စာ အိမ်​သို့​ရောက်​ပြီး​နောက် အိမ်​သာ​တွင်း​သို့​သက်​ဆင်း သွား​သည်​ကို​သင်​တို့​မ​သိ​ပါ​သ​လော။- ခံ​တွင်း​က​ထွက်​သည့်​အ​ရာ​မူ​ကား​စိတ်​နှ​လုံး ထဲ​မှ​ထွက်​လာ​သော​အ​ရာ​ဖြစ်​၏။ ထို​အ​ရာ​မျိုး သည်​လူ​ကို​ညစ်​ညမ်း​စေ​၏။- လူ့​အ​သက်​ကို​သတ်​ခြင်း၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ မ​မှန်​သော​သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​စ​ရှိ​သည့်​ညစ်​ညမ်း​သည့်​အ​ကြံ အ​စည်​များ​သည်​စိတ်​နှ​လုံး​ထဲ​မှ​ထွက်​လာ​၏။- ဤ​အ​ရာ​များ​သည်​လူ​ကို​ညစ်​ညမ်း​စေ​ကြ​၏။ လက်​မ​ဆေး​ဘဲ​အ​စား​အ​စာ​စား​ခြင်း​က​လူ ကို​ညစ်​ညမ်း​စေ​သည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ ၍ တု​ရု​နှင့်​ဇိ​ဒုန်​နယ်​များ​သို့​ကြွ​တော်​မူ​၏။- ထို​ဒေသ​တွင်​နေ​ထိုင်​သူ​ခါ​နာန်​အ​မျိုး​သ​မီး တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​ပြီး​လျှင် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ ကျွန်​မ​ကို​သ​နား တော်​မူ​ပါ။ ကျွန်​မ​၏​သ​မီး​သည်​နတ်​မိစ္ဆာ​ပူး ဝင်​နေ​သ​ဖြင့်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ခံ​လျက် နေ​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား တော်​မ​မူ။ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​အ​နီး သို့​လာ​၍ ``ဤ​အ​မျိုး​သ​မီး​သည်​အ​ကျွန်ုပ်​တို့​၏ နောက်​က​လိုက်​၍​ဟစ်​အော်​နေ​ပါ​သည်။ သူ့​အား နှင်​ပစ်​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​သည်​ပျောက်​နေ​သော သိုး​စု​ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​များ​အ​တွက် သာ​လျှင်​လာ​ရောက်​ခြင်း​ဖြစ်​သည်'' ဟု​ဖြေ​ကြား တော်​မူ​၏။ ထို​အ​ခါ​၎င်း​အ​မျိုး​သ​မီး​သည်​ရှေ့​တော်​သို့​လာ ရောက်​ပျပ်​ဝပ်​လျက် ``အ​ရှင်၊ ကျွန်​မ​ကို​ကူ​မ​တော် မူ​ပါ'' ဟု​လျှောက်​၏။ ကိုယ်​တော်​က ``သား​သ​မီး​တို့​၏​အ​စား​အ​စာ​ကို ယူ​၍​ခွေး​တို့​အား​မ​ကျွေး​အပ်'' ဟု​မိန့်​တော်​မူ​လျှင်၊ အ​မျိုး​သ​မီး​က ``မှန်​ပါ​၏​အ​ရှင်၊ ခွေး​များ​ပင် လျှင်​မိ​မိ​တို့​သ​ခင်​၏​စား​ပွဲ​မှ​ကျ​သည့်​စား​ကြွင်း စား​ကျန်​များ​ကို​စား​ရ​ကြ​ပါ​၏'' ဟု​လျှောက်​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည်​အား​ကြီး​စွ​တ​ကား။ သင် ဆန္ဒ​ရှိ​သည်​အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို အ​ချိန်​မှ​စ​၍​ထို​အ​မျိုး​သ​မီး​၏​သ​မီး​သည် ရော​ဂါ​ပျောက်​လေ​၏။

ရှင်မဿဲ 15:1-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ​၌ ဂျေရုဆလင်​မြို့​မှ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​လာ​၍ “သင်​၏​တပည့်​များ​သည် အဘယ်ကြောင့် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​ကို ချိုးဖောက်​ကြ​သနည်း။ အကြောင်းမှာ သူ​တို့​သည် အစာ​စား​သည့်​အခါ သူ​တို့​၏​လက်​ကို​မ​ဆေး​ကြ​ပါ”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က“သင်​တို့​သည်​လည်း မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​အတွက် ဘုရားသခင်​၏​ပညတ်​တော်​ကို အဘယ်ကြောင့်​ချိုးဖောက်​ကြ​သနည်း။ အကြောင်းမူကား ဘုရားသခင်​က ‘မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့။ မိခင်​၊ သို့မဟုတ် ဖခင်​ကို ပုတ်ခတ်​ပြောဆို​သော​သူ​သည် သေဒဏ်​ကျခံ​စေ’ဟု မိန့်​တော်မူ​ခဲ့​၏။ သို့သော် သင်​တို့​က ‘မည်သူမဆို မိခင်​၊ သို့မဟုတ် ဖခင်​အား အကျွန်ုပ်​ထံမှ သင်​တို့​ခံစား​ထိုက်​သည့်​အရာ​သည် လှူဖွယ်ဝတ္ထု​ဖြစ်​ပါ​ပြီ​ဟု ဆို​လျှင် ထို​သူ​သည် မိမိ​၏​ဖခင်​ကို​ဂုဏ်ပြု​စရာ​မ​လို​ပေ’​ဟု ပြောဆို​ကြ​၏။ ဤသို့ဖြင့် သင်​တို့​သည် မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​အတွက် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ပယ်ဖျက်​ကြ​၏။ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​နှင့်​ပတ်သက်၍ ဟေရှာယ​က ‘ဤ​လူ​တို့​သည် သူ​တို့​၏​နှုတ်​ဖြင့် ငါ့​ကို​ရိုသေ​ကြ​၏။ သို့သော် သူ​တို့​၏​စိတ်နှလုံး​သည် ငါ​နှင့်​ဝေး​လှ​၏။ သူ​တို့​သည် လူ​တို့​၏​ပညတ်ချက်​များ​ကို ဩဝါဒ​များ​အဖြစ်​သွန်သင်​လျက် ငါ့​ကို အချည်းနှီး​ကိုးကွယ်​ကြ​၏’ဟူ၍ ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​မှာ မှန်​လှ​ပေ​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​ကို​ခေါ်​ပြီးလျှင်“နားထောင်​၍ နားလည်​ကြ​လော့။ ခံတွင်း​သို့​ဝင်​သော​အရာ​သည် လူ​ကို​ညစ်ညူး​စေ​သည်​မ​ဟုတ်။ ခံတွင်း​မှ​ထွက်လာ​သော​အရာ​က​သာ လူ​ကို​ညစ်ညူး​စေ​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​လျက် “ဖာရိရှဲ​တို့​သည် မိန့်​တော်မူ​သော​စကား​တို့​ကို​ကြား​၍ ဘဝင်မကျ​ဖြစ်​ကြ​သည်​ကို ကိုယ်တော်​သိ​တော်မူ​ပါ​သလော”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ကောင်းကင်ဘုံ​ရှင် ငါ့​ခမည်းတော်​မ​စိုက်​သော​အပင်​ရှိသမျှ​သည် အမြစ်​ပါ​မကျန် ဆွဲနုတ်​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​ရှိ​ကြ​ပါလေစေ။ သူ​တို့​သည် မျက်မမြင်​တို့​ကို​လမ်းပြ​သော မျက်မမြင်​များ​ဖြစ်​ကြ​၏။ မျက်မမြင်​သည် မျက်မမြင်​ကို​လမ်းပြ​လျှင် နှစ်ဦးစလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “ထို​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​လျှင် ကိုယ်တော်​က“သင်​တို့​သည်​လည်း ယခု​တိုင်အောင် အသိတရား​ကင်းမဲ့​လျက်​နေ​ကြ​သလော။ ခံတွင်း​သို့​ဝင်​သမျှ​သော​အရာ​သည် ဝမ်း​ထဲသို့​ရောက်​ပြီးလျှင် ရေအိမ်​ထဲ​စွန့်​ခြင်း​ခံရ​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ ခံတွင်း​မှ​ထွက်လာ​သည့်​အရာ​များ​မူကား စိတ်နှလုံး​ထဲမှ​ထွက်လာ​ပြီး လူ​ကို​ညစ်ညူး​စေ​၏။ အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ လူ​သတ်​ခြင်း၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​နှင့် စော်ကား​ပြောဆို​ခြင်း​တို့​သည် စိတ်နှလုံး​ထဲမှ​ထွက်လာ​ကြ​၏။ ဤ​အရာ​များ​သည် လူ​ကို​ညစ်ညူး​စေ​ကြ​၏။ သို့သော် မ​ဆေး​ထား​သော​လက်​ဖြင့် အစာ​စား​ခြင်း​သည် လူ​ကို​ညစ်ညူး​စေ​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ယေရှု​သည် ထို​အရပ်​မှ ထွက်ခွာ​၍ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၏​နယ်မြေ​ဒေသ​များ​သို့ ကြွ​တော်မူ​၏။ ထိုအခါ ထို​အရပ်​ဒေသ​မှ ခါနာန်​အမျိုးသမီး​တစ်​ဦး​သည် ထွက်လာ​၍ “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော်၊ ကျွန်မ​ကို​သနား​တော်မူ​ပါ။ ကျွန်မ​၏​သမီး​သည် နတ်ဆိုး​ပူး​၍ ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏”​ဟု အော်ဟစ်​လျှောက်ထား​လေ​၏။ သို့သော် ကိုယ်တော်​သည် သူ့​ကို​တစ်ခွန်းမျှ ဖြေကြား​တော်​မ​မူ။ ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “ဤ​အမျိုးသမီး​သည် အကျွန်ုပ်​တို့​နောက်မှ​လိုက်လာ​ပြီး အော်ဟစ်​နေ​ပါ​သဖြင့် သူ့​ကို​ပြန်သွား​စေ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ငါ​သည် အစ္စရေး​အမျိုး​၏​ပျောက်ဆုံး​သော​သိုး​များ​ထံသို့​သာ စေလွှတ်​ခြင်း​ခံရ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ သို့သော် ထို​အမျိုးသမီး​သည်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “သခင်​ဘုရား၊ ကျွန်မ​ကို​ကူညီမစ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“သားသမီး​တို့​၏​အစာ​ကို​ယူ​၍ ခွေးကလေး​တို့​အား​ချ​ပေး​ခြင်း​သည် မ​ကောင်း​မ​သင့်​ပါ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​က​မူ “မှန်​ပါ​၏ သခင်​ဘုရား။ သို့ရာတွင် ခွေးကလေး​များ​ပင်လျှင် သူ​တို့​သခင်​၏​စားပွဲ​မှ​ကျ​သော စားနုပ်စားပေါက်​များ​ကို စား​ရ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။ ထိုအခါ ယေရှု​က“အို အမျိုးသမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် ကြီးမား​လှ​ပေ​၏။ သင်​အလို​ရှိ​သည့်​အတိုင်း သင်​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​ရာ သူ​၏​သမီး​သည် ထို​အချိန်​နာရီ​မှစ၍ ကျန်းမာ​လာ​လေ​၏။