YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 13:54-58

ရှင်မဿဲ 13:54-58 Judson Bible (JBMLE)

ထို​နောက်​မှ မိ​မိ​မြို့​သို့​ရောက်​တော်​မူ၍ တ​ရား​ဇ​ရပ်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လေ၏။ မြို့​သား​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ​သ​ဖြင့်၊ ဤ​သူ​သည် ဤ​ပ​ညာ​ကို​လည်း​ကောင်း၊ ဤ​တန်​ခိုး​ကို​လည်း​ကောင်း အ​ဘယ်​မှာ​ရ​သ​နည်း။- သူ​သည် လက်​သ​မား​သား မ​ဟုတ်​လော။ သူ့​အ​မိ​ကား မာ​ရိ​အ​မည်​ရှိ​သည် မ​ဟုတ်​လော။ သူ့​ညီ​ကား၊ ယာ​ကုပ်၊ ယော​သေ၊ ရှိ​မုန်၊ ယု​ဒ​ဟု​ဆို​ကြ​သည် မ​ဟုတ်​လော။- သူ့​နှ​မ​များ​တို့​သည်​လည်း ငါ​တို့​နှင့် အ​နီး​အ​ပါး​နေ​ကြ​သည် မ​ဟုတ်​လော။ သို့​ဖြစ်​လျှင် ဤ​သူ​သည် ဤ​အ​ရာ​များ​ကို အ​ဘယ်​မှာ​ရ​သ​နည်း​ဟု ပြော​ဆို​လျက်၊- စေ​တ​နာ​စိတ် ပျက်​ကြ၏။ ယေ​ရှု​က​လည်း၊ ပ​ရော​ဖက်​သည် မိ​မိ​မြို့၊ မိ​မိ​အိမ်​မှ​တစ်​ပါး အ​ခြား​သော​အ​ရပ်၌ အ​သ​ရေ​ရှိ​သည်​ဟု ထို​သူ​တို့​အား မိန့်​တော်​မူ၏။- မြို့​သား​များ​တို့​သည် မ​ယုံ​ကြည်​ကြ​သော​ကြောင့်၊ ထို​အ​ရပ်၌ များ​စွာ​သော​တန်​ခိုး​ကို ပြ​တော်​မ​မူ။

ရှင်မဿဲ 13:54-58 Common Language Bible (BCL)

မိ​မိ​နေ​ရင်း​မြို့​သို့​ရောက်​ရှိ​တော်​မူ​၏။ တ​ရား​ဇ​ရပ် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​သော​အ​ခါ လူ​တို့​သည် လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``ဤ​သူ​သည်​ဤ​သို့​သော အ​သိ​ပ​ညာ​များ​ကို​အ​ဘယ်​က​ရ​ရှိ​ပါ​သ​နည်း။ ဤ​သို့​သော​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​အ​ဘယ် သို့​ပြ​နိုင်​ပါ​သ​နည်း။- သူ​သည်​လက်​သ​မား​ဆ​ရာ​၏​သား​မ​ဟုတ်​လော။ သူ့ အ​မိ​သည်​မာ​ရိ​နာ​မည်​ရှိ​သူ​မ​ဟုတ်​ပါ​လော။ သူ့ ညီ​များ​ကား​ယာ​ကုပ်၊ ယော​သပ်၊ ရှိ​မုန်​နှင့်​ယု​ဒ​တို့ မ​ဟုတ်​ပါ​လော။- သူ့​နှ​မ​များ​သည်​လည်း​ငါ​တို့​မြို့​သူ​များ​မ​ဟုတ်​ပါ လော။ သို့​ဖြစ်​ပါ​လျက်​သူ​သည်​ဤ​တန်​ခိုး​ကို​အ​ဘယ် က​ရ​ရှိ​ပါ​သ​နည်း'' ဟု​ဆို​ကာ၊- ကိုယ်​တော်​၏​အ​ပေါ်​၌​အ​ကြည်​ညို​ပျက်​ကြ​၏။ သ​ခင်​ယေ​ရှု​က​လည်း ``ပ​ရော​ဖက်​သည်​မိ​မိ​မြို့ နှင့်​မိ​မိ​အိမ်​မှ​လွဲ​၍​အ​ဘယ်​အ​ရပ်​တွင်​မ​ဆို ဂုဏ်​အ​သ​ရေ​ရှိ​၏'' ဟု​မိန့်​တော်​မူ​သည်။- ထို​မြို့​သား​တို့​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား မှု​မ​ရှိ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​အံ့​သြ​ဖွယ် သော​အ​မှု​တို့​ကို​ထို​မြို့​တွင်​ပြု​တော်​မ​မူ။

ရှင်မဿဲ 13:54-58 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် မိမိ​၏​နေရင်း​မြို့​သို့​ကြွ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​၌ လူ​တို့​ကို​သွန်သင်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် ဤ​ဉာဏ်ပညာ​နှင့်​တန်ခိုး​များ​ကို အဘယ်က​ရ​သနည်း။ ဤ​သူ​သည် လက်သမား​၏​သား​မ​ဟုတ်​လော။ သူ​၏​မိခင်​သည် မာရိ​ဖြစ်​ပြီး သူ​၏​ညီ​များ​သည် ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ သူ​၏​နှမ​အားလုံး​သည်​လည်း ငါ​တို့​နှင့်အတူ​ရှိ​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် ဤ​သူ​သည် ဤ​အရာ​အလုံးစုံ​တို့​ကို အဘယ်က​ရ​သနည်း”​ဟု ပြောဆို​ကြ​ကာ ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်​ကြ​၏။ ယေရှု​က​လည်း“ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့​နှင့် မိမိ​၏​အိမ်​တို့​မှတစ်ပါး မည်သည့်​အရပ်​၌​မျှ ဂုဏ်သရေ​မဲ့​သည်​ဟူ၍​မ​ရှိ”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​ကြောင့် ထို​နေရာ​၌ များစွာ​သော​တန်ခိုး​လက္ခဏာ​တို့​ကို ပြု​တော်​မ​မူ​ခဲ့​ပေ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။