YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 13:10-17

ရှင်မဿဲ 13:10-17 Judson Bible (JBMLE)

တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်​လျက်၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် ဥ​ပ​မာ​ကို​ဆောင်၍ ဤ​လူ​တို့​အား ဟော​ပြော​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်၏ နက်​နဲ​သော အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ထို​သူ​တို့​မူ​ကား အ​ခွင့်​မ​ရှိ​ကြ၊- အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ၌ ကြွယ်​ဝ​ပြည့်​စုံ​စေ​ခြင်း​ငှာ ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။- ထို​ကြောင့် သူ​တို့​သည် မြင်​လျက်​မ​မြင်၊ ကြား​လျက်​မ​ကြား၊ အ​နက်​ကို​လည်း နား​မ​လည်​သော​ကြောင့် ဥ​ပ​မာ​ကို​ဆောင်၍ ငါ​ဟော​ပြော၏။- ဟေ​ရှာ​ယ ဟော​ဖူး​သော အ​နာ​ဂတ်​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​သည် ကြား​လျက်​ပင် အ​နက်​ကို​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ဤ​လူ​မျိုး​သည် မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့ အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည် တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်​စိ​ကို​ပိတ်​လျက် ရှိ​ကြ၏ ဟူ​သော​စ​ကား​သည် ဤ​လူ​တို့၌ ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။- သင်​တို့​မျက်​စိ​သည် မြင်​သော​ကြောင့် မင်္ဂ​လာ​ရှိ၏။ သင်​တို့​နား​သည်​လည်း ကြား​သော​ကြောင့် မင်္ဂ​လာ​ရှိ၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့ မြင်​ရ​သော​အ​ရာ​တို့​ကို ပ​ရော​ဖက်​များ​နှင့် ဖြောင့်​မတ်​သော သူ​များ​တို့​သည် မြင်​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း မ​မြင်​ရ​ကြ။ သင်​တို့​ကြား​ရ​သော အ​ရာ​တို့​ကို ကြား​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း မ​ကြား​ရ​ကြ။

ရှင်မဿဲ 13:10-17 Common Language Bible (BCL)

တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​လူ​တို့​အား​ပုံ ဥ​ပ​မာ​ဖြင့်​သာ​လျှင်​မိန့်​တော်​မူ​ပါ​သ​နည်း'' ဟု မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​သည်​ကောင်း​ကင်​နိုင်​ငံ​တော် နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​နား​လည်​ခွင့်​ရ​ကြ​၏။ အ​ခြား​သူ​များ​မူ ကား​ထို​အ​ခွင့်​ကို​မ​ရ​ကြ။- ဘု​ရား​သ​ခင်​သည်​ရှိ​သူ​အား​ပို​လျှံ​သည့်​တိုင်​အောင် ထပ်​လောင်း​၍​ပေး​တော်​မူ​၍​မ​ရှိ​သူ​ထံ​မှ​ရှိ​သ​မျှ ကို​ပင်​ရုပ်​သိမ်း​တော်​မူ​လိမ့်​မည်။- သူ​တို့​အား​ပုံ​ဥ​ပ​မာ​ဆောင်​၍​ငါ​ပြော​ရ​သည့် အ​ကြောင်း​မှာ​သူ​တို့​သည်​ကြည့်​သော်​လည်း​မ​မြင်၊ နား​ထောင်​သော်​လည်း​မ​ကြား​သို့​မ​ဟုတ်​နား​မ လည်​သော​ကြောင့်​ဖြစ်​၏။ ထို့​ကြောင့်၊ `ဤ​သူ​တို့​သည်​ကြား​လျက်​နှင့်​နား​လည်​လိမ့်​မည် မ​ဟုတ်။ မြင်​လျက်​နှင့်​သိ​လိမ့်​မည်​မ​ဟုတ်။ ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက် သူ​တို့​၏​နား​များ​သည်​လေး​လျက်​မျက်​စိ​များ​သည် ပိတ်​လျက်​ရှိ​၏။ အ​ကယ်​၍​သာ​သူ​တို့​၏​မျက်​စိ​များ​သည်​မြင်​နိုင်​၍ နား​များ​သည်​ကြား​နိုင်​လျက်၊ စိတ်​နှ​လုံး​သည်​လည်း​သိ​နား​လည်​နိုင်​မည်​ဆို​ပါ​မူ သူ​တို့​သည်​ငါ့​ကို​ခို​လှုံ​ကိုး​စား​လာ​ကြ​မည်​ဖြစ်​၍၊ ငါ​သည်​လည်း​သူ​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပေ​အံ့' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဟေ​ရှာ​ယ ဟော​ချက်​သည်​မှန်​ပေ​၏။ ``သင်​တို့​၏​မျက်​စိ​များ​သည်​မြင်​၍​နား​များ​သည် လည်း​ကြား​သော​ကြောင့် သင်​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင် တို့​မြင်​ရ​သည့်​အ​ရာ​များ​ကို ပ​ရော​ဖက်​နှင့် သူ​တော်​ကောင်း​အ​မြောက်​အ​မြား​ပင်​မြင်​လို​ကြ သော်​လည်း​မ​မြင်​ရ​ကြ​။ သင်​တို့​ကြား​ရ​သည့် အ​ရာ​များ​ကို သူ​တို့​ကြား​လို​ကြ​သော်​လည်း မ​ကြား​ရ​ကြ။

