YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 13:54-58

ရှင်မဿဲခရစ်ဝင် 13:54-58 MSBU

ထို့နောက် ကိုယ်တော်​သည် မိမိ​၏​နေရင်း​မြို့​သို့​ကြွ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​၌ လူ​တို့​ကို​သွန်သင်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် ဤ​ဉာဏ်ပညာ​နှင့်​တန်ခိုး​များ​ကို အဘယ်က​ရ​သနည်း။ ဤ​သူ​သည် လက်သမား​၏​သား​မ​ဟုတ်​လော။ သူ​၏​မိခင်​သည် မာရိ​ဖြစ်​ပြီး သူ​၏​ညီ​များ​သည် ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ သူ​၏​နှမ​အားလုံး​သည်​လည်း ငါ​တို့​နှင့်အတူ​ရှိ​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် ဤ​သူ​သည် ဤ​အရာ​အလုံးစုံ​တို့​ကို အဘယ်က​ရ​သနည်း”​ဟု ပြောဆို​ကြ​ကာ ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်​ကြ​၏။ ယေရှု​က​လည်း“ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့​နှင့် မိမိ​၏​အိမ်​တို့​မှတစ်ပါး မည်သည့်​အရပ်​၌​မျှ ဂုဏ်သရေ​မဲ့​သည်​ဟူ၍​မ​ရှိ”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​ကြောင့် ထို​နေရာ​၌ များစွာ​သော​တန်ခိုး​လက္ခဏာ​တို့​ကို ပြု​တော်​မ​မူ​ခဲ့​ပေ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။