ရှင်မဿဲ 13:10-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် တပည့်​တော်​တို့​သည် ချဉ်းကပ်​လာ​၍ “ကိုယ်တော်​သည် အဘယ်ကြောင့် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့် မြွက်ဆို​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​အား ကောင်းကင်​နိုင်ငံ​တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို သိ​ခွင့်​ပေး​ထား​သော်လည်း သူ​တို့​ကို​မူကား သိ​ခွင့်​မ​ပေး​ထား​သောကြောင့်​ဖြစ်​၏။ အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​သဖြင့် သူ​သည် ကြွယ်ဝ​ပြည့်စုံ​လိမ့်မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ ဤ​အကြောင်း​ကြောင့် ငါ​သည် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့်​မြွက်ဆို​ရ​၏။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​သည် မြင်​လျက်​ပင်​မ​မြင်၊ ကြား​လျက်​ပင်​မ​ကြား၊ နား​လည်း​မ​လည်​ကြ​သောကြောင့်​ဖြစ်​၏။ ဤသို့ဖြင့် ဟေရှာယ​၏​ပရောဖက်ပြု​ဟောပြော​ချက်​သည် သူ​တို့​၌ ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။ ဟောပြော​ချက်​ကား ‘သင်​တို့​သည် ကြား​လျက်​ပင် လုံးဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်။ မြင်​လျက်​ပင် လုံးဝ​သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်။ အကြောင်းမူကား ဤ​လူ​တို့​၏​စိတ်နှလုံး​သည် ထုံထိုင်း​လျက်​၊ နား​သည်​လည်း လေး​လျက်​၊ မျက်စိ​သည်​လည်း ပိတ်​လျက်​ရှိ​ကြ​၏။ သို့မဟုတ်​လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက် ၊ နား​ဖြင့်​ကြား​လျက်​၊စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် ငါ​သည် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည်’ဟူ၍​ဖြစ်​၏။ သို့သော် သင်​တို့​၏​မျက်စိ​သည်​မြင်​၍ သင်​တို့​၏​နား​သည်​လည်း ကြား​သောကြောင့် မင်္ဂလာရှိ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား များစွာ​သော​ပရောဖက်​တို့​နှင့် ဖြောင့်မတ်​သော​သူ​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အရာ​တို့​ကို​မြင်​ရ​ရန်အလွန်​အလို​ရှိ​သော်လည်း မ​မြင်​ခဲ့​ရ​ကြ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အရာ​တို့​ကို​ကြား​ရ​ရန် အလွန်​အလို​ရှိ​သော်လည်းမ​ကြား​ခဲ့​ရ​ကြ​ပေ။